Main menu
HOT NEWS
adv
ပြန်လည် လွတ်မြောက်လာသော အမေရိကန်နိုင်ငံသားတွင် ကိုမာရောဂါ ရှိနေခြင်းအပေါ် ဖြေရှင်းချက်ပေးရန် ကုလ ကိုယ်စားလှယ် တောင်းဆို

ပြန်လည် လွတ်မြောက်လာသော အမေရိကန်နိုင်ငံသားတွင် ကိုမာရောဂါ ရှိနေခြင်းအပေါ် ဖြေရှင်းချက်ပေးရန် ကုလ ကိုယ်စားလှယ် တောင်းဆို

ဂျီနီဗာ

မြောက်ကိုရီးယားတို့၏ထိန်းသိမ်းမှုမှ ပြန်လည်လွတ်မြောက်လာသော အမေရိကန်ကျောင်းသားတွင် ဘာ့ကြောင့် ကိုမာဖြစ်ပွားနေရသည်ကို ဖြေရှင်းပေးရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး စုံစမ်းစစ် ဆေးသူတစ်ဦးက မြောက်ကိုရီးယားအစိုးရကို တောင်းဆိုလိုက်သည်။  ပြန်လည်လွတ်မြောက် လာသော အသက် ၂၂ နှစ်အရွယ် အမေရိကန် ကျောင်းသား အော့တိုဝမ်ဘီယာ၏ ဦးနှောက်သည် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရထားသည်ဟု ¤င်း၏ ဆရာဝန်ဖြစ် သူကပြောသည်။


ဝမ်ဘီယာကို မြောက်ကိုရီးယား အာဏာပိုင်များက ပြီးခဲ့ သည့် ၂ဝ၁၆ ခုနှစ် မတ်လက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကာ ထိုသို့ ပြစ်ဒဏ်ချမှတ်ပြီး မကြာခင် ၎င်းသည်ကိုမာရောဂါ ခံစားနေရသည်ဟု မိသားစုဝင်များက ပြောသည်။ ဝမ်ဘီယာ ပြန်လွတ်လာ ခြင်းကို ကြိုဆိုကြောင်း၊ သို့သော် သူ၏ ကျန်းမာရေး အခြေအနေအ ပေါ် စိုးရိမ်မိကြောင်းနှင့် ဝမ်ဘီယာကိုမာရောဂါ ရရှိခြင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယား အာဏာပိုင်များအနေဖြင့် ဖြေရှင်းချက်ပေးရန် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြောက် ကိုရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အ ရေးအထူးကိုယ်စားလှယ် သော မတ်စ်အိုဂျေကွင်တာနာက ပြောသည်။  စင်စင်နတီတွင် နေထိုင် သော ဝမ်ဘီယာသည် မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ ဝါဒဖြန့်ချိ ကြွေးကြော်သံတစ်ခုကို ရည်ညွှန်း သော အရာတစ်ခုကို ခိုးယူရန် ကြိုးပမ်းမှုဖြင့် အဖမ်းခံခဲ့ရသူ ဖြစ်သည်။

Ref: BBC

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616