HOT NEWS
Main menu
ဆီးရီးယားရှိ အလက်ပိုမြို့ တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကုလသမဂ္ဂတွင် ရုရှားကို အပြစ်တင်

ဆီးရီးယားရှိ အလက်ပိုမြို့ တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကုလသမဂ္ဂတွင် ရုရှားကို အပြစ်တင်

နယူးယောက် စက်တင်ဘာ ၂၆

ငါးနှစ်ကျော်ကြာဖြစ်ပွားနေသော စစ်ပွဲအတွင်း အကြီးမားဆုံးဗုံးကြဲတိုက်ခိုက်မှုအဖြစ် ဆီးရီးယားနှင့် ရုရှားစစ်လေယာဉ်များသည် အလက်ပိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အခြေအနေများ ဆိုးရွားသွားခဲ့သည့်အတွက် တနင်္ဂနွေနေ့တွင် ကုလသမဂ္ဂ၌ ရုရှားကို ဗြိတိန်၊ ပြင်သစ် နှင့် အမေရိကန်နိုင်ငံတို့က ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး စမန်သာပါဝါက လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးအတွင်းရုရှားနိုင်ငံကို အရိုင်းအစိုင်းဟု ခေါ်ဆိုလိုက်ပြီး ဆီးရီးယားသမ္မတ ရုရှားအစိုးရအနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအယ်အာဆတ်ကိုထိန်းချုပ်ပေးရန်နှင့် လေကြောင်း ထိုးစစ်များကို ရပ်တန့်ပေးရန်တောင်းဆိုခဲ့သည်။ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အဆိုအရ ပြီးခဲ့သည့် ကြာသပတေးနေ့ တွင် စစ်တပ်က စစ်ဆင်ရေးစတင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် သူပုန်တို့ထိန်းချုပ်ထားရာ အလက်ပိုမြို့အရှေ့ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားအများစုပါဝင်သည့် လူ ၁၂၄ ဦးသေဆုံး ခဲ့ကြောင်းသိရသည်။

Ref:AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS