Main menu
HOT NEWS
adv
အီရန် နူကလီးယား သဘောတူညီချက်နှင့် ပတ်သက်ပြီး  အီရန်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

အီရန် နူကလီးယား သဘောတူညီချက်နှင့် ပတ်သက်ပြီး အီရန်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နှင့် အီရန်နိုင်ငံ ခြားရေးဝန်ကြီး Javad Zarif တို့ စက်တင်ဘာ ၂ဝ ရက်တွင် ကုလ သမဂ္ဂအထွေထွေညီလာခံပြင်ပတွင် သီးသန့်တွေ့ဆုံပြီး နျူကလီး ယားသဘောတူညီချက်နှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စက်တင်ဘာ ၂၁ ရက်သတင်းများအရ သိရသည်။

 

၂ဝ၁၅ ခုနှစ်တွင် အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ် မှုရပ်ဆိုင်းရန် အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ် နှင့် အီရန်နျူကလီးယားသဘော တူညီချက်လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်ကို အီရန်က ချိုးဖောက်ပြီး ဒေသတွင်းတည် ငြိမ်မှုပျက်ပြားစေရန် စစ်သွေးကြွ အဖွဲ့များကို နောက်ကွယ်က ထောက်ပံ့သည်ဟု သမ္မတဒေါ်နယ် ထရန့်ကစွပ်စွဲပြောကြားခဲ့သည်။ ထရန့်၏ စွပ်စွဲချက်နှင့်ပတ်သက် ပြီး ဖြေရှင်းရန် ဝါရှင်တန်နှင့်တီဟီ ရန်ထိပ်တန်းသံတမန်နှစ်ဖွဲ့တွေ့ ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာခြင်းမှာ ကောင်းမွန်သောအချက်တစ် ခုဖြစ်သည်ဟု ဥရောပသမဂ္ဂက ပြောသည်။
အီရန်နှင့် အမေရိကန်အကြား အကွာအဝေးကို မျက်နှာ ချင်းဆိုင်တွေ့ဆုံဖြေရှင်းလိုက် ကြောင်း အဖြေတစ်စုံတစ်ရာထွက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီး Federica Mogherini  ကသုံးသပ် ပြောကြားသည်။


အီရန်နှင့်အမေရိကန်ကိုယ်စားလှယ်များတွေ့ဆုံခြင်းမှာ နိုင်ငံ ရေးအရ ပထမအကြိမ်တွေ့ဆုံခြင်း ဖြစ်ပြီး နျူကလီးယားစာချုပ်နှင့် ပတ်သက်ပြီး နည်းဥပဒေဆိုင်ရာ ဆွေးနွေးခြင်းမဟုတ်ကြောင်း အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ နှစ်ဖက်အလွတ်သ ဘောဆွေးနွေးခြင်းဖြစ်ပြီး ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးပြောဆိုခဲ့သဖြင့် အကျိုးရှိသော ဆွေးနွေးပွဲတစ်ခုဖြစ်သည်ဟု Tillerson က ပြောသည်။ အီရန်နျူကလီးယားသဘော တူညီချက်နှင့်ပတ်သက်ပြီး အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍ ကွန်ဂရက်လွှတ်တော်၌ ပြန်လည်သုံးသပ်ဆွေးနွေးရန် ထရန့်ကတောင်းဆိုထားသည်။ အီရန်နှင့်ပတ်သက်ပြီး သူ၏ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားရန် အဆင်သင့်မဖြစ်သေးကြောင်း စက်တင်ဘာ ၂ဝ ရက်တွင်ထရန့်က ပြောသည်။ ထရန့်ကဆုံးဖြတ်ချက်ချပြီး ဖြစ်ကြောင်း ယင်းဆုံးဖြတ်ချက်ကို ဗြိတိန်ဝန်ကြီးချုပ် Theresa May ကိုတောင်မှ ထုတ်မပြောခဲ့ကြောင်း Tillerson က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

 

Ref; AFP

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191