Main menu
HOT NEWS
adv
ရင်ဆိုင်တိုက်မိ သင်္ဘောနှစ်စင်းမှ ပျောက်ဆုံး အမေရိကန် စစ်သားခုနစ်ဦး အလောင်းများ ဆယ်ယူရရှိ

ရင်ဆိုင်တိုက်မိ သင်္ဘောနှစ်စင်းမှ ပျောက်ဆုံး အမေရိကန် စစ်သားခုနစ်ဦး အလောင်းများ ဆယ်ယူရရှိ

ယိုကိုဆူခါ၊ ဇွန် ၁၈

ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ်ဖစ်(ဇ်)ဂျယ်ရယ်နှင့် ဖိလစ်ပိုင်ကုန်သေတ္တာတင်သင်္ဘော ACX Crysta တို့ ဇွန် ၁၇ ရက်က ရင်ဆိုင်တိုက်မိကြရာမှ ပျောက် ဆုံးအမေရိကန်သင်္ဘောသားခုနစ်ဦးတို့၏ ရုပ်အလောင်းများကို ယင်းအနီးအနား၌ပင်ဆယ်ယူရရှိခဲ့သည်ဟု အမှတ် (၇) အမေရိကန်ရေတပ်က ဇွန် ၁၈ ရက်တွင် သတင်းထုတ်ပြန်ပြောကြားလိုက်သည်။ သင်္ဘောချင်း တိုက်မိသောကြောင့် အမေရိကန်ဖျက်သင်္ဘောတွင် နေရာအတော်များများပျက်စီးခဲ့ရပြီး ရေဝင်ခဲ့သည်။


''အမေရိကန်-ဂျပန်ပူးပေါင်းကယ်ဆယ်ရှာဖွေ ရေးအဖွဲ့တွေက သင်္ဘောချင်းတိုက်မိရာနေရာတစ် ဝိုက်ကိုဗဟိုပြုပြီး ၂၄ နာရီအတွင်းရှာဖွေရာမှာ ပြန်လည်တွေ့ရှိဆယ်ယူရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါယိုကို ဆူခါရေတပ်ဆေးရုံကို ပို့ဆောင်လိုက်ပါပြီ''ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ ဂျပန်အင်န်အိပ်ခ်ျကေအသံလွှင့်ဌာနကလည်း ပျောက်ဆုံးအမေရိကန်စစ်သားများ၏ ရုပ်အလောင်းများကို သင်္ဘောတွင်းကပင် ပြန်လည်တွေ့ရှိဆယ်ယူ ရရှိခဲ့သည်ဟူ၍ သတင်းထုတ်လွှင့်လိုက်သည်။


၂၂၂ မီတာရှည်သော ဖိလစ်ပိုင်ကုန်သင်္ဘောတွင် ဦးပိုင်း၌သာအနည်းငယ်ခြစ်ရာများတွေ့ရှိခဲ့ရသည်။ သင်္ဘောသား ၂ဝ စလုံးထိခိုက်မှုများမရှိခဲ့ချေ။ အမေရိကန်ဖျက်သင်္ဘောသည် ၁၅၄ မီတာ(ပေ ၅ဝဝ)ရှည်လျားပြီး ဂျပန်နိုင်ငံယိုကိုဟားမားမြို့အနီး တိုကျိုကွန်တိန်နာစခန်းသို့ဝင်ရာ အသွားအလာရှုပ် ထွေးသောရေကြောင်း၌ နှစ်စီးတိုက်မိခြင်းဖြစ်သည်။ သင်္ဘောနှစ်စင်းတိုက်မိရခြင်းအကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲဖြစ်သည်။

 

Ref;AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191