Main menu
HOT NEWS
adv
ရုရှား စိန့်ပီတာစဘတ် ရထားဗုံးခွဲသူမှာ ကာဂျစ်စတန် အသေခံဗုံးခွဲသမားဖြစ် ဟုဆို

ရုရှား စိန့်ပီတာစဘတ် ရထားဗုံးခွဲသူမှာ ကာဂျစ်စတန် အသေခံဗုံးခွဲသမားဖြစ် ဟုဆို

ဘစ်ရှ်ကက်(ကာဂျစ်စတန်) ဧပြီ ၎

စိန့်ပီတာစဘတ် မတ်ထရိုမီးရထားအသေခံဗုံးခွဲမှုမှာ ကာဂျစ်စတန်အသေခံဗုံးခွဲသမားတစ်ဦးဖြစ် ကြောင်း၊ အဆိုပါဗုံးခွဲမှုကြောင့် လူ ၁၁ ဦးသေဆုံးကာ ဒါဇင်များစွာဒဏ် ရာရရှိခဲ့ကြောင်း ကာဂျစ်စတန်လုံ ခြုံရေးတပ်ဖွဲ့က ဧပြီ ၄ ရက်တွင် ပြောကြားလိုက်သည်။ စိန့်ပီတာစဘတ်မက်ထရို ရထားအသေခံဗုံးခွဲသူမှာ ကာဂျစ်စ တန်လူမျိုးအက္ကဘာဂျွန်ဒီဂျာလီလို့ဗ် ဖြစ်ပြီး ၁၉၉၅ ခုနှစ်ကဖွားမြင်ခဲ့ ကြောင်း၊ ကာဂျစ်စတန်လုံခြုံရေးအ ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က AFP ကိုပြောကြားခဲ့သည်။


၎င်းမှာ ရုရှားနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်နိုင်သည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။ ရုရှားစစ်ဆေးရေးအဖွဲ့ကပြောသည်မှာ ဤလုပ်ရပ်မှာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ ဒုတိယမြို့တော်တွင် ဧပြီ ၃ ရက်မွန်းလွဲပိုင်းက ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ဤပေါက်ကွဲမှုဖြစ်ရခြင်း တွင် ဖြစ်နိုင်ဖွယ်ရာအကြောင်းရင်း အားလုံးကိုရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။ ဤဖောက်ခွဲမှုအတွက် မည်သူမည်ဝါဖြစ်သည်ကိုမူ ထုတ်ဖော် ပြောကြားခြင်းမရှိသေးဟုဆိုသည်။ IS အဖွဲ့က ရုရှား၏ဆီးရီးယားရှိ ဂျီဟတ်များကို စစ်ရေးအရတိုက်ခိုက်၍ ပြန်လည်ဒဏ်ခတ်မည်ဟုပြောကြားပြီးနောက် ဤပေါက်ကွဲမှုဖြစ် ပေါ်လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အီရတ်နှင့်ဆီးရီးယားရှိ IS ဂျီဟတ်များထံတွင် ဆိုဗီယက်နိုင်ငံ ဟောင်းများမှ လူ ၇ဝဝဝ နှင့် ရုရှား မှ ၂၉ဝဝ တို့ပါဝင်တိုက်ခိုက်နေကြသည်ဟု ရုရှား FSB  ထောက်လှမ်း ရေးအဖွဲ့ကပြောကြားလိုက်သည်။


Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191