Main menu
HOT NEWS
adv
သြဂုတ် လလယ်တွင် ဂူအမ်ရှိ  အမေရိကန်စစ်တပ် အခြေစိုက်စခန်းကို တိုက်ခိုက်ရန် အသင့်ဖြစ်ပြီဟု မြောက်ကိုရီးယား ဆို

သြဂုတ် လလယ်တွင် ဂူအမ်ရှိ အမေရိကန်စစ်တပ် အခြေစိုက်စခန်းကို တိုက်ခိုက်ရန် အသင့်ဖြစ်ပြီဟု မြောက်ကိုရီးယား ဆို

ဆိုးလ်၊ သြဂုတ် ၁ဝ

မြောက်ကိုရီးယား DPRK စစ်တပ်သည် အနောက်ပစိဖိတ် ဒေသရှိ ဂူအမ် Guam ကျွန်းနိုင်ငံ ရှိ အမေရိကန်ရေတပ်အခြေစိုက် စခန်းကို တာဝေးပစ်ဒုံးကျည်ဖြင့် သြဂုတ်လအလယ်တွင် တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ တိုက်ခိုက်ရန် DPRK  ခေါင်း ဆောင် ကင်ဂျုံအန်၏ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်း နေကြောင်း သြဂုတ် ၁ဝ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ ပိုင် KCNA သတင်းကပြောသည်။


ယခုသီတင်းတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လောက် ဒေါသကြီးပြီး ရမ်းကားတဲ့ ခေါင်းဆောင်မျိုး မတွေ့ဖူးကြောင်း၊ အမေရိကန်၏ နျူကလီးယားလက်နက်သည် ယခင်ကထက်ပို၍ စွမ်း ရည်ထက်မြက်ကြောင်း၊ အမေရိကန်က ပြန်တိုက်ခိုက်လျှင် ကမ္ဘာပေါ် တွင် ယခင်မမြင်ဖူးသော ပြင်းထန်သည့်စစ်ပွဲ ဖြစ်ပေါ်လာနိုင်ကြောင်း တွစ်တာပေါ်တွင်ရေးသား၍ ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ထရန့်၏ အာစလျှာစမှာ တွေ့ဆုံဆွေးနွေး ရန် မဖြစ်နိုင်ကြောင်း၊ အမေရိကန်၏ ကျူးကျော်ရန်စမှုကို တုံ့ပြန်တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားကြောင်း မြောက်ကိုရီးယားစစ်တပ် KPA မှ ဗိုလ်ချုပ်ကြီး Kim Rak-Gyom က ပြောကြားသည်။


အနောက်ပစိဖိတ် သမုဒ္ဒရာရှိ ဂူအန်ကျွန်းကို တိုက်ခိုက်ရန် တာ ဝေးပစ် ဒုံးကျည်လေးစင်း အသင့် ပြင်ထားကြောင်း၊ သုံးလုံးမှာ ဂျပန် နိုင်ငံကိုဖြတ်ကျော်၍ ပစ်ခတ်မည် ဖြစ်ကြောင်း၊ ယင်းတာဝေးပစ်ဒုံး ကျည် ပျံသန်းချိန်မှာ ၁၇ မိနစ်နှင့် ၄၅ စက္ကန့်သာရှိပြီး အကွာအဝေး ၃၃၅၆ ဒသမ ၇ ကီလိုမီတာအကွာ အထိရောက်အောင် ပစ်ခတ်နိုင်ဟု KCNA သတင်းက ပြောသည်။ ယင်းအကွာအဝေးမှာ ဂူအန် ကျွန်းအနီး ပင်လယ်ရေပြင်ကီလို မီတာ ၃ဝ မှ ၄ဝ အကွာတွင် ကျ ရောက်နိုင်ကြောင်းသိရသည်။ ဂူအန်ကျွန်းရှိ အမေရိကန်ရေတပ် အခြေစိုက်စခန်းတွင် ဗုံးကြဲလေယာဉ်များ၊ တိုက်လေယာဉ်များ၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောများနှင့် အသံထက်မြန် သော ဗုံးကြဲတိုက်လေယာဉ် နှစ် စင်းတို့ရှိပြီး တောင်ကိုရီးယားနှင့် ပူးပေါင်း၍ ကိုရီးယားကျွန်းဆွယ် တွင် ပုံမှန်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

Ref:AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191