HOT NEWS
Main menu
M ဘွယ်

M ဘွယ်

M-Bwel (Assistance Online Editor)

Website URL:

သင်္ဘောများနှင့် ရေလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေစေရန် ငဝန်မြစ်အတွင်း ရေကြောင်း သတ်မှတ်ပေးထားဟု ဆို

ပုသိမ်၊ ဇန်နဝါရီ ၂၀

ပုသိမ်မြို့နယ်နှင့် ငပုတောမြို့နယ် ငဝန်မြစ်ဆိပ်ကမ်း နယ်နိမိတ်အတွင်း သင်္ဘောများနှင့် ရေလုပ်သားများကြား လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဇန်နဝါရီလဆန်းမှစတင်၍ မြစ်ကြောင်းအတွင်း လုပ်ငန်းလုပ်ဆောင်ရန် ရေကြောင်း သတ်မှတ်ပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံးမှ သိရသည်။

Read more...

တနင်္သာရီမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် အေးမွန်သာကျေးရွာ၌ အရေးပေါ် အကူအညီများ လိုအပ်နေ

မြိတ်၊ ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်ဒေသနှင့် ကျေးရွာအချို့တွင် ဇန်နဝါရီလ ပထမပတ်မှစတင်၍ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကျဆင်းမှုကြောင့် ကျေးရွာတချို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ယခုအခါ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကယ်ဆယ်ထောက် ပံ့ရေးပစ္စည်းများ အရေးတကြီးလို အပ်နေကြောင်း တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

Read more...

မန်စီမြို့နယ် အတွင်း တိုက်ပွဲများကြောင့် မိုင်းခေါင် တိမ်းရှောင်စခန်း နှစ်ခုသို့ ခိုလှုံသူ ၁ဝဝ ကျော် ထပ်မံ ရောက်ရှိ

ကချင်၊ ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်နေသောကြောင့် မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ တိမ်းရှောင်စခန်းနှစ်ခုသို့ စစ်ဘေးရှောင်ပြည်သူ ၁ဝဝ ကျော် ဇန်နဝါရီ၁၇ရက်မှ ၁၉ ရက်အထိရောက်ရှိလာနေကြကြောင်း သိရသည်။ ''ကျွန်တော်တို့ဆီမှာ အယောက်သုံးဆယ်ကျော် ထပ်တိုးလာ တယ်၊ (RC Camp) မှာက (၇၅) ယောက်ကျော် နောက်ထပ် ထပ်တိုးလာတယ်၊ ခုဒီမှာ ထပ်သွားပြန်ကြိုရမလိုလို ဖြစ်နေရတယ်၊ ခုရောက်ရှိနေတဲ့သူတွေကိုလည်း တောလမ်းကနေသွားကြို ပေးရတယ်၊ ကောင်ဂျာကျေးရွာအထိ သွားကြိုပေးရတယ်၊ ဇန်နဝါရီ ၁၉ ရက်မှာ ထပ်ရောက်လာဦးမယ်လို့ ကြားရပါတယ်''ဟု မိုင်းခေါင် နှစ်ခြင်းတိမ်းရှောင်စခန်းတာဝန်ခံ ဦးနော်မိုင်က ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS