Main menu
HOT NEWS
adv
မက္ကဆီကို စီးတီးမြို့အနီးတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၃၄ ဦးကျော် သေဆုံး

မက္ကဆီကို စီးတီးမြို့အနီးတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၃၄ ဦးကျော် သေဆုံး

မက္ကဆီကို စီးတီး စက်တင်ဘာ ၂ဝ

အင်္ဂါနေ့က မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းတွင် ပြင်းအား ၇.၁ မဂ္ဂနီကျုရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူနေထူထပ်သည့် မြို့တော်တွင် အဆောက်အဦးများ ပြိုလဲပျက်ဆီးခဲ့ရပြီး အနည်းဆုံး လူ ၁၃၄ ဦးသေဆုံးခဲ့ကြောင်း၊ ကယ်ဆယ်ရေး သမားများ ကလည်း အသက်ရှင်ကျန်ရစ်သူများကို အပျက်အဆီးပုံများကြားမှ ရှာဖွေကယ်ဆယ်နေရကြောင်း သိရသည်။ နေ့လယ်မွန်းတည့်ချိန်ဝန်းကျင် ငလျင်လှုပ်ခတ်ချိန်၌ လူထောင်ပေါင်းများစွာကလည်း လမ်းမများပေါ်သို့ ကြောက်လန့်တကြား ပြေးလွှား ခဲ့ကြပြီး လူသန်းပေါင်းများစွာအတွက် လျှပ်စစ်မီးမှာလည်း ပြတ်တောက်သွားခဲ့သည်။

မက္ကဆီကိုစီးတီးမြို့တော်ဝန် မီဂူး အန်ဂျယ် မန်ဆဲရာက အဆောက်အဦး ၄၄ လုံးမှာ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဓါတ်ငွေ့ယိုစိမ့်မှုများနှင့် မီးလောင်မှုများစွာ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ ပြည်ထဲရေးဝန်ကြီး မီဂူးအန်ဂျယ် အိုဆိုရီယိုချောင်က ကယ်ဆယ်ရေးအဖွဲ့များသည် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်နေရသည်ဟု ရုပ်မြင်သံကြားကို ပြောကြားခဲ့သည်။

mexico earthquake

 

၎င်းက “လူတွေအထဲမှာ ရှိနေတယ်လို့ သတင်းရထားတဲ့ အဆောက်အဦးတွေရှိပါတယ်၊ သူတို့တွေက သတိကြီးကြီးထားပြီး လုပ်ဆောင်နေရပါတယ်” ဟု ပြောကြားခဲ့ပြီး လိုအပ်ပါက ကယ်ဆယ်ရေးလုပ်သားများကို ထပ်တိုးချထားပေးမည်ဟု ထပ်လောင်းပြောကြား ခဲ့သည်။

ငလျင်လှုပ်ခတ်မှုဖြစ်ပွားချိန်သည် ၁၉၈၅ ခုနှစ်တွင် မက္ကဆီကိုစီးတီးမြို့တော်၌ လူသန်းပေါင်းများစွာ သေဆုံးခဲ့ရသော အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်အပြီး ၃၂ နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ မက္ကဆီကိုနိုင်ငံသားများသည် နှစ်စဉ် စက်တင်ဘာ ၁၉ ရက်သို့ ရောက်တိုင်း ငလျင်ဒဏ်ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ရလေ့ရှိသည်။

Ref:Reuters

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191