Main menu
HOT NEWS
adv
ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်စစ်ဆင်ရေးပြုလုပ် ၊ ထိပ်တန်းအဖွဲ့ဝင် ၈ဝဝဝ ကျော်ကို ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်စစ်ဆင်ရေးပြုလုပ် ၊ ထိပ်တန်းအဖွဲ့ဝင် ၈ဝဝဝ ကျော်ကို ဖမ်းဆီး

ဒါကာ၊ ဇွန် ၁၃

ဘင်္ဂလားဒေ့ရှ်တွင် စစ်သွေးြ<ွကအကြမ်းဖက်များနှိမ်နင်းမှုစစ် ဆင်ရေးကို တစ်နိုင်ငံလုံးဆောင်ရွက် ခဲ့ရာ လူပေါင်း ၈ဝဝဝ ကျော်ဖမ်းဆီး ရမိခဲ့ကြောင်း၊ လူနည်းစုနှင့် လောကီ ရေးသမားလှုပ်ရှားသူများကို သတ် ဖြတ်မှုများဖြစ်ပွားပြီးနောက် ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ ပြောခဲ့သည်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက လူသတ်သမားများကို ဖမ်းဆီးရန် သန္နိဋ္ဌာန်ချထားခဲ့ကြောင်း၊ ဘင်္ဂလား ဒေ့ရှ်သည် လူနည်းစုဘာသာကွဲများ ကိုသတ်ဖြတ်ခြင်းနှင့် လောကီရေး လွတ်လပ်သူများကိုသတ်ဖြတ်မှုများ ကို ယခင်အပတ်က လုပ်ဆောင်ခဲ့ ကြသည်။ လွန်ခဲ့သော ၂၄ နာရီအ တွင်း စစ်သွေးကြွ ၃၂၄၅ ဦးဖမ်းခဲ့ပြီး သောကြာနေ့စစ်ဆင်ရေးစသည်မှ ဖမ်းဆီးမိသူ ၈၁၉၂ ဦးရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အား နိုင်ငံတ ကာက ဤသို့တိုက်ခိုက်မှုအားအဆုံး သတ်ရန်ဖိအားပေးခဲ့ကြသည်။ လွန် ခဲ့သောသုံးနှစ်အတွင်း လူ ၅ဝ ကျော် အသတ်ခံခဲ့ကြရသည်။

အတိုက်အခံများက ရဲများ သည် နိုင်ငံရေးအတိုက်အခံများကို ဖမ်းဆီးနေသည်စု စွပ်စွဲခဲ့ကြသည်။

ဖမ်းဆီးခံရသူအများစုမှာ သာ မန်ရာဇဝတ်ကျူးလွန်သူများဖြစ်ကြ သည်။ တတိယနေ့စစ်ဆင်ရေးတွင် လူ ၃၂၄၅ ဦးနှင့် အစ္စလာမ္မစ်စစ် သွေြး<ွက ၃၄ ဦးကိုဖမ်းဆီးခဲ့သည်ဟု ရဲအဖွဲ့ကဆိုသည်။ ဖမ်းဆီးရသူများ မှာ အစ္စလာမ္မစ်စစ်သွေြး<ွကအဖွဲ့မှ ဖြစ်ကြပြီး ရာဇဝတ်မှုဖြင့်စွဲချက်တင် ခံကြရမည်ဖြစ်သည်။

အများစုမှာ JMB ပါတီအဖွဲ့မှ ဖြစ်သည်။ ၄င်းအဖွဲ့ကို အစိုးရက မတရားအသင်းအဖြစ် ကြေညာ ဖျက်သိမ်းထားသည်။



Ref: AFP

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616