HOT NEWS
Main menu
adv

ဆီးရီးယား မြို့တစ်မြို့ရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များအား ထပ်မံဖျက်ဆီးရန် IS စစ်သွေးကြွအဖွဲ့ ကြိုးစားနေကြောင်း ရုရှားပြောကြား

မော်စကို၊ ဖေဖော်ဝါရီ ၁၄

ဆီးရီးယားနိုင်ငံ၏ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် Palmyraမြို့တွင် ကျန်ရှိနေသော ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ပစ္စည်းများအား ဖျက်ဆီးရန် IS စစ်သွေးကြွအဖွဲ့ ကြိုးပမ်းနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။ Palmyra မြို့တွင် IS စစ်သွေးကြွအဖွဲ့၏ လှုပ်ရှားမှုများ မြင့်တက်လာသည်ကို ရုရှား မောင်းသူမဲ့လေယာဉ်ဖြင့် ထောက်လှမ်းတွေ့ရှိခဲ့ပြီး ယင်းလှုပ်ရှားမှုများသည် IS တို့က ၎င်းတို့ မဆုတ်ခွာခင် ဗိသုကာလက်ရာများအား ထပ်မံဖောက်ခွဲဖျက်ဆီးပစ်ရန် ဖောက်ခွဲရေး ပစ္စည်းများအား သယ်ဆောင်နေခြင်းကို ညွှန်ပြနေကြောင်း သိရသည်။

Read more...

သောင်တင်နေသော ဝေလငါး ၁ဝဝ ကျော်ကို နယူးဇီလန် စေတနာ့ ဝန်ထမ်းများက ကယ်ဆယ်

ဝယ်လင်တန်

နယူးဇီလန်နိုင်ငံ၏ ဝေးလံခေါင်ဖျားသော ကမ်းခြေတစ် နေရာသို့ လာရောက်သောင်တင်နေသော ဝေလငါး အကောင်  ၄ဝဝ ခန့်မှ အကောင် ၁ဝဝ ခန့်ကို စေတနာ့ဝန်ထမ်းများက ရေထဲသို့ ပြန်လွှတ်ပေးခဲ့ရသည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ထိုငါးများသည် ဆောက်အိုင်းစ်လန်းကျွန်း၏ အစွန် အဖျားရှိ နေရာတစ်ခုတွင် သောင်တင်နေ ခြင်းဖြစ်ကြောင်း၊ သောင်တင်နေ သော ဝေလငါးများမှ အများစုမှာ သောကြာနေ့ ည၌ပင် သေဆုံးသွားကြောင်း၊ အသက်မသေဘဲ ကျန်ရစ် သော ငါးများမှာ စေတနာ့ဝန်ထမ်းများ၏ အကူအညီဖြင့် ရေထဲသို့ပြန် ရောက်သွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

Read more...

တောင်ကိုရီးယား သာသနာပြု ၃၂ ဦးကို တရုတ်နိုင်ငံက နှင်ထုတ်

ဆိုးလ်-

တရုတ်နိုင်ငံက တောင်ကိုရီးယား သာသနာပြု ၃၂ ဦးကို နိုင်ငံအတွင်းက နှင်ထုတ်ခဲ့သည်ဟု တောင်ကိုရီးယားအာဏာပိုင်များက စနေနေ့တွင် ပြောသည်။ အမေရိကန်တို့၏ THAAD ဒုံးကျည်အရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုသို့နှင်ထုတ်ခဲ့ခြင်းလည်း ဖြစ် သည်။  နှင်ထုတ်ခံရသည့် သာသနာပြုများမှာ မြောက်ကိုရီးယား နှင့် နယ်စပ်အနီးရှိ တရုတ်နိုင်ငံ၏ ယန်ဂျီဒေသတွင် အခြေစိုက်သူ များဖြစ်ပြီး ယင်းတို့မှ အချို့မှာ အဆိုပါဒေသသို့ လွန်ခဲ့သောဆယ်စု နှစ်ကတည်းက ရောက်ရှိနေသူများဟု တောင်ကိုရီးယား သတင်းဌာနများတွင် ဖော်ပြထားသည်။

Read more...

ဘရာဇီး ရဲများက တစ်ပတ်ကျော် ကြာ ဆန္ဒပြမှုကို ရပ်ဆိုင်း

အက်စ်ပီရီတိုဆန်တို

တစ်ပတ်ကြာ ဆန္ဒပြမှုကို ပုန်ကန်မှုအဖြစ် အရေးယူမည်ဆိုသည့် ခြိမ်းခြောက်မှု ထွက်ပေါ်လာပြီးနောက် ဘရာဇီးနိုင်ငံ အက်စ်ပီရီတိုဆန်တိုပြည်နယ်မှ ရဲများက လုပ်ငန်းခွင် ပြန်ဝင်ရန် သဘောတူခဲ့သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြသည်။  ရဲများ၏ဆန္ဒပြမှုက ပြည်နယ်တွင်း လုံခြုံရေးလစ်ဟာမှုနှင့် အကြမ်းဖက်မှုများကို ဖြစ်စေခဲ့ကာ ထိုအကြမ်းဖက်မှုများအတွင်း လူပေါင်း ၁၂ဝ ခန့် အသတ်ခံခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များက လစာတိုးမြှင့်ပေးရန် ပိတ်ဆို့ခြင်း ဖြင့် ဆန္ဒပြမှုကို စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Read more...

ဟောင်ကောင် မြေအောက် ဘူတာရုံအတွင်း မီးရှို့ တိုက်ခိုက်မှုဖြစ်ပွား

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၂

ဟောင်ကောင်ရဲတပ်ဖွဲ့သည် Tsim Sha Tsui  မြေအောက်မီး ရထားဘူတာရုံ၌ ဖေဖော်ဝါရီ ၁ဝ ရက် ည ၇ နာရီ ၁၅ မိနစ်(ဂရင်းနစ်စံ တော်ချိန် ၁၃၁၅) လူအသွားအလာ ရှုပ်ထွေးများပြားနေချိန်၌ မီးရှို့ တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး လူ ၁၈ ဦး ဒဏ်ရာများရရှိသွားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ အသက် (၆ဝ) နှစ်ရှိ Cheung ဆိုသူအား ဖမ်းဆီးရမိထားသည်ဟု ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

Read more...
adv

adv

FacebookG+TwitterRSS