Main menu
HOT NEWS
adv

ပင်လယ်ကွေ့ အရေးအခင်းကို စေ့စပ်ဆွေးနွေးဖြေရှင်းရန် ကူဝိတ်၊ အမေရိကန်နှင့် ဗြိတိန် တိုက်တွန်း

ကူဝိတ်စီးတီး၊ ဇူလိုင် ၁၁

ကူဝိတ်၊ အမေရိကန်ပြည် ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့သည် ယခုထိမရှင်းလင်းနိုင်သေးသော ပင်လယ်ကွေ့ပြဿနာကို ဘက် ပေါင်းစုံမှ အလေးထားစဉ်းစားသုံးသပ်ပြီး ဆွေးနွေးတိုင်ပင်အဖြေရှာသင့်သည်ဟု ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ကြောင်း KUNA သတင်းအေဂျင်စီက ဇူလိုင် ၁၁ ရက် တွင် ဖော်ပြပြောဆိုလိုက်သည်။

Read more...

တောင်ကိုရီးယားမှ T-50 ဂျက်တိုက်လေယာဉ် ၁၂ စင်းဝယ်ယူရန် ထိုင်းအစိုးရပြင်ဆင်နေ

ဘန်ကောက်၊ ဇူလိုင် ၁၁ 

ထိုင်းလေတပ်တွင် အသုံးပြု ရန် အသံထက်မြန်သော T-50  ဂျက် တိုက်လေယာဉ်ရှစ်စင်း တောင်ကိုရီးယားမှ ထပ်မံဝယ်ယူရန် ထိုင်းဝန် ကြီးအဖွဲ့အတည်ပြုချက်ရယူရန် ပြင်ဆင်နေကြောင်း ဇူလိုင် ၁၁ ရက်တွင် ဒုတိယဝန်ကြီးချုပ် Prawit Wongsuwon က ပြောသည်။

Read more...

မိုဆူးလ်ကို IS များလက်တွင်းမှ အီရတ်တပ်ဖွဲ့များက ပြန်သိမ်းနိုင်

မိုဆူးလ်၊ ဇူလိုင် ၁၁

IS များလက်မှ မိုဆူးလ်မြို့ကို အီရတ်တပ်ဖွဲ့များက သိမ်းပိုက်နိုင် ခဲ့ပြီးနောက် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာဒီက ဇူလိုင် ၁ဝ ရက်တွင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

Read more...

ဂျပန်နိုင်ငံ၏ အိုကီနိုရှီမာ ကျွန်းကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် ယူနက်စကို အဖွဲ့သတ်မှတ်

တိုကျို၊ ဇူလိုင် ၁ဝ

ဂျပန်နိုင်ငံ ဖူကူယိုကာနယ်မြေ မာနာကာတာဒေသရှိ အိုကီနိုရှီမာကျွန်းနှင့် ၎င်း၏အဝိုင်းအဝန်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် ပိုလန်နိုင်ငံ ဝါဆောမြို့တွင်ကျင်းပသည့် ယူနက်စကို၏ (၄၁) ကြိမ်မြောက်အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း CNA သတင်းက ဖော်ပြခဲ့သည်။ အဆိုပါကျွန်းမှာ ဂျပန်ကျွန်းမ ကြီးကျူရှူးကျွန်းနှင့်အနောက်တောင်ဘက် ကိုရီးယားကျွန်းဆွယ်တို့အကြား၌တည်ရှိသည်။ အိုကီနိုရှီမာကျွန်းတွင် ၁၇ ရာစုအိုကစ်ဆူမီယာဂူဗိမာန်တည် ရှိသည်။ သင်္ဘောသားများက အန္တ ရာယ်ကင်းရန် ဤဂူဗိမာန်တွင်ဆု တောင်းလေ့ရှိကြသည်ဟုဆိုသည်။

Read more...

ကနေဒါ တောမီးဒုက္ခသည်များကို အကူအညီပေးရန် ကနေဒါ ဒေါ်လာသန်း ၁ဝဝ သုံးစွဲမည်

မွန်ထရီယယ်၊ ဇူလိုင် ၁ဝ

ကနေဒါနိုင်ငံ အနောက်ပိုင်း British Columbia ပြည်နယ်တွင် တောမီးလောင်ကျွမ်းသဖြင့် နေရပ် စွန့်ခွာထွက်ပြေးနေရသူ ထောင် ပေါင်းများစွာကို အကူအညီပေးရန် ရန်ပုံငွေ ကနေဒါဒေါ်လာသန်း ၁ဝဝ သုံးစွဲမည်ဟု ပြည်နယ်ဝန်ကြီးချုပ် Christy Clark က ဇူလိုင် ၁ဝ ရက်တွင် AFP သတင်းကိုပြောသည်။ကနေဒါနိုင်ငံ အနောက်ပိုင်းတွင် အပူလှိုင်းဖြတ်ခြင်းကြောင့် ပူ ပြင်းခြောက်သွေ့သောရာသီဥတုနှင့် ရင်ဆိုင်နေပြီး British Columbia ပြည်နယ်တွင် တောမီးလောင်မှုများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံ ၇၅ဝဝ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ မီးသတ်သမား ၁ဝဝဝ ကျော် ဖြင့် တောမီးငြှိမ်းသတ်ရန်ကြိုးစား နေပြီး ပြည်နယ်တွင်အရေးပေါ်အ ခြေအနေထုတ်ပြန်ကြေညာထား ကြောင်း Christy Clark ကပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191