Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

အစ္စရေးအရေးဖြေရှင်းရန် အမေရိကန်သမ္မတ လက်ထောက် အစ္စရေးသို့ သွားရောက်

ဂျေရုဆလင်၊ ဇူလိုင် ၂၄

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ထိပ်တန်းလက်ထောက်တစ်ဦး ဖြစ်သော ဂျေဆန်ဂရင်းဘလက်သည် အစ္စရေးဘာသာရေးမြို့တော်တွင် အဓိကရုဏ်းဖြစ်ပွားနေမှုများညှိနှိုင်းနိုင် ရေးအတွက် အစ္စရေးနိုင်ငံသို့ ဇူလိုင် ၂၄ ရက်က ခရီးထွက်ခွာသွားခဲ့သည်ဟု အမည်မဖော်ပြထားသော အမေရိကန်အရာရှိတစ်ဦးက ထုတ် ဖော်ပြောကြားလိုက်သည်။ အခြားအသေးစိတ်အချက်အလက်များ ပါဝင်ပြောဆိုခြင်းမရှိခဲ့ချေ။

Read more...

ကွန်ဂိုနိုင်ငံတွင် အာဏာသက်ရှည် အစိုးရအပေါ် ဆန္ဒပြ

ကင်ရှားဆား၊ ဇူလိုင် ၂၃

ကွန်ဂိုအတိုက်အခံအမတ်များသည် သမ္မတဂျိုးဇက်ကဘီလာကို ဆန့်ကျင်သော ဆန္ဒပြပွဲတစ်ရပ်ကို ဇူလိုင် ၂၂ ရက်က ကျင်းပခဲ့ပြီး ၂ဝဝ၁ ခုနှစ်မှစတင် ကာ အာဏာရအုပ်ချုပ်လာသော သမ္မတကဘီလာ ရာထူးမှ ဆင်း ပေးသင့်ပြီဖြစ်သည်ဟူ၍ ထုတ် ဖော်ပြောဆိုခဲ့သည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံတွင်လူဦးရေ ၇၁ သန်းရှိပြီး ရွေးကောက်ပွဲများကို ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်သည်။ သမ္မတကဗီလာသည် ဒုတိယသက် တမ်းကုန်ဆုံးသော ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ရာထူးမှဆင်း ပေးရမည်ဖြစ်သော်လည်း မဆင်းဘဲ အာဏာဆက်လက်ရယူထားဆဲဖြစ်သည်။

Read more...

ဗင်နီဇွဲလားနိုင်ငံတွင် ၄၈ နာရီကြာ နောက်ထပ် ဆန္ဒပြပွဲ ထပ်မံပြုလုပ်ဦးမည်

ကရာကတ်(စ်)၊ ဇူလိုင် ၂၃ 

ဗင်နီဇွဲလားအတိုက်အခံအမတ်များသည် သမ္မတနီကိုလာ့ပ်စ်မာဒူရိုအား ဆန့်ကျင်သော ၄၈ နာရီကြာ ဆန္ဒပြပွဲ နောက်တစ်ကြိမ်ဆင်နွှဲရန် စီစဉ်နေကြသည်ဟု ဇူလိုင် ၂၃ ရက် သတင်းများအရသိရှိရသည်။ ''သမ္မတမာဒူရိုဟာ နောက်ထပ်အာဏာတိုးချဲ့ဆုပ်ကိုင်နိုင်ဖို့အတွက် လူထုကိုအသုံးချပြီး မလိမ့်တစ်ပတ် နဲ့ ရွေးကောက်ပွဲလုပ်တယ်။ သူပြုတ် မကျမချင်း ကျွန်တော်တို့ဆက်ဆန္ဒ ပြရမှာပဲ။ နောက်ထပ် ၄၈ နာရီကြာ သပိတ်တစ်ရပ်ဆင်နွှဲမယ်''ဟု လွှတ် တော်အမတ်ဆိုင်မွန်ကယ်လ်ဇာဒီ လာကထုတ်ဖော်ပြောဆိုလိုက်သည်။ ''ဆန္ဒပြပွဲတွေက ဇူလိုင် ၂၇၊ ၂၈ ရက်နေ့လောက်မှာ နောက်ထပ် ၄၈ နာရီကြာသပိတ်ဆက်မှောက် ကြမှာပါ။ ရွေးကောက်ပွဲ ဇူလိုင် ၃ဝ ရက်နေ့မလုပ်ခင်ပေါ့''ဟူ၍လည်း ဆက်လက်ပြောကြားလိုက်သည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191