HOT NEWS
Main menu
M ဘွယ်

M ဘွယ်

M-Bwel (Assistance Online Editor)

Website URL:

မကွေးမြို့ ရေပေးဝေရေး လုပ်ငန်းများ မတ်လကုန် ပြီးစီးမည်

မကွေး၊ ဇန်နဝါရီ ၂၀

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီD (JICA) ချေးငွေဖြင့် မကွေးမြို့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်းများ ၂ဝ၁၇ ခုနှစ် မတ်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း မြို့ နယ်ရေပေးဝေရေးတာဝန်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်က ဇန်နဝါရီ ၁၈ ရက် တွင်ပြောကြားသည်။

Read more...

ပထမတန်း သင်ရိုးအသစ်တွင် သင်ကြား သင်ယူမှု စွမ်းရည်ကို မြှင့်တင်နိုင်သည့် အကြောင်းအရာများသာ ပြောင်းလဲထားဟု ဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၀

လာမည့်ပညာ သင်နှစ်တွင် သင်ကြားမည့် ပထမတန်း သင်ရိုးအသစ်သည် လက်ရှိသင်ရိုး၏ အခြေခံသဘောတရားများကို ပြောင်းလဲမထားဘဲ သင်ကြားပုံနှင့် သင်ယူသူများ၏ စွမ်းရည်ကိုမြှင့်တင်နိုင်သည့် အကြောင်းအရာများကိုသာ ပြောင်းလဲထားကြောင်း သိရသည်။ လာမည့် ပညာသင်နှစ်တွင် ပထမတန်းကို သင်ရိုးအသစ်ဖြင့် သင်ကြားမည်ဖြစ်ပြီး အသစ်ရေးဆွဲထားသော သင်ရိုးတွင် ဘာသာရပ်ကိုးခု ရှိမည်ဖြစ်ကြောင်း၊ အသစ်ရေးဆွဲထားသော သင်ရိုးသည် ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ်စဉ်းစားနိုင်မှု၊ အသိပညာများရရှိစေရန်အတွက် ရေးဆွဲထားပြီး အဆိုပါသင်ရိုးအသစ် ၏ ရေးဆွဲထားမှုနှင့် ရည်ရွယ်ချက်များ၊ သင်ရိုး၏ သဘောတရားများကို ဆရာ၊ ဆရာမများအား ပြန်လည်သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

Read more...

ပုပ္ပား တောင်မကြီးကို ယူနက်စကိုမှ ဘူမိဗေဒ ပညာရှင်များ လာရောက် ကွင်းဆင်း လေ့လာမှုများ ပြုလုပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပုပ္ပားတောင်မကြီးကို ယူနက်စကိုမှ ဘူမိဗေဒပညာရှင်များ လာရောက်လေ့လာနေကြောင်း ပုပ္ပားတောင်ချစ်သူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးတိုးကဇန်န ဝါရီ ၁၉ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ပြောသည်။ ပုပ္ပားတောင်မကြီးကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး ယူနက်စကိုကမ္ဘာလုံးဆိုင်ရာအမိ ကမ္ဘာစခန်းသာ(UNESCO Global Geopark) အဖြစ် အဆိုပြုလွှာကို ၂ဝ၁၇ခုနှစ် ဒီဇင်ဘာလအတွင်း တင်သွင်းနိုင်ရန်အတွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် ယူနက်စကိုမှပညာရှင်များက လာရောက်လေ့လာခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်လေ့လာနေခြင်းဖြစ်ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS