Main menu
HOT NEWS
adv

တွစ်တာ လူမှုကွန်ရက်ပေါ်တွင် ကြက်ကြော် ဆိုင်ကြော်ငြာကို အကြိမ်အများဆုံး ဖြန့်ဝေပေးသည့် အမေရိကန် လူငယ်ကို ဒေါ်လာ တစ်သိန်း ဆုချ

လော့စ်အိန်ဂျလိစ်၊ မေ ၁၁

အသက်(၁၆)နှစ်အရွယ် အမေရိကန်လူငယ်တစ်ဦးသည် Wendy  ကြက်ကြော်ဆိုင်မှတစ်နှစ်ကြက်ကြော် အလကားစားသုံးခွင့်ရရှိရန် ကြက် ကြော်ဆိုင်ကြော်ငြာကို တွစ်တာလူမှုကွန်ရက်၌ အကြိမ် ၃ ဒသမ ၅ သန်း ကျော်ရေးသားဖြန့်ဝေပေးရန် သဘောတူညီမှုရရှိခဲ့ပြီး ၎င်း၏ရည်မှန်းချက် ထက်သာလွန်၍ အကြိမ် ၁၈ သန်း ကျော်ရေးသားဖြန့်ဝေနိုင်ခဲ့ကြောင်း မေ ၁၁ ရက်တွင် ဆင်ဟွာသတင်းအရ သိရသည်။

Read more...

ဆီးရီးယား သမ္မတ အာဆတ်နှင့် မဟာမိတ်များကို ထိန်းရန် ရုရှားကို ထရန့် တိုက်တွန်း

ဝါရှင်တန်၊ မေ ၁၁

အမေရိကန် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ မေ ၁ဝ ရက်တွင် တွေ့ဆုံပြီး ဆီးရီးယားပြည်တွင်းစစ်အဆုံးသတ်ရန် ဆွေးနွေးခဲ့ကြောင်း မေ ၁၁ ရက် AFP  သတင်းအရသိရသည်။ အမေရိကန်သမ္မတထရန့်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ခ်တို့တွေ့ဆုံပြီး အမေရိကန်နှင့်ရုရှားဆက်ဆံရေးအကောင်းဆုံးတည်ဆောက်ယူရမည်ဟု ထရန့်က ပြောသည်။

Read more...

အိန္ဒိယ မင်္ဂလာဆောင် တစ်ခုတွင် နံရံပြိုကျ၊ ၂၄ ဦးသေဆုံး

ဂျာပူး၊ မေ ၁၁

အိန္ဒိယနိုင်ငံအနောက်ပိုင်း၌ မေ ၁ဝ ရက်ည မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် နံရံတစ်ခုပြိုကျခဲ့ရာ လူ၂၄ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေး လေးဦးပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း AFP သတင်းက မေ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။  ဧည့်သည်များမှာ လေပြင်းတိုက်၍ နံရံနှင့်ကပ်နေသည့် သွပ်အမိုးအောက်တွင် ခိုလှုံနေခဲ့ကြကြောင်း၊ ထို့နောက် နံရံပြိုကျခဲ့ ကြောင်း ရဲအရာရှိ အနဲလ်တင့်က AFP ကို ပြောပြခဲ့သည်။

Read more...

မလေးရှားနိုင်ငံသား IS ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ပြီဟု ရဲချုပ်က အတည်ပြု

ကွာလာလမ်ပူ

ဆီးရီးယားနိုင်ငံရှိ IS အဖွဲ့တွင် ထိပ်တန်းခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်နေ သော မလေးရှားနိုင်ငံသား အကြမ်းဖက်သမား မူဟာမက်ဝန်ဒီ သေဆုံးခဲ့ပြီဟု မလေးရှား ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်သည်။ ရရှိခဲ့သော ထောက်လှမ်းရေးသတင်းများအရ မူဟာမက်ဝန်ဒီမှာ ဧပြီ၂၉ ရက်က ရက်ကာမြို့တွင် ဖြစ်ပွားသော တိုက်ပွဲတစ်ခုအတွင်း သေဆုံးခဲ့သည်ကို မလေးရှား တော်ဝင်ရဲတပ်ဖွဲ့ကအတည်ပြုကြောင်း မလေးရှားရဲချုပ် ခါလစ်အဘူဘာကာက တွစ်တာတွင် ထုတ်ပြန်ကြေညာသည်။

Read more...

အာဖဂန်နစ္စတန် မြောက်ပိုင်း ခရိုင်တွင် တိုက်ခိုက်မှုဖြစ်၊ စစ်သွေးကြွ ၄ဝ အပါအဝင် လူပေါင်း ၄၄ ဦးသေဆုံး

ကဘူးလ်

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒပ်ခရိုင်တွင် တာလီဘန်တို့နှင့် အစိုးရတပ်ဖွဲ့များအကြား ဆက်လက်တိုက်ခိုက်မှုဖြစ်ပွားရာ စစ်သွေးကြွ ၄ဝ အပါအဝင် လူပေါင်း ၄၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616