HOT NEWS
Main menu
IS များကို နှိမ်နင်းရန်အတွက် လစ်ဗျားညွန့်ပေါင်း အစိုးရကို စစ်လက်နက်ပစ္စည်း ထောက်ပံ့ရန် ကမ္ဘာ့အင်အားကြီး နိုင်ငံများ သဘောတူ

IS များကို နှိမ်နင်းရန်အတွက် လစ်ဗျားညွန့်ပေါင်း အစိုးရကို စစ်လက်နက်ပစ္စည်း ထောက်ပံ့ရန် ကမ္ဘာ့အင်အားကြီး နိုင်ငံများ သဘောတူ

ဗီယင်နာ၊ မေ ၁၇


လစ်ဗျားနိုင်ငံ၏မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန်နှင့် အီတလီနိုင်ငံတို့သည် ကုလသမဂ္ဂကဖွဲ့စည်းပေးထားသောလစ်ဗျားညွန့်ပေါင်းအစိုးရကို စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မေ ၁၆ ရက်တွင် သဘောတူညီမှုရခဲ့သည်။ ညွန့်ပေါင်းအစိုးရသည် ထိုလက်နက် များဖြင့် နိုင်ငံအတွင်းရှိ IS များကို တိုက်ခိုက်နှိမ်နင်းသွားရမည်ဖြစ်သည်။


သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင်ကျင်းပသော လစ်ဗျားအရေး ဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံ ၂၅ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး လစ်ဗျားအစိုးရကို လက်နက်ထောက်ပံ့ရန် သဘောတူခဲ့ကြသည်။ ယခု တက်ရောက်ခဲ့သူများတွင် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများပါဝင်သောကြောင့် ကုလသမဂ္ဂ၏လစ်ဗျားနိုင်ငံကို လက်နက်ထောက်ပံ့ခြင်းအား တားမြစ်ထားမှုကိုပြင်ဆင်နိုင်မည် ဟုယူဆရသည်။ ၂ဝ၁၁ ခုနှစ်တွင် နေတိုးတပ်ဖွဲ့များက လစ်ဗျားစစ်ခေါင်းဆောင် ကဒါဖီကိုဖြုတ်ချခဲ့ပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံသည် ပရမ်းပတာ ဖြစ်ခဲ့ရသည်။ နိုင်ငံတွင်းတွင် စင်ပြိုင်လက်နက်ကိုင်အဖွဲ့များရှိနေသော ကြောင့် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားသောညွန့်ပေါင်းအစိုးရသည် အာဏာစက် မဖြန့်ကြက်နိုင်သေးချေ။ အင်အား ၅ဝဝ ကျော်ရှိသော IS များကလည်း ကဒါဖီ၏ မွေးရပ် မြေဖြစ်သော ဆာတဲမြို့ကို သိမ်းပိုက်ကာ ခြေကုပ်ယူထားကြသည်။
Ref: AFP

#Democracy Today

Rate this item
(2 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS