Main menu
HOT NEWS
adv

မူးယစ်ဆေးဝါး သုံးစွဲသော ဝန်ထမ်းများကို ပြင်းထန်စွာ အရေးယူရန် ထိုင်းလေဆိပ်များက တိုက်တွန်း

ဘန်ကောက်၊ မေ ၂၃

ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးအာခွန်တမ်ပိတေယာပိုင်ဆစ်က ထိုင်းလေဆိပ်နှင့်လေကြောင်း လိုင်းများမှ မူးယစ်ဆေးသုံးစွဲသော ဝန်ထမ်းများကို ပြင်းထန်စွာအပြစ် ပေးရန် တောင်းဆိုလိုက်သည်။ သုဝဏ္ဏဘူမိလေဆိပ်ရှိ ထိုင်းနိုင်ငံတကာ လေကြောင်းလိုင်း(THAI) အမှု ထမ်းများကိုစစ်ဆေးခဲ့ရာ မူးယစ် ဆေးဝါးသုံးစွဲသူ ကိုးဦးကို တွေ့ရှိခဲ့ ပြီးနောက် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Read more...

WannaCry ဆိုက်ဘာ တိုက်ခိုက်မှုနောက်တွင် မြောက်ကိုရီးယား ပါဝင်ပတ်သက်နေဟု အမေရိကန်ပြော

ဆန်ဖရန်စစ္စကို၊ မေ ၂၃

ပြီးခဲ့သည့် မေ ၁၂ ရက်က WannaCry ဟု အမည်ပေးထားသော ransomware ဆိုက်ဘာတိုက်ခိုက် မှုနောက်ကွယ်တွင် မြောက်ကိုရီးယားအစိုးရပါဝင်ပတ်သက်သည်ဟု ယုံကြည်ရကြောင်း အမေရိကန် ဆော့ဝဲလ်လုံခြုံရေးကုမ္ပဏီ Syman tec က မေ ၂၃ ရက်က AFP သတင်းကိုပြောသည်။ ယင်းစွပ်စွဲချက်ကို မြောက်ကိုရီးယားအစိုးရက ငြင်းပယ်ခဲ့သော်လည်း Lazams ဟက်ကာအဖွဲ့က ၂ဝ၁၄ ခုနှစ်တွင် ဆိုနီရုပ်ရှင်ကုမ္ပဏီ တိုက်ခိုက်ခဲ့ခြင်းနှင့်ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်မှ ဒေါ်လာသန်းပေါင်းများစွာခိုးယူခဲ့ခြင်းတို့တွင် အသုံးပြုခဲ့ သော နည်းစနစ်မှာ တူညီနေကြောင်း Symantec ကပြောသည်။

Read more...

စင်ကာပူတွင် ပြဒါးဓာတ် မြင့်မားသော အသားဖြူ လိမ်းဆေးတွေ့ရှိ

စင်ကာပူ၊ မေ ၂၂

Royal Expert အသားဖြူလိမ်းဆေးတွင် ပြဒါးဓာတ်ပါဝင်မှုနှုန်းမြင့်မားနေကြောင်းတွေ့ရှိရသည်ဟု စင်ကာပူကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) က မေ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။ ပြည်သူများအနေဖြင့် အဆိုပါ အသားဖြူလိမ်းဆေးကိုမဝယ်ယူရန်နှင့် ဝယ်ယူပြီးပါကလည်း အသုံးမပြုရန် HSA က သတိပေးသည်။

Read more...

ဟန်ဂေရီ ပြည်သူ တစ်သောင်းခန့် ထောက်ပံ့ရေး ရန်ပုံငွေများနှင့် အဆင့်မြင့် ပညာရေး ဥပဒေနှင့် ပတ်သက်၍ အစိုးရကို ဆန္ဒပြ

ဘူဒါပက်၊ မေ ၂၂

ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့ တွင် လူထောင်ပေါင်းများစွာတို့သည် နိုင်ငံခြားအင်န်ဂျီအိုအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးသင် တန်းကျောင်းများနှင့်ပတ်သက်၍ မေ ၂၂ ရက်က အစိုးရအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

Read more...

ဟောင်ကောင် လေကြောင်းလိုင်းမှ စီမံခန့်ခွဲရေး ဝန်ထမ်းများ အပါအဝင် ဝန်ထမ်း ၆ဝဝ ခန့်ကို အလုပ်မှ ရပ်ဆိုင်းမည်

ဟောင်ကောင်၊ မေ ၂၂

ဟောင်ကောင် Cathay Pacific Airways Ltd တွင် တာဝန်ထမ်း ဆောင်နေသော စီမံခန့်ခွဲရေးဝန် ထမ်း ၁၉ဝ နှင့် အခြားဝန်ထမ်း ၄ဝဝ ကျော်ကို ဇွန်လတွင် အလုပ်မှ ရပ်ဆိုင်းလိုက်မည်ဟု မေ ၂၂ ရက် တွင်ပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616