Main menu
HOT NEWS
adv

အိန္ဒိယ မြောက်ပိုင်းတွင် မိုးကြိုးမုန်တိုင်း တိုက်ခတ် လူ ၂၄ ဦးသေဆုံး

နယူးဒေလီ၊ မေ ၃ဝ


အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒတ်ရှ်ပြည်နယ်နှင့် ဥတ္တရာခန်းပြည်နယ်တို့တွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်၍ အနည်းဆုံးလူ ၂၄ ဦး သေဆုံးခဲ့ရကြောင်း၊ မိုးကြိုးမုန်တိုင်း ကြောင့် အိမ်တိုင်များပြိုလဲသဖြင့်လူများသေ ဆုံးခဲ့ရကြောင်း သက်ဆိုင်ရာအရာရှိများကပြောခဲ့သည်။ ဥတ္တရာပရာဒတ်ရှ်ပြည်နယ်တွင် မိုးကြိုးမုန်တိုင်းကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ရသည်။ ပြည်နယ်အတွင်း နေရာအနှံ့၌ မိုးကြိုးမုန်တိုင်းမှာ မေ ၂၇ ရက်မှစ ၍ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ အဓိကလူ သေဆုံးမှုမှာ သစ်ပင်များအမြစ်မှ ကျွတ်လဲပြိုခြင်း၊ အဆောက်အအုံများပျက်စီးခြင်းတို့ ကြောင့်ဖြစ်ရသည်ဟု ဆိုသည်။

Read more...

၁၉ နှစ်အရွယ် မိန်းကလေးက ကမ္ဘာ့ အကြီးဆုံး ကလေးမွေးဖွား

ကာနာတာကာ

အိန္ဒိယနိုင်ငံမှာ ၁၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တစ်ဦးက ကမ္ဘာ့အကြီးဆုံး ကလေးငယ်တစ်ဦးကို မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကမ္ဘာ့အကြီးဆုံးကလေးငယ်လေးကို မွေးဖွားခဲ့တဲ့ အမျိုးသမီး ငယ်လေးက တော့ နန်ဒီနီလို့ အမည်ရပါတယ်။

Read more...

မြောက်ကိုရီးယား၏ ပဲ့ထိန်း ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယားပြော

ဆိုးလ် မေ ၃၁

မြောက်ကိုရီးယားနိုင်ငံသည် အင်္ဂါနေ့တွင် လက်ရှိ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ပြီး ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအသစ်တစ်ခုကို ပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မမြင်ဖြစ်ခဲ့ပုံရကြောင်း တောင် ကိုရီးယား၏ ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။ မြောက်ကိုရီးယားနိုင်ငံက အရှေ့လဘက်ပင်လယ်ကမ်းခြေဒေသမှ တာတိုပစ်ဒုံးကျည်များကို ပုံမှန်စမ်းသပ် ပစ်ခတ်နေသော်လည်း ကုလသမဂ္ဂက မြောက်ကိုရီး ယားနိုင်ငံကို  မည်သည့် ပဲ့ထိန်းဒုံးကျည်နည်းပညာကိုမျှ အသုံးပြုခြင်း မပြုရန် တားမြစ်ထားသည်။

Read more...

ညအချိန် ကမ်းခြေရေဆင်းချိုးသူ အမျိုးသမီးတစ်ဦး သြစတြေးလျ ၌ မိကျောင်း အကိုက်ခံရ

ဆစ်ဒနီ၊ မေ ၃၀

သြစတြေးလျနိုင်ငံမြောက်ပိုင်းကမ်းခြေတစ်ခု၌ ညဥ့်နက်ပိုင်း ရေဆင်းကူးသူအမျိုးသမီးနှစ်ဦးအနက် တစ်ဦးအားမိကျောင်းအကိုက်ခံရသည်ဟု သတင်းများအရသိရှိရသည်။ အမျိုးသမီးနှစ်ဦးစလုံးသည် အသက် ၄၀ နှစ် ခန့်ရှိကြပြီး ကွင်းစလန် ပြည်နယ် မြောက်ဘက်သွန်တမ် ကမ်းခြေသို့ မေလ ၂၉ ရက်နေ့က အေးအေးလူလူလမ်းလျှောက်ရာမှ ည ၁၀နာရီမိနစ် ၃၀အချိန်ခန့်တွင် ခါးလယ်ခန့် အနက်ရှိသော ရေတိမ်၌ ရေဆင်းကူးရာမှ မိကျောင်းအကိုက်ခံလိုက်ရခြင်းဖြစ်သည်ဟု ရဲအရာ ရှိဂူဆဲ(လ်) ပါကာကပြောဆိုလိုက်သည်။

Read more...

ထိုင်း အခြေခံဥပဒေမူကြမ်း လူထုဆန္ဒ ခံယူပွဲတွင် မဲပေးရန် အများစုက ဆုံးဖြတ်ချက် မချရသေးဟု ဆို

ဘန်ကောက်၊ မေ ၂၉


လာမည့် သြဂုတ် ၇ ရက်တွင် ကျင်းပမည့် ထိုင်းအခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲတွင် မဲပေးရန် သို့မဟုတ် မဲမပေးဘဲနေရန် ယခုအချိန်အထိ ထိုင်းပြည်သူအများစုသည် ဆုံးဖြတ်ချက်မချရသေးကြောင်း အမျိုးသားဖွံ့ဖြိုးမှုစီမံခန့်ခွဲရေးအင်စတီ ကျုမှ ကောက်ယူခဲ့သောစစ်တမ်းအရ သိရကြောင်း မေ ၂၉ ရက် ဘန် ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။  Nida Poll  အဖွဲ့သည် အသက် ၁၈ နှစ်အထက် အလုပ်အကိုင်အမျိုး မျိုးနှင့် ပညာရေးနောက်ခံအမျိုးမျိုး ရှိသော ထိုင်းပြည်သူ ၁၅၀၀ ကို မေးခွန်းများမေးမြန်းပြီး စာရင်းအင်းတွက်ချက်နည်းဖြင့် တွက်ချက်ခန့်မှန်းထားသည်။ ယင်းအဖွဲ့၏စစ်တမ်းအရ မဲဆန္ဒရှင် ၃၉ ဒသမ ၅၃ ရာခိုင်နှုန်းသည် မဲပေးရန်ဆုံးဖြတ်ချက်မချရ သေးကြောင်း၊ ၃၂ ဒသမ ၀၇ ရာခိုင် နှုန်းသည် မဲပေး မည်ဖြစ်ကြောင်း၊ ၁၉ ဒသမ ၇၃ ရာခိုင်နှုန်းသည် မဲ ရုံသို့သွားရောက်မည်ဖြစ်ကြောင်း၊ သို့သော် မဲပေးခြင်းပြုလုပ်မည်မဟုတ် ကြောင်း၊ ၈ ဒသမ ၆၇ ရာခိုင်နှုန်းသည် ကန့်ကွက်မဲပေးမည်ဖြစ်ကြောင်း သိ ရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191