Main menu
HOT NEWS
adv
ခြိမ်းခြောက်မှုကို ဆက်လက် လုပ်ဆောင်ခဲ့ပါက  မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု အမေရိကန် သတိပေး

ခြိမ်းခြောက်မှုကို ဆက်လက် လုပ်ဆောင်ခဲ့ပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု အမေရိကန် သတိပေး

ဝါရှင်တန်၊ စက်တင်ဘာ ၁၈

ကုလသမဂ္ဂတွင် သံတမန်နည်းအရ တိုးမြှင့်မဆောင်ရွက်မီ တစ်ပတ်အလိုတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက စက်တင်ဘာ ၁၇ ရက်က မြောက်ကိုရီးယားကို ဖိအားပိုမိုပေးခဲ့ကြောင်း မြောက်ကိုရီးယားက နျူကလီးယား နှင့်တိုက်ချင်းပစ်ဒုံးပျံများကို မဆင်မခြင်ပစ်ခတ်နေပါက မြောက်ကိုရီးယားသည် ဖျက်ဆီးခံရမည်ဖြစ် ကြောင်း အမေရိကန်က သတိပေး ပြောကြားလိုက်သည်။


စစ်လိုလားသော မြောက်ကိုရီးယားကို မည်သို့အရေးယူဆောင် ရွက်သွားရမည်ကို အမေရိကန်နှင့် မဟာမိတ်တို့ နည်းလမ်းရှာကြံလျက်ရှိနေကြသည်။ ထရန့်သည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာ ၁၉ ရက်၌မိန့်ခွန်းပြော ကြားမည်ဖြစ် ပြီး၊ စက်တင်ဘာ ၂၁ ရက်တွင် ဂျပန်နှင့်တောင်ကို ရီးယားခေါင်းဆောင်များနှင့် တိုင်ပင်ညှိနှိုင်းမှုကို ကုလသမဂ္ဂတွင် အလွတ်သဘောဆွေးနွေးကြမည်ဟုဆိုသည်။ ထရန့်နှင့်တောင်ကိုရီးယားသမ္မတတို့ စက်တင်ဘာ ၁၆ ရက်တွင် တယ်လီဖုန်းပြောကြားခဲ့ရာ ကင်ဂျုံအန်အား ပြင်းထန်စွာဖိ အားပေးရန်ဆုံးဖြတ်ခဲ့ကြသည်။ မြောက်ကိုရီးယားသည် နောက်ထပ် ခြိမ်းခြောက်မှုများလုပ်ဆောင်ခဲ့ပါက ပျက်စီးမည့်လမ်းကိုရောက်သွားလိမ့်မည်ဟု ပြောကြားခဲ့ကြသည်။


လုံခြုံရေးကောင်စီက လွန်ခဲ့သော စက်တင်ဘာ ၁၁ ရက်က မြောက်ကိုရီးယားအားအသစ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။ သို့ရာတွင် အဆိုပါထိရောက်မှုမှာ တရုတ်အပေါ် မူတည်ကြောင်း၊ တရုတ်မှာ မြောက်ကိုရီးယား၏ အဓိကစီးပွားဖက်ဖြစ်ပြီး၊ ရုရှားကလည်း အပြည့်အဝလုပ်ဆောင်မှဖြစ်သည်။ မြောက် ကိုရီးယားအလုပ်သမားထောင်ပေါင်းများစွာသည် ရုရှား၌အလုပ်လုပ်ကိုင်လျက်ရှိသည်။  အမေရိကန်၏ ကုလသမဂ္ဂရေးရာ သံတမန်နစ်ကီဟယ်လီက နောက်လာမည့် နယူးယောက် အစည်းအဝေးမတိုင်မီ ဖိအားပေးမှုများလုပ်ဆောင်လျက်ရှိသည်။ မြောက်ကိုရီးယားသည် အမေရိကန်နှင့်မဟာမိတ်များကို ဆက်လက်ခြိမ်းခြောက်ပါက ပျက်စီးမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟုပြောကြားခဲ့သည်။ ထရန့်က မြောက်ကိုရီးယားကို ဒေါသဖြင့်ကြီးမားစွာ တိုက်ခိုက်သွားမည်ဟု ပြောကြားထားခဲ့သည်ဟု သူမကဆိုသည်။ မည်သူမှစစ်မလိုလားကြောင်း၊ မိမိတို့က သံတမန်နည်းလမ်းကို အသုံးပြုသွားမည်ဖြစ် ကြောင်း သူမက CNN သတင်းဌာနကိုပြောခဲ့သည်။ 

 

Ref:AFP

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191