HOT NEWS
Main menu
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ဗြိတိန်တွင် ဒိုရစ်မုန်တိုင်း ဝင်ရောက်၊ တစ်ဦးသေဆုံး

လန်ဒန်၊ ဖေဖော်ဝါရီ ၂၅


ဗြိတိန်နိုင်ငံတွင် ဖေဖော်ဝါရီ ၂၃ ရက်က ဥရောပမှဝင်ရောက်လာသည့် မုန်တိုင်းဒိုရစ်ဝင်ရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ည အင်္ဂလန်အလယ်ပိုင်း Wolve-rhampton  မြို့တွင် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး မုန်တိုင်းကြောင့်လွင့်ပါလာသော အပျက်အစီးအပိုင်းအစတစ်ခုနှင့် ဦး ခေါင်းကိုထိမှန်ပြီးသေဆုံးခဲ့ကြောင်း သိရသည်။ ယင်းမုန်တိုင်းသည် လန်ဒန်မြို့ကို ဖြတ်သန်းတိုက်ခတ်စဉ် Victoria  ဘူတာရုံအနီး၌ အမျိုးသားတစ်ဦးအပေါ်အဆောက်အအုံပေါ်မှ အပျက်အစီးများပြုတ်ကျခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောသည်။

Read more...

နိုင်ဂျာတွင် ကင်းလှည့်နေသော စစ်တပ်ယာဉ်တန်းကို စစ်သွေးကြွများ ချုံခို တိုက်ခိုက်၊ စစ်သား ၁၅ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ

နီအာမေ(နိုင်ဂျာ)၊ ဖေဖော်ဝါရီ ၂၅

နိုင်ဂျာနိုင်ငံနှင့် မာလီနိုင်ငံနယ်စပ်တွင် ကင်းလှည့်နေသော နိုင်ဂျာစစ်တပ်ယာဉ်တန်းအား ဖေ ဖော်ဝါရီ ၂၃ ရက်တွင် စစ်သွေးကြွများက လမ်းခုလတ်တွင် ချုံခိုတိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးက ဖေဖော် ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည်။

Read more...

ကင်ဂျုံနမ်ကို လုပ်ကြံသည့် အဆိပ်မှာ တစ်မျိုးဖြစ်ဟု မလေးရှားရဲတပ်ဖွဲ့ ထုတ်ဖော်ပြော

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ အမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်ကို ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာ လမ်ပူလေဆိပ်တွင် အမျိုးသမီးနှစ်ဦးက အဆိပ်ဖြင့်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အဆိပ်မှာ တားမြစ်ပိတ်ပင်ထား သော ဓာတုဗေဒလက်နက်တစ်မျိုး ဖြစ်သည်ဟု မလေးရှားရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန် ပြောကြားသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS