Main menu
HOT NEWS
adv
မက္ကဆီကို ကေဘို့စ်မြို့ ၌ သေနတ် ပစ်ခံရ၍ လူသုံးဦးသေဆုံး

မက္ကဆီကို ကေဘို့စ်မြို့ ၌ သေနတ် ပစ်ခံရ၍ လူသုံးဦးသေဆုံး

လော့စ်ကေဘို့စ်၊ သြဂုတ် ၇

မက္ကဆီကိုနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်လေ့ရှိသော လော့စ်ကေဘို့စ်၏ လူစည်ကားသော သောင်ပြင်၌ သြဂုတ် ၆ ရက်က လူသုံးဦး သေနတ်ပစ်ခံရသည်ဟု သြဂုတ် ၇ ရက် သတင်းများအရ သိရှိရသည်။ ယင်းမြို့ကလေးသည် မကြာသေးမီ ကာလများအထိ ရာဇဝတ်မှုခင်းများ ထူပြောခဲ့ရာ ဒေသဖြစ်သည်။ ယခု နှစ်အတွင်း ယင်းဒေသ၌ လူ ၂၃ဝ ကျော် သေဆုံးခဲ့ရသည်။ သေနတ် ဖြင့် အပစ်ခံရသူသုံးဦးတွင် နှစ်ဦးသည် ဒဏ်ရာပြင်းထန်၍ ဆေးရုံသို့ တင်ပို့ကုသထားရသည်။ သေနတ် ပစ်မှုကြောင့် ယင်းနေရာသို့ ရောက်ရှိနေသော ကမ္ဘာလှည့်ခရီးသည်များ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။


မက္ကဆီကိုနိုင်ငံတွင် ၂ဝဝ၆ ခု နှစ်မှစတင်ကာ လူ ၁၈၆ဝဝဝ ကျော် အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့ရပြီး လူ ၃ဝဝဝဝ ခန့် ပျောက်ဆုံး နေရသည်။ နိုင်ငံတွင်း၌ မူးယစ်ဂိုဏ်းများပေါများကာ ရာဇဝတ်မှုခင်းများ ထူပြောခဲ့ရသည်။ မူးယစ်ဆေးဝါးဖြန့် ချိခြင်း၊ သယ်ယူခြင်း၊ ရောင်းချခြင်းများအရ ဈေးကွက်လုကာ ဓားပြတိုက် လူသတ်ပြန်ပေးဆွဲမှုများ ထူပြောရ ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများကသုံးသပ်ကြသည်။

 

Ref; AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191