Main menu
HOT NEWS
adv
ဖိလစ်ပိုင် မာရာဝီမြို့ကို IS များ လက်တွင်းမှ ပြန်လည် သိမ်းပိုက်နိုင်

ဖိလစ်ပိုင် မာရာဝီမြို့ကို IS များ လက်တွင်းမှ ပြန်လည် သိမ်းပိုက်နိုင်

မာရာဝီ၊ စက်တင်ဘာ ၁၈

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့များ လေးလကြာသိမ်းပိုက်ထားသော မာရာဝီမြို့ကို တစ်လမ်းဝင်တစ်လမ်း ထွက်ရှင်းလင်းကာ စက်တင်ဘာ ၁၇ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၁၈ ရက်သတင်းများအရသိရသည်။


ယင်းကြောင့် ဖိလစ်ပိုင်၌အ ခြေစိုက်ကာ အရှေ့တောင်အာရှ ဒေသ၌ စစ်ရေးအနှောင့်အယှက် ပေးရန် IS အကြမ်းဖက်အဖွဲ့၏ အကြံအစည်များကင်းရှင်းသွားခဲ့ရပြီဖြစ်သည်ဟု စစ်တပ်ကပြောကြားလိုက်သည်။ စက်တင်ဘာ ၁၆ ရက်တွင် မြို့တွင်းရှိ ဗလီများတွင် ခိုအောင်းနေသော IS အကြမ်းဖက်သမားများကိုလည်း ကောက်သင်းကောက်ချေမှုန်းနိုင်ခဲ့သည်ဟု စစ်တပ်ကပြောကြားလိုက်သည်။ ''IS  တွေစစ်ရေးအရ ခြေမချနိုင်လောက်အောင် ဖိလစ်ပိုင်တပ်မတော်က အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်''ဟု ဗိုလ်ချုပ်ကြီး Eduardo Ano က ကြေညာချက်ထုတ်ပြန်ကာပြောဆိုလိုက်သည်။ ဖိလစ်ပိုင်တပ်မတော်သည် ''မြို့ တွင်းအချို့နေရာများ၌ တိုက်ပွဲ ကြီးများ အောင်မြင်စွာဆင်နွှဲခဲ့ရသည်''ဟု ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးရိုမီယိုဘရောင်နာက ပြောဆိုလိုက်သည်။


''ကျွန်တော်တို့ဘက်က တစ်ဦးကျဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်''ဟု ၎င်းကပြောဆိုလိုက်သည်။ ''မေ ၂၃ ရက်ကစခဲ့တဲ့ မာရာဝီမြို့သိမ်းတိုက်ပွဲတစ်လျှောက် လုံးစစ်သွေးကြွ ၆၆၆ ဦးကိုသုတ် သင်နိုင်ခဲ့ပြီး အစိုးရဘက်မှ စစ်သား ၁၄၇ ဦးနှင့်အရပ်သား ၄၇ ဦးတို့သေဆုံးခဲ့ရသည်''ဟု အစိုးရမှ သတင်းထုတ်ပြန်ကြေညာပေးခဲ့သည်။ 

 

Ref:Channel news asia

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191