Main menu
HOT NEWS
adv

ဒုက္ခသည် ရာပေါင်းများစွာပါသော လှေတစ်စင်း ဂရိ ကမ်းလွန်ပင်လယ်ပြင် တွင် နစ်မြုပ်

အေသင်၊ ဇွန် ၃


ရာနှင့်ချီသော ဒုက္ခသည်များလိုက်ပါလာသည့် လှေတစ်စင်းသည် ဇွန် ၃ ရက်တွင် ဂရိနိုင်ငံ ခရီတဲကျွန်း၏ တောင်ဘက် ရေမိုင် ၇၅ မိုင်အကွာ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည်။ ၂၅ မီတာရှည်သော အဆိုပါဒုက္ခ သည် လှေရေအောက်သို့ တစ်ဝက်ခန့်နစ်မြုပ်နေချိန်တွင် ပတ် ဝန်းကျင်ရှိ သင်္ဘောတစ်စင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Read more...

ကမ္ဘာကျော် ပက်စီကိုလာ အချိုရည် အမှုဆောင် အရာရှိချုပ် Roger Enrico ကွယ်လွန်

ကေးမင်းကျွန်းစု၊ ဇွန် ၃


ကမ္ဘာကျော် ပက်စီကိုလာ အချိုရည်ကုမ္ပဏီကြီး၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ရိုဂျာအင်ရီကို ၇၁ နှစ်သည် Grand Cayman ကျွန်းအပန်းဖြေစခန်းတွင် ဇွန် ၂ ရက် နေ့က လူကြီးရောဂါဖြင့် ရုတ်တရက် သေဆုံး သွားခဲ့ရကြောင်း မိသားစု၏ပြောကြားချက်ကို ဇွန် ၃ ရက်နေ့က နယူးယောက်တိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည်။

Read more...

အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် တရုတ်သင်္ဘောများ ပါဝင်လေ့ကျင့်မည်

ပေကျင်း၊ ဇွန် ၃


တရုတ်ရေတပ်မတော်သည် ယခုနှစ်နွေရာသီတွင် အမေရိကန် ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် မိမိတို့၏ စစ်င်္ဘောငါးစင်းအားပေးပို့ကာ ပါဝင်ဆောင်ရွက်သွားမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးက ဇွန် ၂ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ စစ်သင်္ဘောနှစ်စင်း၊ ဆေးရုံသင်္ဘောတစ်စင်းတို့သည် အမေရိကန် ရေတပ်၏ လေ့ကျင့်ပစ်ခတ်ခြင်း၊ ပင်လယ်ဓားပြများအား နှိမ်နင်းခြင်း နှင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ် ရေးများ၌ ပူးပေါင်းလေ့ကျင့်သွားမည်ဟုလည်း ပြောကြားလိုက်သည်။

Read more...

ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ ဆေးရုံတက်ရ

လော့စ်အိန်ဂျလိစ်၊ ဇွန် ၃


ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ ချန်ပီယံဟောင်း ကာစီးယာ့စ်ကလေး ခေါ် မိုဟာမက်အလီသည် အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာဖြင့် ၎င်းနေထိုင်ရာ ဖီးနစ်မြို့ဆေးရုံသို့ အလျင်အမြန်တင်ပို့ခဲ့ရသည်ဟု ၎င်း၏ ပြောရေး ဆိုခွင့်ရှိသူက ဇွန် ၂ ရက်က ပြောဆိုလိုက်သည်။

Read more...

ပြင်သစ်တွင် မိုးသည်းထန်၍ စိန်းမြစ် ရေကြီး သဘာဝဘေးဆိုင်ရာ အရေးပေါ် အခြေအနေကြေညာ

ပဲရစ်၊ ဇွန် ၃


ပြင်သစ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲရစ်မြို့လယ်မှ ဖြတ်သန်းစီးဆင်းသော စိန်း မြစ်ရေသည် နှစ်ပေါင်း ၃ဝ အတွင်း အမြင့်ဆုံးစိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ရာ ပြင်သစ်သမ္မတက ပဲရစ်မြို့ကို သဘာ ဝဘေးအန္တရာယ်ရှိကြောင်း ကြေညာခဲ့သည်။ ယခုအခါ မြစ်ရေ မြင့်တက်မှုကြောင့် ကမ်းပါးများရေလျှံကာ လုဗ်ပြတိုက် မြေညီထပ်သို့ပင် ဇွန် ၃ ရက်က ရေရောက်ရှိနေမှု ကြောင့် ပြတိုက်မြေအောက်ခန်းတွင်းမှ အနု ပညာလက်ရာပစ္စည်းများကို ရေလွတ်ရာသို့ ပြောင်းပေးနေရသည်ဟု သတင်းများအရ သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191