Main menu
HOT NEWS
adv
ဟာရီကိန်းမုန်တိုင်း မာရီယာကြောင့် ပွာတိုရီကို နိုင်ငံတွင် ရေကြီးမှုနှင့် ပျက်စီးမှုများ ဖြစ်ပေါ်

ဟာရီကိန်းမုန်တိုင်း မာရီယာကြောင့် ပွာတိုရီကို နိုင်ငံတွင် ရေကြီးမှုနှင့် ပျက်စီးမှုများ ဖြစ်ပေါ်

ဆန်ဂျူအန် စက်တင်ဘာ ၂၁ ၊ ပွာတိုရီကိုနိုင်ငံတွင် နှစ်ပေါင်း ၉၀ အတွင်း အပြင်းထန်ဆုံး ဝင်ရောက်တိုက်ခတ်သည့် ဟာရီကိန်းမာရီယာကြောင့် ကျွန်းတစ်ခုလုံးတွင် ရေကြီးခြင်းနှင့် ဓါတ်အားပြတ်တောက်ခြင်း တို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုလအတွင်း ယင်းဒေသတွင် ဒုတိယမြောက်အကြီးမားဆုံး ဟာရီကိန်းမုန်တိုင်း ဖြစ်သည့် မာရီယာသည် တစ်နာရီလျှင်လေတိုက်နှုန်း ကီလိုမီတာ ၂၅ဝ နှုန်းဖြင့် လူ ၃.၄ သန်းနေထိုင်သောကျွန်း အရှေ့တောင်ဘက်စွန်းရှိ ယာဘူကိုအာမြို့ အနီးကမ်းခြေသို့ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်း ပြင်းအား အဆင့် ၅ ခုတွင် အဆင့် ၄ အနေဖြင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ချိန်တွင် အဆောက်အဦးများ၏ ခေါင်းမိုးများ ဆုတ်ပြဲပျက်စီးခဲ့ပြီး မြေနိမ့်ပိုင်းရှိ ကားလမ်းများ
သည်လည်း အမှိုက်များဖြင့် စုပုံနေသည့် မြစ်များအသွင် ဖြစ်သွားရသည်ဟု သိရသည်။

 မြို့တော် ဆန်ဂျူအန်ရှိ သမိုင်းဝင် Old Town လမ်းမများထက်တွင် ပြိုပျက်နေသော လသာဆောင်များ၊ လေသန့်စက်များ၊ ပြိုလဲနေသော လမ်းမီးတိုင်များ၊ ဓါတ်အားလိုင်းများနှင့် ငှက်အသေကောင်များကို တွေ့ရှိခဲ့ကြရသည်။ သစ်ကိုင်းအကြီးစားများမှာလည်း ကျိုးကျနေခဲ့ပြီး အခြားသစ်ပင်များမှာလည်း အမြစ်မှ ကျွတ်ထွက်ကာ ပြိုလဲနေခဲ့သည်။ မြို့တော်ဝန်က “အန္တရာယ်က ဆက်ရှိနေပါသေးတယ်၊ ပွာတိုရီကို တစ်နိုင်ငံလုံးကိုရေကြီးမှု သတိပေးချက်ထုတ်ပြန်ထားပါတယ်၊ လုံခြုံဘေးကင်းတဲ့နေရာမှာ နေကြပါ” ဟု တွစ်တာမှ တဆင့် ဒေသခံများကို သတိပေးခဲ့သည်။

ဟာတိုရေးကဲ့သို့ မြို့တော် အနီးနားတစ်ဝိုက်တွင် ရေဖုံးလွှမ်းနေသည်ကို ဓါတ်ပုံများထဲတွင် မြင်တွေ့ရသည်။ မီယာမီအခြေစိုက်အမေရိကန်အမျိုးသားဟာရီကိန်းစင်တာက ကျွန်း၏ အစိတ်အပိုင်းများတွင် ပြင်းထန်သော လျှပ်တပြက်ရေကြီးမှုများကို ကြုံတွေ့ရနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။


Ref:Reuters
#Democracytoday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191