Main menu
HOT NEWS
adv
ကန်သမ္မတ ထရန့်နှင့် တူရကီ ဝန်ကြီးချုပ်တို့ အိမ်ဖြူတော်၌ တွေ့ဆုံစဉ်  ဝါရှင်တန်ရှိ တူရကီသံရုံးရှေ့ ဆန္ဒပြ၊ ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရ

ကန်သမ္မတ ထရန့်နှင့် တူရကီ ဝန်ကြီးချုပ်တို့ အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ဝါရှင်တန်ရှိ တူရကီသံရုံးရှေ့ ဆန္ဒပြ၊ ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရ

ဝါရှင်တန်၊ မေ ၁၇

အမေရိကန်သမ္မတ ထရန့်နှင့် တူရကီဝန်ကြီးချုပ်တို့ အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ဆီးရီးယား၊ အီရတ်တို့ နှင့်ပတ်သက်သည့် တူရကီအစိုးရ၏ပေါ်လစီကို မကျေနပ်သောလူစုက အမေရိကန် ဝါရှင်တန်မြို့တော်ရှိ တူရကီသံရုံးရှေ့တွင် မေ ၁၇ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့သဖြင့် ရဲတပ် ဖွဲ့ကနှိမ်နင်းခဲ့ရာ ဆန္ဒပြသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း CNN သတင်း ကပြောသည်။


ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းသောကြောင့် ဆန္ဒပြသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြပွဲကို အချိန်တိုအတွင်း လူစုခွဲနိုင်ခဲ့သည်။ တူရကီသံရုံးအရှေ့၌ ဆန္ဒပြပွဲကျင်းပနေစဉ် တူရကီဝန် ကီးချုပ် အာဒိုဂန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ အိမ်ဖြူ တော်၌တွေ့ဆုံခဲ့သည်။


အမေရိကန်သမ္မတထရန့်က တူရကီဝန်ကြီးချုပ်ကို ကြိုဆိုတွေ့ဆုံခဲ့ပြီး တူရကီတပ်ဖွဲ့များနှင့် အမေရိကန်ထောက်ပံ့သော ကာ့ဒ်သူပုန်အဖွဲ့များအရေး ဆွေးနွေးခဲ့သည်။ တူရကီနိုင်ငံသည် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်။ ဆီးရီးယားရှိ IS တပ်ဖွဲ့များကိုတိုက်ခိုက် ရန် နေတိုးတပ်ဖွဲ့ဝင်များကို တူရကီ နိုင်ငံ၌ အခြေစိုက်ခွင့်ပြုခဲ့ပြီး အစွန်း ရောက်အကြမ်းဖက်တိုက်ပွဲတွင် တူရကီ၊ အီးယူနှင့်အမေရိကန်တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ခေါင်း ဆောင်နှစ်ဦးတွေ့ဆုံစဉ်ဆွေးနွေးခဲ့ ကြောင်းသိရသည်။ တူရကီသံရုံးရှေ့ ဆန္ဒပြပွဲတွင် ထိခိုက်ဒဏ်ရာရရှိသော ဆန္ဒ ပြသူအချို့ကို ဂျော့ဝါရှင်တန်ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သတင်းဌာနအချို့ကလွှင့်တင်သော ရုပ်သံဖိုင်တွင် ဒဏ်ရာရသူအများ အပြားတွေ့ရှိရသော်လည်း ဘယ်နှဦးဒဏ်ရာရရှိသည်ကို အတိအကျမသိရှိရသေးကြောင်း CNN သတင်းက ပြောသည်။

Ref : CNN

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616