Main menu
HOT NEWS
adv
ကင်ညာရွေးကောက်ပွဲ အငြင်းပွားမှုကြောင့် လေးဦးသေဆုံး

ကင်ညာရွေးကောက်ပွဲ အငြင်းပွားမှုကြောင့် လေးဦးသေဆုံး

နိုင်ရိုဘီ၊ သြဂုတ် ၁ဝ

ကင်ညာ ရွေးကောက်ပွဲတွင် သမ္မတ Uhuru Kenyatta ၏ ပါတီက မဲအသာရရန်မဲလိမ်၊ မဲခိုးမှုပြုလုပ်သည်ဟု အတိုက်အခံပါတီက စွပ်စွဲ ပြောကြားပြီး ရွေးကောက်ပွဲနှင့် ဆက်စပ်သော အကြမ်းဖက်မှုကြောင့် လေးဦးသေဆုံးခဲ့သည်ဟု သြဂုတ် ၁ဝ ရက်တွင် အာဏာပိုင်များက ပြောသည်။ အတိုက်အခံခေါင်းဆောင် Raila Odinga က သြဂုတ် ၉ ရက် တွင် အာဏာရပါတီက ရွေးကောက်ပွဲ ကနဦးရလဒ်ကို ငြင်းပယ်လိုက်သဖြင့် ရွေးကောက်ပွဲအငြင်းပွားမှုများနှင့် အတိုက်အခံအင်အားကောင်း သော ဒေသများတွင် ဆန့်ကျင်ဆန္ဒ ပြမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ရိုဘီ မြို့ပြင် မာသာရီမြို့နယ်တွင် ဆန္ဒပြသူများကို ရဲကအကြမ်းဖက်ဖြိုခွင်းခဲ့ရာ ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသွားသူနှစ်ဦးသည် ရဲလုံခြုံ ရေးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားသဖြင့် ရဲကပစ်ခတ်တားဆီး ခဲ့ရခြင်းဖြစ်သည်ဟု နိုင်ရိုဘီမြို့နယ် ရဲမှူး Japheth Koome ကပြောသည်။


ကင်ညာအရှေ့တောင်ပိုင်း Tana River  ဒေသတွင် မဲရေတွက်သည့်ရုံသို့ အမျိုးသားငါးဦးက ဓားဖြင့်အ ကြမ်းဖက် တိုက်ခိုက်ခဲ့သဖြင့် မဲရုံလုပ် အားပေးတစ်ဦး ဓားဒဏ်ရာရရှိခဲ့ ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်သူများကို ရဲကပစ်ခတ်ဖမ်းဆီးခဲ့ရာ နှစ်ဦးသေဆုံးသွားပြီး လွတ်မြောက်သွားသူများကို လိုက်လံရှာဖွေနေ ကြောင်း ဒေသရဲအရာရှိ Larry Kieng  ကပြောသည်။ ၂ဝဝ၇ ခုနှစ်ကလည်း အလားတူဖြစ်ရပ်မျိုးကြောင့် နိုင်ငံရေးအုံကြွမှုများဖြစ်ပေါ်လာခဲ့ကာ လူ ၁၁ဝဝ ခန့်သေဆုံးခဲရပြီး လူ ၆ဝဝဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

 

၂ဝ၁၇ ခုနှစ်ရွေးကောက်ပွဲတွင် မဲပေးသူ ၁၁ သန်းကျော်ရှိပြီး ဆန္ဒမဲ ၅၅ ရာခိုင်နှုန်းရှိ မဲစာရင်းများကိုသာ ရွေးကောက်ပွဲကော်မရှင်က ပြတ် တောင်းပြတ်တောင်း ကြေညာနေ ခြင်းမှာ ပုံစံမမှန်ကြောင်း အတိုက်အခံခေါင်းဆောင် Odinga ထောက်ပြဝေဖန်ခဲ့သည်။ အသက် (၇၂) နှစ်အရွယ် အတိုက်အခံခေါင်း ဆောင် Odinga သည် သမ္မတရွေး ကောက်ပွဲ လေးကြိမ်ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ယခုအကြိမ်သည် နောက်ဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ကြောင်း လေ့လာသူများက သုံးသပ် ပြောကြားခဲ့သည်။ ကင်ညာရွေးကောက်ပွဲကို နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့ လာစောင့်ကြည့်ရေးအဖွဲ့ကိုးဖွဲ့ လာ ရောက်လေ့လာခဲ့ပြီး သမ္မတနေရာ ကို Odinga နှင့် Kenyatta တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေရသဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ပြီး ဆုံးသည်အထိ ငြိမ်းချမ်းစွာစောင့်ကြည့် ရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။


Ref;AFP

#democracytoday

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191