Main menu
HOT NEWS
adv
မြောက်ကိုရီးယားနှင့် ဆွေးနွေးရမည့်အချိန် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ပြောဆို

မြောက်ကိုရီးယားနှင့် ဆွေးနွေးရမည့်အချိန် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ပြောဆို

နယူးယောက် စက်တင်ဘာ ၂၁ ၊ မြောက်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးရန် အချိန်မှာ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်ပြီး အမေရိကန်နိုင်ငံက သတိပေးထားသကဲ့သို့ အရေးယူဆောင်ရွက်ရန် ကိစ္စများ အားလုံးကို ပြင်ဆင်ထားသည်ဆိုခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ သို့ မိန့်ခွန်းပြောကြားခဲ့ရာတွင် အာဘေးက “နျူကလီးယားဗုံးတစ်လုံးကို ဖောက်ခွဲခဲ့ပြီး ဂျပန်နိုင်ငံနှင့် အနီးနှင့် အပေါ်မှ ဖြတ်၍ ပျံသန်းခွှံသော ဒုံးကျည်များကို မကြာသေးခင်ရက်ပိုင်းက ပစ်ခတ်ခဲ့သည့်မာက်ကိုရီးယားနိုင်ငံ အပေါ် အရေးယူမှုများလုပ်ဆောင်ရန် အချိန်သိပ်မကျန်တော့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာပါက အပြီးတိုင် ခြေမှုန်းပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ခဲ့ပြီး တစ်ရက်အကြာတွင် ဝန်ကြီးချုပ်အာဘေးက “ အရေးယူဆောင်ရွက်ရမည့် ကိစ္စအားလုံးကိုဆွးနွေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ကျွန်တော်တို့ ထောက်ခံပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကမ္ဘာကြီးအနေဖြင့် အမေရိကန်က ထောက်ခံပေးထားသော ၁၉၉၄ ခုနှစ် သဘောတူ အစီအစဉ်မှ အစပြုကာ မြောက်ကိုရီးယားနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှု အဖြေကို ရရှိရန် ကြိုးစားခဲ့ကြပြီး ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။ ၄င်းက “ထပ်ခါ ထပ်ခါ၊ ညှိနှိုင်းဆွေးနွေးမှုတွေကတဆင့် ဖြေရှင်းဖို့ ကြိုးစားမှုတွေဟာ အရာမထင်ခဲ့ပါဘူး၊ အောင်မြင်မှုကို မျှော်လင့်ပြီး ကျွန်တော်တို့က တတိယအကြိမ်မြောက် အလားတူ ကျရှုံးမှုမျိုး ထပ်ပြီးလုပ်ဆောင်နေဦးမှာလား၊ လုပ်ဖို့လိုအပ်တာက ညှိနှိုင်းဆွေးနွေးမှုမဟုတ်ဘဲ ဖိအား ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


Ref:AFP
#Democracytoday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191