Main menu
HOT NEWS
adv
နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် သူပုန်များ တိုက်ခိုက်၊ တံငါသည် ၃၁ ဦး သေဆုံး

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် သူပုန်များ တိုက်ခိုက်၊ တံငါသည် ၃၁ ဦး သေဆုံး

ကာနို(နိုင်ဂျီးရီးယား)၊ သြဂုတ် ၈

နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းဒေသ Lake Chad ကျွန်းပေါ် တွင် ဘိုကိုဟာရမ်ဘာသာရေးအစွန်း ရောက်များက သြဂုတ် ၇ ရက်က သတ်ဖြတ်မှုကြောင့် အနည်းဆုံးတံ ငါသည် ၃၁ ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သြဂုတ် ၈ ရက်သတင်းများအရသိ ရှိရသည်။ လက်နက်ကိုင်ဘာသာရေး အစွန်းရောက်များသည် တံငါကျွန်း လေးများဖြစ်ကြသော ဒူဂူရီနှင့် ဒါဘာဝမ်ဇမ်ကျွန်းများ၌နေထိုင်သူ လုပ်ငန်း ခွင်မှပြန်လာသော တံငါသည်များကို ဓားများ၊ သေနတ်များသုံး၍ သြဂုတ် ၅ ရက်က တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်ဟု Maiduguri  ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သူ Babakura Kolo က အေအက်ဖ်ပီသတင်း ဌာနသို့ ပြောဆိုလိုက်သည်။ ''ဒူဂူရီ က ၁၄ ဦး၊ ဒါဘာဝမ်ဇမ်က ၁၇ ဦး တို့ သေဆုံးခဲ့ရပါတယ်''ဟု ဆက်လက်ပြောကြားလိုက်သည်။


''ဘိုကိုဟာရမ် ဘာသာရေးစစ် သွေးကြွတွေက ပင်လယ်ကနေလှေ နဲ့ပြန်လာတဲ့ ဒူဂူရီကျွန်းကရွာသား တွေကိုတိုက်ခိုက်ခဲ့၍ လူ ၁၂ ယောက် နေရာတွင်သေဆုံးပြီးနောက် ၂ ယောက် လည်း ထပ်မံသေဆုံးခဲ့ရပါတယ်''ဟု တံငါသည်တစ်ဦးဖြစ်သူ ဆာလော အီနူဝါက ပြောသည်။ ''သူပုန်တွေကနှစ်စုခွဲပြီးတော့ ကျန်တဲ့တစ်စုက ဒါဘာဝမ်ဇမ်က စောင့်ပြီး ဒူဂူရီသတ်ဖြတ်မှုကလွတ် လာတဲ့သူတွေကိုစောင့်ပြီးဆက်လက်တိုက်ခိုက်ကြတယ်၊ ဒါဘာဝမ်ဇမ်မှာ ၁၇ ဦးသေဆုံးခဲ့ရတယ်''ဟု ¤င်းက အေအက်ဖ်ပီသို့ ဆက်လက်ပြော ကြားလိုက်သည်။


တိုက်ခိုက်သူများသည် တံငါ သည်တစ်ယောက်ကိုအသက်ချမ်းသာပေးခဲ့ပြီး အလောင်း ၁၂ လောင်း အားလှေတစ်စင်းဖြင့်တင်ကာ ဘာဂါရှိ ၎င်းတို့တပ်ဖွဲ့များထံ အတူသွား ရောက်သတင်းပို့စေခဲ့သည်။ နောင် ကိုအင်းအတွင်းဆင်း၍ငါးမဖမ်းရန်လည်း ရွာသားများအားခြိမ်းခြောက် ပြောဆိုခဲ့သည်။ ယင်းအင်းအတွင်း ငါးဖမ်းခြင်းကို ဘိုကိုဟာရမ်များ၏ရန်ပုံငွေအတွက်သာဖမ်းဆီး ရောင်းချခဲ့ကြသည်။ စစ်ဘက်နှင့် နိုင်ဂျီးရီးယားအာဏာပိုင်များကမူ ယင်းဖြစ်ရပ်များအပေါ်မှတ်ချက်တစ်စုံတစ်ရာမပေးခဲ့ကြချေ။ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဘာဂါကျေးရွာအနီးတွင် ငါးဆင်းဝယ်သောတံငါသည် ၄၈ ဦးတို့ ဘိုကိုဟာရမ်များသတ် ဖြတ်၍သေဆုံးခဲ့ရသည်။


Ref;AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191