Main menu
HOT NEWS
adv

ပြင်းထန်သော နေပေါက်ကွဲမှုကို နာဆာ NASA က ဓာတ်ပုံ ရိုက်ကူးခဲ့

ဝါရှင်တန်၊ စက်တင်ဘာ ၇

ပြင်းထန်သောနေပေါက်ကွဲမှုနှစ်ခုမှာ စက်တင်ဘာ ၆ ရက်က ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒုတိယပေါက်ကွဲမှုမှာ ၂ဝဝ၈ ခုနှစ်မှစ၍ နေစက်ဝန်းအတွင်း အပြင်းထန်ဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နာဆာကပြောခဲ့ကြောင်း AFP သတင်းကစက်တင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ မီးတောက်ရောင်ခြည်ဖြာထွက်မှုမှာ ဆက်သွယ်ရေးဂြိုဟ်တုများကိုပင် အနှောင့်အယှက်ဖြစ်သွားခဲ့ကြောင်း၊ GPS နှင့် စွမ်းအင် ဖြာထွက်မှုမှာ ကမ္ဘာမြေပြင်၏ ပထမအလွှာသို့ပင်ရောက်ရှိခဲ့ကြောင်း၊ ဤနေရာတွင် အမေရိကန်အာကာ သအေဂျင်စီ၏ နေစွမ်းအင်လေ့လာ ရေးဌာနကဖမ်းယူရရှိခဲ့သည်ဟု ဆိုသည်။

Read more...

ပြင်သစ်ပိုင် စိန့်မာတင်ကျွန်း၌ ဟာရီကိန်းအယ်မာ ဝင်ရောက်၊ ၉၅ ရာခိုင်နှုန်းပျက်စီး၊ ရှစ်ဦးသေဆုံး

စိန့်မာတင်၊ စက်တင်ဘာ-၇

ကာရေဘီယံကျွန်းစုရှိ ပြင်သစ်ပိုင် စိန့်မာတင်ကျွန်းကို စက်တင်ဘာ ၆ ရက်တွင် ဟာရီကိန်းမုန်တိုင်း အယ်မာဝင်ရောက် မွှေနှောက်ခဲ့သဖြင့် ကျွန်း၏ ၉၅ ရာခိုင်နှုန်းအပျက်အစီးများခဲ့ပြီး အနည်းဆုံးရှစ် ဦးသေဆုံးခဲ့သည်ဟု ဒေသအာဏာပိုင် Daniel Gibbs က ပြောသည်။ ''အလွန်အပျက်အစီးများတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်းရဲ့ ၉၅ ရာခိုင်နှုန်းက ပျက်စီးသွားခဲ့ပါတယ်။ အလွန်ကြောက်စရာ ကောင်းတဲ့ ဟာရီကိန်းမုန်တိုင်းပဲ''ဟု ပြင်သစ်ဥပဒေပြု လွှတ်တော်အမတ်ဟောင်း Daniel Gibbs က ပြောသည်။ ကျွန်းပေါ်တွင် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း၊ မုန်တိုင်းသင့် ဒုက္ခသည်များ ကယ်ဆယ် ပြီးနောက် အမိုးအကာလုံခြုံသည့် နေရာကို ရှာဖွေ၍မရကြောင်း Gibbs ကဆိုသည်။

Read more...

သက်ဆင်ကို လူထုထောက်ခံမှု ပိုများသည်ဆိုသော စစ်တမ်းကြောင့် ထိုင်းဝန်ကြီးချုပ် ချန်အိုချာ ဒေါသထွက်

ဘန်ကောက်၊ စက်တင်ဘာ ၇

လူထုထောက်ခံမှု စစ်တမ်းတစ်ခုတွင် သက်ဆင် ထိပ်ဆုံးမှရပ်တည်ခဲ့သောကြောင့် ထိုင်းစစ်အာဏာ သိမ်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဒေါသထွက်ခဲ့ရကြောင်း စက်တင်ဘာ ၇ ရက် ဘန်ကောက်ပို့စ် သတင်းကဆိုသည်။  King Prajadhipok's Institute မှ ကောက်ယူသော စစ်တမ်းတစ်ခုတွင် လွန်ခဲ့သော ၁၅ နှစ်အတွင်း လူထုထောက်ခံမှုအများဆုံး ဝန်ကြီးချုပ်အဖြစ် သက်ဆင်ရပ်တည် နိုင်ခဲ့သည်။ ထိုစစ်တမ်းနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက သဘောထားအမြင် တောင်းခံခဲ့ရာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့သည်။

Read more...

တိုက်ပွဲများဖြစ်ပွားရာ ယူကရိန်း အရှေ့ပိုင်းသို့ ကုလတပ်သားများ စေလွှတ်ရန် ရုရှားတောင်းဆို

ယူနိုက်တက်နေးရှင်းစ်၊ စက်တင်ဘာ ၆

ရုရှားလိုလားသောခွဲထွက်ရေးသူပုန်များနှင့် ယူကရိန်းစစ်သားတို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိ သော ယူကရိန်းအရှေ့ပိုင်းသို့ လက်နက်ငယ်များတပ်ဆင်ထား သော ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်သားများစေလွှတ်ရန် ရုရှားက လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ကြောင်း စက်တင်ဘာ ၆ ရက် AFP သတင်းကဆိုသည်။ ထိုတပ်သားများ၏တာဝန်မှာ ဥရောပငြိမ်းချမ်းရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (OSCE) ၏ ပဋိပက္ခစောင့်ကြည့်လေ့လာသူများကို အကာအကွယ်ပေးရန်ဖြစ် ကြောင်း၊ စေလွှတ်ချထားမည့်သက်တမ်းမှာ ခြောက်လဖြစ်ကြောင်း ဆုံးဖြတ်ချက်မူကြမ်းအရ သိရသည်။

Read more...

အတ္တလန္တိတ် သမုဒ္ဒရာတွင် သမိုင်းတစ်လျှောက် အားအပြင်းဆုံး မုန်တိုင်း တစ်နာရီ ၁၈၅ မိုင်နှုန်းဖြင့် ကာရေဘီယန် ကျွန်းများကို တိုက်ခတ်

စိန့်ဂျွန်၊ စက်တင်ဘာ ၆

အတ္တလန္တိတ်သမုဒ္ဒရာတွင် သမိုင်းတစ်လျှောက်အားအပြင်းဆုံးဖြစ်သော ဟာရီကိန်းမုန်တိုင်း အယ်မာသည် ကာရေဘီယန်ဒေသ အရှေ့မြောက်ပိုင်းကျွန်းများကို စက်တင်ဘာ ၆ ရက်တွင် စတင်တိုက်ခတ်ခဲ့သည်။ လေတိုက်နှုန်း မှာတစ်နာရီ ၁၈၅ မိုင်နှုန်းအထိရှိသည်။ မုန်တိုင်းမျက်စိသည် အန်တီဂူအာနိုင်ငံ ဘာဘူဒါကျွန်းကို နံနက် အစောပိုင်းတွင်ဖြတ်ကျော်သည်။ ပျူအာတိုရီကို၊ ဒိုမီကန်၊ ဟေတီနှင့် ကျူးဘားနိုင်ငံတို့သည် မုန်တိုင်းလမ်း ကြောင်းအတွင်း ရောက်ရှိနေသည်။ မုန်တိုင်းသည် အမေရိကန်ပြည် ထောင်စု၊ ဖလော်ရီဒါပြည်နယ်သို့ ပင်ရောက်ရှိနိုင်သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191