Main menu
HOT NEWS
adv
မြောက်ကိုရီးယား ဖျက်ဆီးပစ်နိုင်ကြောင်း ကုလအထွေထွေညီလာခံကို ကန်သမ္မတထရန့် သတိပေး

မြောက်ကိုရီးယား ဖျက်ဆီးပစ်နိုင်ကြောင်း ကုလအထွေထွေညီလာခံကို ကန်သမ္မတထရန့် သတိပေး

နယူးယောက် စက်တင်ဘာ ၂၀

အမေရိကန်ပြည်ထောင်စုနှင့် ၄င်းတို့၏ မဟာမိတ်များကို ခြိမ်းခြောက်လာမည်ဆိုပါက မြောက်ကိုရီးယားကို လုံးဝ ချေမှုန်း ဖျက်ဆီးပစ်လိုက်နိုင်ကြောင်း ခေါင်းဆောင်ကင်ဂျုံအန်းကို သတိပေးသည့် စကားကို အင်္ဂါနေ့တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မိန့်ခွန်းအဖြစ် ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြာပုံထဲမှ ထွက်ပေါ်လာသော အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသည့် အဖွဲ့အစည်း ရှေ့မှောက်တွင် ထရန့်က တီဟီရန်ရှိ လူသတ်အစိုးရ ကို နျူကလီးယားဖြင့် တိုက်ခိုက်ပစ်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းနှင့် ပြုံးယမ်းမှသည် ကရာကတ်စ်မြို့ အထိ အမေရိကန်၏ ရန်သူများကို ချေမှုန်းသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အမေရိကန်၏ စစ်ရေးအင်အားကို မြှင့်တင်သွားမည် ဟု ထရန့်ကဆိုသည်။

trump unga

ဟယ်ရီထရူးမန်းမှသည် ဘားရက်အိုဘားမားအထိ သမ္မတဟောင်းများ၏ ခြေရာကို လိုက်နင်းမည့် ထရန့်က “အမေရိကန်နိုင်ငံမှာ ကြီးမားတဲ့ အင်အားနဲ့ သည်းခံမှုတွေရှိပါတယ်၊ ဒါပေမယ့် ကိုယ်တိုင်နဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့အတင်းအကျပ်ဖြစ်လာ ရမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိတော့ဘဲ မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးပစ်ရမှာဖြစ်ပါတယ်၊ ဒုံးကျည် လူသား (ကင်ဂျုံအန်) က သူကိုယ်တိုင်နဲ့ သူ့နိုင်ငံအတွက် ကိုယ့်ကိုကိုယ်အဆုံးစီရင်တဲ့ မစ်ရှင်ကို လုပ်ဆောင်နေပါတယ်၊ အမေရိကန်ကတော့ အဆင်သင့်ဖြစ်နေပြီး ဆန္ဒရှိတာတွေကို လုပ်ဆောင်နိုင်ပါတယ်၊ ဒါပေမယ့် လိုအပ်တာတွေ မဖြစ်လာပါစေနဲ့လို့ မျှော်လင့်ပါတယ်” ဟု တွစ်တာတွင်ရေးသားခဲ့သည်။

၄၂ မိနစ်ကြာမြင့်ခဲ့သည့် မိန့်ခွန်းတွင် ထရန့်က ညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်များအတွက် အနည်းငယ် နားဝင်ဆိုးသော စကားလုံးအနည်းငယ်ကို ရွေးချယ်သုံးနှုန်းခဲ့ပြီး ကမ္ဘာကြီးသည် ငရဲကျလုနီးပါး အခြေအနေဖြစ်နေပြီး မြောက်ကိုရီးယားနှင့် ကုန်သွယ်ပါက ဒေါသအမျက်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Ref:AFP

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191