HOT NEWS
Main menu
M ဘွယ်

M ဘွယ်

M-Bwel (Assistance Online Editor)

Website URL:

ပြည်ပလုပ်သားပို့ အေဂျင်စီများ အစိုးရထံ တင်ရသည့် အာမခံငွေကို ကျပ်သိန်း ၅ဝ မှ သိန်း ၅ဝဝ သို့ တိုးမြှင့် သတ်မှတ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပြည်ပလုပ်သားပို့ အေဂျင်စီများအစိုးရထံ တင်ထားရသည့် အာမခံငွေကို ကျပ်သိန်း ၅ဝဝ အဖြစ် တိုးမြှင့်သတ်မှတ်တော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လိုင်စင်ရအေဂျင်စီများသည် အစိုးရထံ အာမခံငွေကျပ် သိန်း ၅ဝ သာပေးသွင်းရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

Read more...

အမှန်တကယ် နေထိုင်မည့်သူများ ဝယ်ယူလာခြင်းကြောင့် မန်းအိမ်ခြံမြေ ဈေးကွက် အရောင်းအဝယ် သွက်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလိုသူ နည်းပါးနေသော်လည်း အမှန်တကယ်နေထိုင်မည့်သူများမှ ဝယ်ယူလာခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရသည်။ ပြီးခဲ့သည့်နှစ်တွင် မန္တလေး အိမ် ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလိုသူနည်းပါးနေခြင်းကြောင့် အရောင်းအဝယ် ကျဆင်းခဲ့သော်လည်း ယခုနှစ်ဆန်းပိုင်းတွင် အမှန်တကယ်နေထိုင်မည့်သူများမှ ဝယ်ယူလာခြင်းကြောင့် အရောင်းအဝယ်ပြန်သွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

Read more...

စည်ပင် လိုင်စင်ဖြင့် ဖွင့်သော တည်းခိုခန်း ဆိုင်းဘုတ်များကို မြန်မာ ဘာသာဖြင့်သာ တပ်ဆင်ရမည်

စစ်ကိုင်း၊ ဇန်နဝါရီ ၂၀

မြို့နယ်စည်ပင်သာရေးအဖွဲ့၏ ခွင့်ပြုလိုင်စင်ဖြင့် ဖွင့်ထားသော တည်းခိုခန်းများ၏ အမည်ဆိုင်းဘုတ်များနှင့် ကြော်ငြာများကို နိုင်ငံခြားသားများ နားလည်သိရှိခြင်း မရှိစေရန် မြန်မာဘာသာဖြင့်သာ ဖော်ပြရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန တိုင်း ဦးစီးမှူး ဦးအောင်သူဦးကပြောသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS