Main menu
HOT NEWS
adv
လန်ဒန်မြေအောက် ဘူတာရုံ အကြမ်းဖက်မှုနှင့် သံသယရှိသော ခြောက်ဦးမြောက် တရားခံကို ဖမ်းဆီး

လန်ဒန်မြေအောက် ဘူတာရုံ အကြမ်းဖက်မှုနှင့် သံသယရှိသော ခြောက်ဦးမြောက် တရားခံကို ဖမ်းဆီး

လန်ဒန်၊ စက်တင်ဘာ ၂၁

ပြီးခဲ့သည့်သီတင်းပတ်က ဗြိတိန်နိုင်ငံမြို့တော်လန်ဒန်၌ မြေအောက်ဘူတာရုံဗုံးခွဲတိုက်ခိုက်မှုနှင့်သံသယရှိသော ခြောက်ဦးမြောက်တရားခံကို စက်တင်ဘာ ၂၁ ရက်နံနက်အစောပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက် ကြောင်း လန်ဒန်ရဲတပ်ဖွဲ့ကပြောသည်။


နောက်ဆုံးဖမ်းဆီးမိသော တရားခံမှာ အသက်(၁၇)နှစ်အရွယ်ရှိပြီး လန်ဒန်တောင်ပိုင်း Thornton Heath  မြို့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ပြီးခဲ့သည့်စက်တင်ဘာ ၁၅ ရက်က လန်ဒန်အနောက်ပိုင်း Parsons green ဘူတာရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၃ဝ ခန့် ဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုကို IS အစွန်းရောက် အဖွဲ့ကစီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ လန်ဒန်မြေ အောက်ဘူတာရုံတွင် အဖြူရောင်ခြင်းဖြင့် ဖုံးကွယ်ထားသောဗုံးသည် အပြည့်အဝပေါက်ကွဲခြင်းမရှိသော်လည်း နံနက်လူစည်ကားသည့် အချိန်ဖြစ်သဖြင့် လူအများဒဏ်ရာရခဲ့ကြောင်း၊ ဗုံးသည်မီးရှူးမီးပန်းများနှင့် ပြုလုပ်ထားခြင်းဖြစ်သည်ဟု မျက်မြင်ကြုံတွေ့ရသူများကပြောသည်။


ဘူတာရုံရှိဖြတ်သွားဖြတ်လာအချို့မီးလောင်ဒဏ်ရာရရှိခြင်း၊ ကြောက်လန့်ထွက်ပြေးသဖြင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့သာဖြစ်ခဲ့သည်ဟု လန်ဒန်ရဲတပ်ဖွဲ့ကပြောသည်။ ဗုံးပေါက်ကွဲမှုသည်ခြောက်လအတွင်း လန်ဒန်၌ ငါးကြိမ်မြောက်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး လူ ၃၅ ဦးသေဆုံးခဲ့ရသည်။ ဗြိတိန်တွင်အကြမ်းဖက်အစွန်းရောက်တိုက်ခိုက်မှုများ ဖြစ်ပေါ် လာသဖြင့် လုံခြုံရေးတပ်ဖွဲ့များကို တပ်လှန့်ထားပြီး လုံခြုံရေးတင်းကျပ် မှုပြုလုပ်ခဲ့သည်။ လန်ဒန်မြေအောက်ဘူတာရုံ ဗုံးခွဲမှုနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၆ ရက်တွင် အသက်(၁၈)နှစ်အရွယ် အီရတ်မှရွှေ့ပြောင်းအခြေချသူတစ်ဦးကို Dover  သင်္ဘောဆိပ်၌ဖမ်းဆီးပြီး လန်ဒန်အနောက်ပိုင်းတွင် (၂၁)နှစ်အရွယ် သံသယတရားခံတစ်ဦးကို ဆက်လက်ဖမ်းဆီးခဲ့သည်။ တတိယမြောက်သံသယတရားခံကို အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အခြားသံသယတရားခံနှစ်ဦးကို ဝေလပြည်နယ် Newport  မြို့တွင် စက်တင်ဘာ ၂ဝ ရက်တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့သည်။

 

Ref:AFP

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191