Main menu
HOT NEWS
adv
ထိုင်း ငါးဖမ်းလုပ်ငန်းများတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်း မရှိစေရေး  အစိုးရနှင့် NGO များ ပူးပေါင်းဆောင်ရွက်ရန် အလုပ်သမားဝန်ကြီး ဆို

ထိုင်း ငါးဖမ်းလုပ်ငန်းများတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်း မရှိစေရေး အစိုးရနှင့် NGO များ ပူးပေါင်းဆောင်ရွက်ရန် အလုပ်သမားဝန်ကြီး ဆို

ဘန်ကောက်၊ မေ ၁၇

ထိုင်းငါးဖမ်းလုပ်ငန်းများတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို အဓမ္မခိုင်းစေခြင်းနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်း တို့ဖြစ်ပွားနေသဖြင့် ဥရောပသမဂ္ဂက သတိပေးခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တို့က တရားမဝင်ငါးဖမ်းခြင်းနှင့် အလုပ်သမားအခွင့်အရေးချိုး ဖောက်ခြင်းတို့ကိုတားဆီးရန် အလုပ်သမား၊ အလုပ်ရှင်၊ လူမှုအဖွဲ့အစည်း၊NGO အဖွဲ့နှင့် အစိုးရအာဏာပိုင်တို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း အလုပ်သမားဝန်ကြီးက မေ ၁၇ ရက် ဘန်ကောက်ပို့စ်သတင်းကိုပြောသည်။


ထိုင်းငါးဖမ်းလုပ်ငန်းတို့တွင် အလုပ်သမားအခွင့်အရေးချိုးဖောက် ခြင်းနှင့် တရားမဝင်ငါးဖမ်းခြင်းတို့ မရှိစေရန် အာဏာပိုင်တို့က အတင်းအကျပ်ဆောင်ရွက်ခဲ့သော်လည်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေကြောင်း အလုပ်သမားအခွင့်အရေးမြှင့်တင်ရေး ကွန်ရက်ဖောင်ဒေးရှင်း(LPN)မှ Sompong Sakaew ကပြောသည်။ ဆိပ်ကမ်းအဝင်အထွက်ထိန်း ချုပ်ရေးစင်တာ(PIPO)များတွင် အာဏာပိုင်များက အလုပ်သမားသက်သေခံအထောက်အထားနှင့် လုပ်ငန်းခွင်အခြေအနေကို အာဏာပိုင်များကစစ်ဆေးရာတွင် အလုပ်ရှင် သို့မဟုတ် တာဝန်ခံသူတစ်ဦးဦးအရှေ့ တွင်စစ်ဆေးခဲ့သဖြင့် သတင်းအချက် အလက်အမှန် မရရှိနိုင်ကြောင်း၊ အာဏာပိုင်များအနေနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကိုကိုင်တွယ်ရန် အခြားလမ်းကြောင်းမှ ဆောင်ရွက်သင့်ကြောင်း ၎င်းကပြောသည်။


အလုပ်သမားအခွင့်အရေးအ ပြည့်အဝကာကွယ်ပေးနိုင်သောဥပ ဒေများပြဋ္ဌာန်း၍ ကာကွယ်ပေးရန်လိုအပ်ကြောင်း၊ အာဏာပိုင်များအနေနှင့် တရားမဝင်ငါးဖမ်းသင်္ဘောများကိုအာရုံစိုက်၍ စစ်ဆေးသင့်ကြောင်း၊ တရားမဝင်အလုပ်သမားများနှင့် လူ မှောင်ခိုကူးခြင်းတို့ကို အဓိကထား၍ တိုက်ဖျက်ရန်လိုအပ်ကြောင်း၊ အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO) သဘောတူညီချက်အတိုင်း လုပ်ငန်းခွင်လုံခြုံရေးနှင့် ကျန်းမာရေးစံချိန် စံညွှန်းနှင့်အညီ ကြီးကြပ်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ၎င်းကထောက် ပြပြောဆိုခဲ့သည်။


Ref : Bangkok Post

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191