Main menu
HOT NEWS
adv

လန်ဒန်မြို့တွင် တစ်ညအတွင်း အက်စစ်နှင့် တိုက်ခိုက်မှု ငါးကြိမ်ဖြစ်ပွား

လန်ဒန်

လန်ဒန်မြို့တွင် မကြာသေးခင်က အက်စစ်နှင့်တိုက်ခိုက်မှု ငါးကြိမ်ဖြစ်ပွားခဲ့ပြီး ထိုဖြစ်ရပ်နှင့် ပတ်သက်၍ လူနှစ်ဦးကို ဖမ်းဆီး ထားသည်ဟုသိရသည်။ ထိုတိုက်ခိုက်မှု အားလုံးမှာ ကြာသပတေးနေ့ညတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိသည်ဟု လန်ဒန်ရဲတပ်ဖွဲ့က သောကြာနေ့တွင်ထုတ်ပြန်သည်။ တိုက်ခိုက်မှု ငါးခုအတွင်း အမျိုးသားတစ်ဦး၏ မျက်နှာတွင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ပြီး တိုက်ခိုက်မှုများ အားလုံးသည် မိနစ် ၇ဝ အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသည် ဗြိတိန်မြို့တော်တွင် ဖြစ်ပွားသည့် နောက်ဆုံးသော အက်စစ်အသုံးပြုသည့် တိုက်ခိုက်မှုများလည်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

Read more...

လျူရှောင်ဘို ကွယ်လွန်မှုအတွက် ကမ္ဘာ့နိုင်ငံများ ဝမ်းနည်းစကား ဆို

ပဲရစ်၊ ဇူလိုင် ၁၄

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တရုတ်နိုင်ငံသား လျူရှောင်ဘိုကွယ် လွန်မှုအတွက် ကမ္ဘာ့နိုင်ငံများက ဝမ်းနည်းစကားဆိုခဲ့ကြောင်း ဇူလိုင် ၁၄ ရက် AFP သတင်းတွင် ဖော်ပြပါရှိသည်။ တရုတ်ကွန်မြူနစ်အစိုးရကို ဆယ်စုနှစ်နှင့်ချီ အတိုက်အခံလုပ်ခဲ့ ပြီး လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သော လျူရှောင်ဘိုသည် ကင်ဆာရောဂါဖြင့် ထောင်ဆေးရုံတွင် ဇူလိုင် ၁၃ ရက်၌ ကွယ်လွန်ခဲ့ သည်။ နိုင်ငံရေးလှုပ်ရှားမှုများ ကြောင့် အကြိမ်ကြိမ်ထောင်ကျခဲ့ သော လျူရှောင်ဘိုသည် ၂ဝဝ၉ ခုနှစ်တွင် ထောင်ဒဏ် ၁၁နှစ်ချမှတ် ခံခဲ့ရသည်။

Read more...

ဂျေရုဆလင်မြို့၌ သေနတ်သမား သုံးဦးက အစ္စရေးရဲများကို အကြမ်းဖက် ပစ်ခတ်၊ သေနတ်သမား သုံးဦး အသေ ဖမ်းမိ

ဂျေရုဆလင်၊ ဇူလိုင် ၁၄

ဇူလိုင် ၁၄ ရက်က ဂျေရုဆလင်မြို့ဟောင်းရှိ အယ်လ်အာ့က ဆာဝတ်ကျောင်းနေရာတွင် အစ္စရေးရဲအဖွဲ့အား အကြမ်းဖက်သမားသုံးဦးက သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲများက ¤င်းတို့ကို ပြန်လှန်ပစ်ခတ်ကာ အသေဖမ်းဆီးလိုက်နိုင်ခဲ့သည်။ အကြမ်းဖက်သမားများပစ်ခတ်၍ ရဲသုံးဦး ဒဏ်ရာများရရှိသွားကာ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု အစ္စရေးရဲအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ မစ်ကီရိုဆန်ဖီးလ်က ပြောဆိုလိုက်သည်။

Read more...

သမ္မတထရန့်၏ သားနှင့် သမက်တို့ ရုရှားအရာရှိများနှင့် တွေ့ဆုံမှု မီဒီယာများက ဝေဖန်

ဝါရှင်တန်၊ ဇူလိုင် ၁၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သားအကြီးဖြစ်သူ ထရန့် (ဂျူနီယာ)သည် ရွေးကောက်ပွဲကာလ အချိန်များအတွင်းက သမ္မတလောင်း တစ်ဦးဖြစ်သူ ဟီလာရီကလင်တန်၏လျှို့ဝှက်သတင်းများရယူရန် ရုရှားအရာရှိတစ်ဦးနှင့် တွေ့ဆုံခဲ့ ခြင်းနှင့် သမက်တော်စပ်သူ ဂျာရက်ကူ(ရှ်)နာ၏ ထရန့်အနိုင်ရရှိရေး လှုပ်ရှားဆောင်ရွက်မှုများအပေါ် ပြည်တွင်းပြည်ပမီဒီယာများက ပြစ် တင်ပြောဆိုနေကြသည်ဟု ဇူလိုင် ၁၄ ရက် သတင်းများအရ သိရသည်။

Read more...

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တရုတ်အတိုက်အခံ လွီရှောင်ဘို အသည်းကင်ဆာဝေဒနာဖြင့် ကွယ်လွန်

ရှန်ယန်း ဇူလိုင် ၁၄  ။   ။၁၉၈၉ ခုနှစ် တီယန်မန်ရင်ပြင် ဒီမိုကရေစီအရေးလှုပ်ရှားခဲ့ချိန်ကတည်းက အတိုက်အခံဖြစ်ခဲ့သော တရုတ်နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် လွီရှောင်ဘိုသည် အသည်းကင်ဆာနောက်ဆုံးအဆင့်ကို ကုသရန် နိုင်ငံမှ ထွက်ခွာခွင့်ကို ငြင်းပယ်ခံလိုက် ရပြီးနောက် ကြာသပတေးနေ့ (ဇူလိုင် ၁၃) တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191