Main menu
HOT NEWS
adv
မက်သယူး ဟာရီကိန်းမုန်တိုင်း ဒဏ်ခံရသော ဟေတီနိုင်ငံတောင်ပိုင်း၌ အငတ်ဘေးကြုံတွေ့

မက်သယူး ဟာရီကိန်းမုန်တိုင်း ဒဏ်ခံရသော ဟေတီနိုင်ငံတောင်ပိုင်း၌ အငတ်ဘေးကြုံတွေ့

ဂျယ်ရယ်မီ(ဟေတီ)၊ ဧပြီ ၎

မက်သယူးဟာရီကိန်းမုန်တိုင်း လွန်ခဲ့သော ခြောက်လ (၂ဝ၁၆ ခုနှစ် အောက်တိုဘာလ) က ဟေတီတွင် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံခန့်ဆုံးရှုံးပျက်စီးအောင် တိုက်ခတ်ခဲ့ရပြီးနောက် ဒေသခံများသည် ပျက်စီးသွားသော အိုးအိမ်များကို ပြန် လည်မဆောက်လုပ်နိုင်သေးပဲ ဂူများ၊ သစ်ပင်ကြီးများအောက်တွင် ဟေတီနိုင်ငံသားများသည် ဖြစ်သလိုနေထိုင်ကြရသည်။ ကြုံသလိုရှာ ဖွေစားသောက်နေကြရသည်။ မုန်တိုင်းကြောင့် လူ ၇ဝဝ သေဆုံးခဲ့ ရသည်။

 

ဟေတီနိုင်ငံ အနောက်တောင် ဘက်ဂျယ်ရယ်မီမြို့ပြင်ရှိ င်္Fond Rouge ဂူကြီးတစ်ခုကဲ့သို့ နေရာမျိုးတွင် ''မိသားစု ၁ဝဝ ခန့်တို့ ဖြစ်သလိုပူးပေါင်းနေထိုင်ကြရသည်''ဟု ဒုက္ခသည်တစ်ဦးဖြစ်သူ အီဒိုက သတင်းထောက်များသို့ ပြောဆိုလိုက်သည်။ ထိုမိသားစုအတွက် စတုရန်း မီတာအနည်းသယ်သာ အကျယ်အ ဝန်းရရှိသည်ဟု ၎င်းကပြောကြားလိုက်သည်။ မက်သယူးမုန်တိုင်း ကြောင့် စိုက်ခင်းများပျက်စီးခဲ့ရပြီး ယခုထိ ပြန်လည်မစိုက်ပျိုးနိုင်ကြ သေး၍ ဟေတီဒေသခံများမှာ နေ့စဉ်ဝမ်းရေးအား ကြုံသလို၊ ကျသလို ဖြေရှင်းစားသောက်နေကြရသည် ဟု ၎င်းက ဆက်လက်ပြောကြားလိုက်သည်။ ''ကျွန်တော်တို့ နိုင်ငံသားတွေဟာ နဂိုကတည်းက ခြိုးခြိုးခြံခြံနေ တတ်ကြတော့ ခုလည်းပဲ လက်ဖက်ရည်ကြမ်းနဲ့ပေါင်မုန့်စားသောက်ပြီး အသက်ရှင်နေကြရတာပဲ'' ဟု အသက် (၂၂)နှစ်အရွယ် ဂျိုချင်အေ့ (ဂ်ျ)လော့က ပြောဆိုလိုက်ကြောင်း သိရသည်။

Ref : AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191