Main menu
HOT NEWS
adv
လူမည်းတစ်ဦး အသတ်ခံရမှု စိန့်လူးဝစ္စ၌  စတုတ္ထနေ့ အဖြစ် ဆက်လက် ဆန္ဒပြ

လူမည်းတစ်ဦး အသတ်ခံရမှု စိန့်လူးဝစ္စ၌ စတုတ္ထနေ့ အဖြစ် ဆက်လက် ဆန္ဒပြ

ချီကာဂို၊ စက်တင်ဘာ ၁၉

အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ် စိန့်လူးဝစ္စ မြို့တွင် လူမည်းတစ်ဦးအား လူဖြူရဲအရာရှိက ပစ်သတ်ခဲ့မှုအပေါ် စတုတ္ထမြောက်နေ့အဖြစ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူဒါဇင်ပေါင်းများစွာတို့သည် ''လူမည်းဖြစ်ရတာအပြစ်လား''ဟူသောစာတန်းများ ကိုင်ဆောင်ကာ မြို့လယ်လမ်းတစ်လျှောက် မြို့ တော်ခန်းမအထိ အေးချမ်းစွာချီတက်ဆန္ဒထုတ် ဖော်ခဲ့ကြသည်။


ဆန္ဒပြသူလူအုပ်ကြီးအတွင်း အထက်တန်း ကျောင်းသား ၂၅ဝခန့်လည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။ လူအုပ်ကြီးသည် ညဥ့်မှောင်လာသည်အထိ လူစုမကွဲဘဲ စိန့်လူးဝစ္စမြို့တရားရေးစင်တာနှင့် အကျဉ်း ထောင်ရှေ့များ၌ စုရုံးဆန္ဒပြနေကြဆဲဖြစ်သည်။ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးမှုမရှိကြောင်း ရဲများက ပြောကြားလိုက်သည်။ ''နေ့ပိုင်းအချိန်မှာ အရေးမကြီးပေမယ့် ညပိုင်း ရောက်လာတဲ့အထိ လူစုမကွဲသေးရင် လုံခြုံရေး အရ အန္တရာယ်ရှိလာနိုင်တယ်''ဟု မြို့တော်ဝန် လင်ဒါကရူဆွန်က သတင်းထောက်များအား ပြောဆိုလိုက်သည်။ 

 

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191