Main menu
HOT NEWS
adv

ပီရူးနိုင်ငံ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဖူဂျီမိုရီ ဆန္ဒသဘောထားခံယူရာ ၅၁ ဒသမ ၄ ရာခိုင်နှုန်း မဲရရှိနေ

လီမာ၊ မေ ၉

 
ပီရူးနိုင်ငံသမ္မတရွေးချယ်ပွဲတွင် Popular Force (FP) ပါတီမှ ကီကိုဖူဂျီမိုရီသည် ၅၁ ဒသမ ၄ ရာခိုင်နှုန်း အသာမဲဖြင့် ဆန္ဒခံယူပွဲတွင်ဦးဆောင်ရရှိနေသည်ဟု ဒေသန္တရမီဒီယာများက မေ ၉ ရက်က ဖော်ပြခဲ့သည်။ ဖူဂျီမိုရီသည် အစ်(ပ)ဆော့မဲရုံမှ ရရှိသောစာရင်းများအရ ပီရူး ပြောင်းလဲရေးပါတီမှ ကွန်ဆာဗေး တစ်ပြိုင်ဘက်လောင်း ပီဒရိုကူဇင် စကီးထက် ၂ ဒသမ ၈ ရာခိုင်နှုန်း မဲအသာစီးရရှိနေသည်ဟု ပီရူးနေ့စဉ် သတင်းစာ အယ်လ်ကော်မာရှီယိုက ဖော်ပြလိုက်သည်။

Read more...

ဖိလစ်ပိုင် ရွေးကောက်ပွဲကျင်းပ၊ သမ္မတလောင်း ဒူတာတေကို လူကြိုက်များနေ

မနီလာ၊ မေ ၉


တနင်္လာနေ့တွင် ဖိလစ်ပိုင်ရွေးကောက်ပွဲကို စတင်ကျင်းပခဲ့သည်။ သမ္မတသစ်ကို ရွေးချယ်ကြမည်ဖြစ်သည်။ သြဇာရှိအထက် တန်းလွှာဆန့်ကျင်သူ၊ တက်ကြွလှုပ်ရှားသူ ရိုဒရီရိုဒူတာတေကို လူကြိုက်များနေသည်။ က မဲဆွယ်စဉ် ရာဇဝတ်မှုများကို သုတ်သင်ရှင်းလင်းပစ်ရန် သန္နိဋ္ဌာန်ချထားကြောင်း ပြောခဲ့သည်။ ရွေး၎င်းကာက်ပွဲမဲရုံကို နံနက် ၅ နာရီ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ မဲပေးမှုကို ညနေ ၅ နာရီအထိ လုပ်ဆောင်သွား မည်ဟု ရွေးကောက်ပွဲကော်မရှင်ကဆိုသည်။ ဒူတာတေမှာ ဖိလစ်ပိုင်တောင်ပိုင်း ဒါဗိုးမြို့တော်ဝန်အဖြစ် အချိန်ကြာမြင့်စွာ ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အခြား သမ္မတလောင်းပြိုင်ဘက်များကို လွှမ်းမိုးထားသည်။ စစ်တမ်းများအရ ဒူတာတေက ရှေ့ဆောင်နေသည်။ ၎င်းသည် မဲဆွယ်ရာ၌ အဓိကပြဿနာရောဂါဆိုးနှစ်ခုဖြစ်သည့် ရာဇဝတ်မှုနှင့် ဆင်းရဲမွဲတေမှုများကို ပယ် ဖျောက်ပေးသွားမည်ဟုပြောခဲ့သည်။

Read more...

တရုတ်တွင် မြေပြိုမှုဖြစ်ပွား၊ ၃၁ ဦးသေ၊ ခုနစ်ဦး ပျောက်ဆုံး

ပေကျင်း၊ မေ ၉


တရုတ်နိုင်ငံအရှေ့တောင်ဘက် ဖူရှန်းပြည်နယ် ထိန်နန်းစီရင်စုတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မေ ၈ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၃၁ဦး သေဆုံးကာ ခုနစ်ဦးပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု မေ ၉ ရက်က သိရသည်။ ကုဗမီတာ ၁ဝဝဝဝဝ ခန့်ရှိ ရွှံ့ညွန် နှင့်ကျောက်ခဲများသည် မေ ၈ ရက် နံနက်အချိန်က ရုတ်တရက် ပြိုဆင်းလာကာ ဆောက်လုပ်ဆဲရေအားလျှပ်စစ် စက်ရုံနှင့် ရုံးခန်းများအား ဖုံးလွှမ်းသွားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။

Read more...

ရဝမ်ဒါ မြို့တော်ဝန်ဟောင်းနှစ်ဦး လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ပြင်သစ်တွင် ရုံးတင်စစ်ဆေးမည်

ပဲရစ်၊ မေ ၈


၁၉၉၄ ခုနှစ်တွင် ရဝမ်ဒါနိုင်ငံ၌ လူမျိုးစုနှစ်ခုအကြား ပဋိပက္ခဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှု တွင် ပါဝင်ပတ်သက်သည့် ရဝမ်ဒါ မြို့တော်ဝန်ဟောင်း နှစ်ဦးကို မေ ၁ဝ ရက်တွင် ပြင်သစ်၌ရုံးတင်စစ် ဆေးမည်ဟု သိရသည်။ ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်သော တရားခံများကို ပြင်သစ်၌ ဒုတိယအကြိမ် ရုံးတင်စစ်ဆေးခြင်းဖြစ် သည်။ ၁၉၉၄ ခုနှစ်တွင် ရဝမ်ဒါ၌ တူစီနှင့်ဟူတူလူမျိုးစုနှစ်စုအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ရက်ပေါင်း ၁ဝဝ အတွင်းလူပေါင်းရှစ်သိန်းကျော် သေဆုံးခဲ့သည်။ လူနည်းစုတူစီများကို ဟူတူအမျိုးသားရေးဝါဒီများက သတ် ဖြတ်ရာ အစိုးရကပါဝင်ပတ်သက် ခဲ့ကြောင်းသိရသည်။

Read more...

ကိုင်ရိုမြို့ ဆင်ခြေဖုံးတွင် အီဂျစ်ရဲရှစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရ၍သေဆုံး

ကိုင်ရို၊ မေ ၈


အမျိုးအမည်မသိ သေနတ်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်ဝတ်အရပ်စားဖြင့် အသွင်ယူတာဝန်ထမ်းဆောင်နေသူ ရဲအရာရှိတစ်ဦးအပါအဝင် ရှစ်ဦး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ပိုင်း  ဟဲလ်ဝန်မြို့ တွင် သေဆုံးသွားခဲ့ရ သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက မေ ၈ ရက်က သတင်းထုတ်ပြန်ပြော ဆိုလိုက်သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191