Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

မီးပုံးပျံဖြင့် ဒေသရှုခင်း ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှု လုပ်ငန်းများ မိုးတွင်းကာလ အတွင်း ရပ်နားထား

ရန်ကုန်၊ ဇွန် ၃

မီးပုံးပျံဖြင့်ဒေသ ရှုခင်းကြည့်ရှုနိုင်မည့်ဝန်ဆောင်မှုလုပ်ငန်းများ မိုးတွင်းကာလအတွင်း ရပ်နားထားပြီး အောက်တိုဘာလတွင် လုပ်ငန်းများပြန်လည်လုပ်ကိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ နိုင်ငံတကာခရီးသွားအများဆုံးလည်ပတ်ရာ ပုဂံ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ အင်းလေးဒေသတို့တွင် မီးပုံးပျံဖြင့် ဒေသရှုခင်းများကြည့်ရှုနိုင်မည့် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ရန် ဆောင်ရွက် လျက်ရှိရာ ယင်းဝန်ဆောင်မှုလုပ်ငန်းများကို မိုးတွင်းကာလအတွင်း ရာသီဥတုအနေအထား၊ ခရီးသည်များ၏လုံခြုံရေး အခြေအနေတို့ကြောင့် ရပ်နားထားမည်ဖြစ်ပြီး ယင်းဝန်ဆောင်မှုလုပ်ငန်းများကို အောက်တိုဘာ လတွင် ပြန်လည်လုပ်ကိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာနမှ သိရသည်။

Read more...

ဇင်းကျိုက်ရေတံခွန် ရှိ လုပ်ငန်းများ လေလံတင်ခဲ့ရာ ကြမ်းခင်းဈေး မြင့်တက်

ရန်ကုန်၊ ဇွန် ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်မှ လုပ်ငန်းများအားလုံးဇွန် ၂ ရက်က လေလံတင်ခဲ့ရာ ၂ဝ၁၅ ခုနှစ်က လေလံကြမ်းခင်းဈေး ထက်ကျပ်ငါးသိန်းဝန်းကျင်မြင့်တက်ခဲ့ခြင်းကြောင့် အကျိုး အမြတ်ရရှိမှုနည်းပါးနိုင်ကြောင်း လေလံဆွဲသူများထံမှ သိရှိရသည်။  ဇင်းကျိုက်ရေတံခွန်လုပ်ငန်း လေလံကြမ်းခင်းဈေးနှုန်းမြင့်တက်လာသော်လည်း ကား၊ ဆိုင်ကယ်ရပ်နားခွင့်၊ ပျံကျဈေးသည်၊ ဘောကွင်း ငှားသည့် လုပ်ငန်းများအတွက် ကောက်ခံရမည့်ဈေးနှုန်းမှာ မြင့်တက်မှုမရှိသဖြင့် ယခုနှစ်လုပ်ငန်းလုပ်ကိုင်မည့်သူများအနေဖြင့် အကျိုးအမြတ်နည်းပါးနိုင်ကြောင်း ကားဆိုင်ကယ်ငွေ ကောက်ခံလုပ်ငန်းလေလံရရှိသူကို သန့်ဇင်ဦး က ပြောသည်။  ''ကြမ်းခင်းဈေးက မနှစ်ကထက်တက်လာတယ်။ ဒါပေမဲ့ကိုယ်ကောက် ရမယ့်ငွေကျတော့ကော်မတီက ဈေး နှုန်းမတက်ပေးဘူး။ မနှစ်ကအတိုင်း ကောက်ရတယ်။ ဒီတော့အကျိုးအ မြတ်ရမှုက နည်းသွားမယ်။ ဒါပေမဲ့ ကိုယ့်မြို့အတွက်ပဲဆိုတော့လည်းလုပ်ရမှာပဲ''ဟု ကိုသန့်ဇင်ဦးကပြောသည်။  

Read more...

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ချစ်ကြည်ရေး ကားမောင်းခရီးစဉ်အဖွဲ့ မြဝတီမြို့သို့ ရောက်ရှိ

မြဝတီ၊ ဇွန် ၃

အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံကုန်သွယ်မှုမြှင့်တင် ရေးနှင့် ချစ်ကြည်ရေးကားမောင်းခရီး စဉ်အဖြစ် Bright View Travels & Tours Co.,Ltd နှင့် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ၊ အာသံပြည်နယ် အခြေစိုက် North East Fede-ration on International Trade NEFIT ၏ အစီအစဉ်ဖြင့် အိန္ဒိယ နိုင်ငံသားဧည့်သည် ၃၁ ဦးတို့သည် မော်တော်ယာဉ် ကိုးစီးဖြင့် ယနေ့ ဇွန်လ ၃ ရက်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မြဝတီမြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်ကာ မြဝတီမြို့သို့ ရောက် ရှိခဲ့ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616