Main menu
HOT NEWS
adv
အမေရိကန် ဗုံးကြဲလေယာဉ်များ ကိုရီးယား ကျွန်းဆွယ်၌ ပျံသန်း

အမေရိကန် ဗုံးကြဲလေယာဉ်များ ကိုရီးယား ကျွန်းဆွယ်၌ ပျံသန်း

ဆိုးလ်၊ စက်တင်ဘာ ၁၈

အမေရိကန်၏ ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်လေးစင်းနှင့် ဗုံးကြဲလေယာဉ်နှစ်စင်းတို့သည် စက်တင်ဘာ ၁၈ ရက်က ကိုရီးယာကျွန်းဆွယ်တွင် ပျံသန်းခဲ့ကြသည်။ မြောက်ကိုရီးယား၏ နောက်ဆုံးနျူကလီးယားစမ်းသပ်မှုနှင့်ဒုံး ပျံပစ်ခတ်ခဲ့ပြီးနောက် အင်အား ပြသပျံသန်းခြင်းဖြစ်သည်။ ကိုယ်ပျောက် F-35  လေးစင်း နှင့် B-1B  ဗုံးကြဲလေယာဉ်နှစ်စင်းတို့ပါဝင်ပြီး ဗုံးကြဲချမှုကို လက် တွေ့လေ့ကျင့်ခဲ့ကြသည်။ ကိုရီးယားကျွန်းဆွယ်၌ စက်တင်ဘာ ၁၈ ရက်နံနက်စောစောတွင် ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းကဖော်ပြခဲ့သည်။


စက်တင်ဘာ ၃ ရက်က မြောက်ကိုရီးယား၏ ဆဋ္ဌမမြောက် အင်အားကြီးနျူကလီးယားဗုံး ဖောက်ခွဲခဲ့ပြီးနောက် ယခုပျံသန်း ခြင်းမှာ ပထမဆုံးဖြစ်ကြောင်း၊ ဤသို့ဂျပန်ကျွန်းကိုကျော်၍ ဒုံးပျံပစ်ခတ်ခဲ့သဖြင့် ဒေသတွင်းတင်းမာမှု ပို၍မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဂျက်လေယာဉ်များသည် တောင်ကိုရီးယား F-15K  ဂျက်လေယာဉ်လေးစင်းနှင့်အတူ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း၊ ထိုနောက်ဂျပန်နှင့်ဂူ အမ်ရှိစခန်းများကို ပြန်သွားခဲ့ကြသည်ဟုဆိုသည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်နစ်ကီဟယ်လီက မြောက်ကိုရီးယားက ယခုကဲ့သို့ စဉ်ဆက်မပြတ်ရန်စနေပါက''ဖျက်ဆီးခံရမည်''ဟုပြောကြားလိုက်သည်။


ဒေါ်နယ်ထရန့်၏ ကုလသမဂ္ဂမိန့်ခွန်းမှာ မြောက်ကိုရီးယား၏စဉ် ဆက်မပြတ်ရန်လိုမှုအပြုအမူကို ထိန်းသိမ်းရန်ဖြစ်သည်။ ထို့နောက် ဂျပန်နှင့် တောင်ကိုရီးယားတို့ အစည်းအဝေးပြုလုပ်သွားမည် ဖြစ်သည်။ ထရန့်ကစစ်ရေးအရ အရေးယူသွားမည်လားဆိုသည့် ကိစ္စအ ပေါ် ငြင်းဆိုခြင်းမရှိဟုဆိုသည်။ ဤသို့ဖြစ်ခဲ့ပါက တောင်ကိုရီးယား ဆိုးလ်မြို့တော်မှ လူသန်းပေါင်းများစွာထွက်ပြေးရမည်ဖြစ်သည်။ အမေရိကန်စစ်သား ၂၈၅ဝဝ သည် တောင်ကိုရီးယား၌စခန်းချလျက်ရှိသည်။ အမေရိကန်က မြောက်ကိုရီး ယားကိုပိတ်ဆို့မှုဖြင့် မရပ်တန့်နိုင်ပါက အခြားနည်းများကိုအသုံးပြုရန် အဆင်သင့်ပြင်ဆင်ထားရမည်ဟု အမျိုးသားလုံခြုံရေးအကြံ ပေး H.R မက်မာစတာကပြောခဲ့သည်။


Ref:AFP

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191