HOT NEWS
Main menu

လူတိုင်းအတွက် ကျန်းမာရေး ၀န်ဆောင်မှုပေးရန် ထရန့် ကတိပြု

ဝါရှင်တန်၊ ဇန်န၀ါရီ ၁၆

အမေရိကန်နိုင်ငံတွင် လူတိုင်းအတွက် ကျန်းမာရေး အာမခံစနစ်တစ်ခု ရေးဆွဲ အကောင်အထည်ဖော်ရန် ရွေးချယ်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၀ါရှင်တန်ပို့စ်သတင်းကို ဇန်န၀ါရီ ၁၅ ရက်တွင် ပြောသည်။ သမ္မတ အိုဘားမား အစိုးရတင်သွင်းသော သက်သာသော ကျန်းမာရေးစောင့်ရှောက် မှု ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်တွင် ရီပတ်ဘလီကန်ပါတီမှ အမတ်များက ပယ်ဖျက်ခြင်း သို့မဟုတ် အစားထိုးခြင်းပြုရန် တောင်းဆိုခဲ့သည်။
 
Read more...

ထိုင်းတောင်ပိုင်း၌ စစ်လေယာဉ်တစ်စင်းပျက်ကျ၊ ပိုင်းလော့သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၁၄
ထိုင်းလေတပ်မတော်မှ Gripen တိုက်ခိုက်ရေးဂျက်လေယာဉ်တစ် စင်းသည် ဘန်ကောက်မြို့တောင် ဘက် ကီလိုမီတာ ၇၉ဝ ကွာဝေး သော ဟတ်ရိုင်နိုင်ငံတကာလေဆိပ် အနီး၌ ဇန်နဝါရီ ၁၃ ရက်က ပျက် ကျခဲ့သောကြောင့် လေယာဉ်ပိုင်း လော့သေဆုံးသွားခဲ့ရသည်ဟု သ တင်းများအရ သိရသည်။

Read more...

နေတိုးစစ်တပ်တွင် အမျိုးသမီးစစ်သည် ၁ဝ ရာခိုင်နှုန်းရှိ

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၁၄
နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံ များတွင် အမျိုးသမီးစစ်မှုထမ်းမှာ ၂ဝ၁၅ တွင် ၁ဝ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ၁၉၉၉ ခုနှစ်မှစ၍ အမြင့်ဆုံးအရေအတွက်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Read more...

ပိုကီမွန်ဂိမ်းချစ်သူ ၆ဝဝဝ ခန့် စင်ကာပူမာရီနာဘေးကမ်းခြေတွင် အပြေးပြိုင်

စင်ကာပူ၊ ဇန်နဝါရီ ၁၄
ပိုကီမွန်ဂိမ်းချစ်သူ ၆ဝဝဝ ခန့် သည် စင်ကာပူနိုင်ငံ မာရီနာဘေး ပင်လယ်ကမ်းခြေ၌ ဇန်နဝါရီ ၁၄ ရက်တွင် အပြေးပြိုင်ပွဲဆင်နွှဲခဲ့သည်။ အရှေ့တောင်အာရှ၏ ပထမဦးဆုံး တရားဝင်ပိုကီမွန်အပြေးပြိုင်ပွဲဖြစ် သည်ဟု ပွဲစီစဉ်သူများကပြောသည်။

Read more...

ဆီးရီးယား ဒမတ်စကတ်တွင် အသေခံ ဗုံးခွဲ၊ ရှစ်ဦး သေဆုံး

ဒမတ်စကတ်၊ ဇန်နဝါရီ ၁၄

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရှိ လုံခြုံရေးတင်းကျပ်သော အစိုးရရုံးစိုက်ရာ ခရိုင်တွင် ဇန်နဝါရီ ၁၂ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ရှစ်ဦးသေဆုံးခဲ့သည်ဟု ဆီးရီးယား  လူ့ အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဇန်နဝါရီ ၁၃ ရက် AFP သတင်းကိုပြောသည်။ ကာနယ်အဆင့်ရှိသော စစ်တပ်အရာရှိတစ်ဦးအပါအဝင် ဆီးရီးယားစစ်သား လေးဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့် အရေး  စောင့်ကြည့်အဖွဲ့မှ ဒါရိုက်တာ Rami Abdel Rahman  ကပြောသည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS