Main menu
HOT NEWS
adv
နှစ် ၃ဝ ကျော်အတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှုကြောင့် ထိုင်းတောင်ပိုင်းတွင် လူ ၂၁ ဦးသေဆုံး

နှစ် ၃ဝ ကျော်အတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှုကြောင့် ထိုင်းတောင်ပိုင်းတွင် လူ ၂၁ ဦးသေဆုံး

ဘန်ကောက်

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ တစ်လျှောက် ရက်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းရာမှ ပေါ်ပေါက်လာသော ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးကာ လူတစ်သန်းနီးပါး ရေဘေးသင့်နေသည် ဟု သတင်းများတွင် ဖော်ပြသည်။


ယခု ရေကြီးရေလျှံမှုများမှာ နှစ်ပေါင်း ၃ဝ ကျော်ကာလအတွင်း အဆိုးရွားဆုံးသော မိုးရွာသွန်းမှုကြောင့်ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်းထောက်များကို ပြောသည်။  မိုးသည်းထန်စွာ ရွာ သွန်းမှုက ထိုင်းနိုင်ငံ၏ ထင်ရှားသော တောင်ပိုင်းကမ်းခြေများသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသွားများကိုလည်း စိတ်ပျက်စေလျက်ရှိသည်။ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော ထိုင်းတောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများမှာ ရပ်တန့်သွားမည့် အခြေအနေမရှိ ကြောင်း သတင်းများတွင် ဖော်ပြထားကာ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးခေါင်ရေကြီးမှုများ ပေါ်ပေါက်လာနိုင်ခြေ မြင့်တက်လာ ကြောင်းနှင့် ယင်းတို့အတွက် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ကြောင်းလည်း ပရာယွတ်က ဆက်လက်ပြောကြားသည်။ ထိုင်းမိုးလေဝသဌာနက ဆက်လက်ရွာသွန်းနေသည့် မိုးကြောင့် ထိုင်းတောင်ပိုင်း ပြည်နယ်ဆယ်ခုတွင် နောက်ထပ် ရေ ကြီးရေ လျှံမှုများ ဆက်ဖြစ်နိုင်သည်ဟု သတိပေးထား ကာ ထိုင်းစစ်တပ်က ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည်ဟု သိရသည်။


Ref: Bangkok Post

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191