HOT NEWS
Main menu
adv
ဘရာဇီးတွင် ရေကြီးမြေပြိုသဖြင့် ၁၅ ဦးသေဆုံး

ဘရာဇီးတွင် ရေကြီးမြေပြိုသဖြင့် ၁၅ ဦးသေဆုံး

ဆာအိုပေါ်လို၊ မတ် ၁၂ ။ ။ ပြီးခဲ့သည့်ကြာသပတေး ညတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ဘ ရာဇီးနိုင်ငံ ဆာအိုပေါ် လိုမြို့တွင် ရေ ကြီးရေလျှံမှု များဖြစ်ပွားပြီး မြေပြိုကျ သဖြင့် အနည်းဆုံး လူ ၁၅ ဦးသေ ဆုံးခဲ့ကြောင်း ဒေသခံမီး သတ်ဌာန က မတ် ၁၁ ရက်တွင် ပြောကြားခဲ့ သည်။

မိုင်ရီပိုရာ (Mairipora) မြို့တွင် လည်း မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ လေးဦးသေဆုံး၍ ခုနစ်ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ဖရန်စစ္စကိုမို ရာတိုအရပ်တွင် မိုးရွာသွန်းမှုနှင့်စပ် ဆက်၍ မြေပြိုမှုနှစ်ခုဖြစ်ပွားခဲ့ရာ လူ ကိုးဦးသေဆုံးခဲ့ပြီး Guarulhos နှင့် Cajamar အရပ်တို့တွင်လည်း လူ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၁၀ ရက်ညပိုင်း က မိုးမုန်တိုင်းဝင်ရောက်တိုက်ခိုက် ခဲ့သဖြင့် Guarulhos နိုင်ငံတကာ လေဆိပ် ကို ခြောက်နာရီ ခန့်ပိတ်ထား ခဲ့ရပြီး ၁၁ ရက် နံနက်ပိုင်း တွင် မြစ် ရေလျှံပြီး ရေကြီးရေလျှံမှုများဖြစ်ပွား ခဲ့သဖြင့် မီးရထားဘူတာရုံကိုလည်း ပိတ်လိုက်ရကြောင်း သိရသည်။

အဆိုပါမုန်တိုင်းကြောင့် ဆာ အိုပေါ်လိုပြည်နယ်ရှိ မြို့ပေါင်း ၂၀ ခန့် ထိခိုက်ခဲ့ရကြောင်း၊ လစဉ်ရွာ သွန်းလေ့ရှိသည့် မိုးရေချိန်ထက် ၄၀ ရာခိုင်နှုန်း ပိုမို၍မိုးရွာသွန်း ခဲ့ကြောင်း ပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေးစင် တာမှ ထုတ်ပြန်ပြောကြားခဲ့သည်။


Ref: Xinhua - Photo - Xinhua

Last modified onThursday, 17 March 2016 09:58
Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com

Latest from System

Login to post comments
back to top
adv

adv

FacebookG+TwitterRSS