Main menu
HOT NEWS
adv
သေနတ်ပစ်ခံရသော အောက်လွှတ်တော် အမတ် သက်သာလာ

သေနတ်ပစ်ခံရသော အောက်လွှတ်တော် အမတ် သက်သာလာ

ဝါရှင်တန်၊ ဇွန် ၁၈

အမေရိကန်ရီပတ်ဘလီကန်အမတ် စတိ(ဗ်)စကာလိစ်သည် ဇွန် ၁၄ ရက်က သမ္မတဒေါ်နယ်ထရန့်အပေါ် မကျေနပ်သူတစ်ဦး၏သေ နတ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရပြီး ဆေးရုံတင်ကုသခဲ့ရာ ယခုအခါ ပြန်လည် သက်သာလာပြီဟူ၍ ဇွန် ၁၈ ရက်သတင်းများအရ သိရသည်။


¤င်းတို့သည် ကွန်ဂရက်အလှူ ပွဲဘေ့စ်ဘောပြိုင်ပွဲကျင်းပရန် ဝါရှင်တန်၌ ၎င်းတို့သုံးဦးပြင်ဆင်နေစဉ် သေနတ်ပစ်ခံရခြင်းဖြစ်ပြီး လူဝီစီးယားနားပြည်နယ်ဇာတိ အသက် (၅၁)နှစ်အရွယ် စတိ(ဗ်)သည် ဘယ်ဘက်တင်ပါးဆုံ၌ သေနတ်ထိမှန်ခံခဲ့ရသည်။ စတိ(ဗ်)သည် အောက်လွှတ်တော်တွင် တတိယထိပ်ပိုင်း နေရာရှိ ထင်ရှားသောအမတ်တစ်ဦး ဖြစ်သည်။ ၎င်းအား လုံးဝပျောက်ကင်းရန် တစ်ကြိမ်ထပ်မံခွဲစိတ်ရန် လိုအပ်သေးသည်ဟု ဆေးရုံမှတာ ဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်သည်။ ''သက်သာလာပါပြီ။ စကား တွေလည်းပြောလာနိုင်ပါပြီ''ဟု ၎င်းကပြောဆိုလိုက်သည်။ သေနတ်သမားဖြစ်သူ အသက်(၆၆)နှစ်အရွယ် ဂျိမ်းစ်တီဟော့ကင်ဆန်အား လုံခြုံ ရေးတာဝန်ကျများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။


Ref: AFP

#democracytoday

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191