Main menu
HOT NEWS
adv
ပည်ပတွင် သွားရောက်ရင်းနှီးမြှုပ်နှံလိုသူများနှင့် ကိုယ်ပိုင်နေထိုင်လိုသူများအတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့် KAE Alliance  ၏ CEO ဦးကျော်မင်းဇင်နှင့်  တွေ့ဆုံခြင်း

ပည်ပတွင် သွားရောက်ရင်းနှီးမြှုပ်နှံလိုသူများနှင့် ကိုယ်ပိုင်နေထိုင်လိုသူများအတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့် KAE Alliance ၏ CEO ဦးကျော်မင်းဇင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်သို့ ရောက်ရှိနေသော်လည်း ဥပဒေ၊ မူဝါဒဆိုင်ရာ အားနည်းချက်များကြောင့် အိမ်ခြံမြေအပါအဝင် ကွန်ဒိုဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ထွန်းမှု အလွန်နည်းပါးနေသေးသည်။ ယင်းကဏ္ဍအတွက် ပြည်ပတွင် သွားရောက်ရင်းနှီးမြှုပ်နှံလိုသူများနှင့် ကိုယ်ပိုင်နေထိုင်လိုသူများအတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့် KAE Alliance  ၏ CEO ဦးကျော်မင်းဇင်နှင့် ယခုလိုတွေ့ဆုံမေးမြန်းထားသည်။

KAE Alliance ကနေပြီး ပြည်ပကွန်ဒိုတွေ နဲ့ လက်ရှိချိတ်ဆက်ရောင်းချနေတဲ့အနေအ ထားကို ပြောပြပါ။
 ပြည်ပမှာ တကယ်နာမည်လည်းရ၊ ကုမ္ပဏီသမိုင်းကြောင်းလည်း ခိုင်ခံ့တဲ့ Developer တွေနဲ့ ပေါင်းပြီးတော့ မြန်မာ Customer တွေ ကြိုက်မယ်ထင်တာတွေကို ရောင်းပါတယ်။ လက်ရှိမှာတော့ မလေးရှားကွန်ဒိုမှာ Developer ကြိုက်တာကို ဝယ်ယူလို့ရအောင် Developer လေးမျိုးလေးစားနဲ့ ရောင်းပေးတယ်။ စင်ကာပူက ကွန်ဒိုမီနီယံဆိုလည်း Developer တစ်ဦးတည်းကနေ ကွန်ဒိုသုံးခုကို ရောင်းပေးတယ်။ စင်ကာပူရဲ့ သုံးနေရာမှာရှိတဲ့အတွက် ကြောင့် ဈေးသက်သာတာ၊ ဈေးကြီးတာ ရွေးချယ်ဝယ်ယူလို့ရတယ်။ နောက် သြစတြေးလျရဲ့ အတိုးတက်ဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီမှာ ရောင်း ပေးတယ်။ နောက် ဟိုကို့လ်နားမှာ။ အဲဒါက တော့  ကျွန်တော်တို့ကုမ္ပဏီက နိုင်ငံခြားဟာကို  ရောင်းပေးတာများပေမယ့် နိုင်ငံခြားကနေ မြေနဲ့အိမ်ကို တစ်ခါမှ မရောင်းဖူးဘူး။ အဲဒါ ကို ပထမဆုံးအကြိမ် မြန်မာလူမျိုးတွေအတွက် နိုင်ငံခြားမှာ မြေနဲ့ အိမ်နဲ့ အမည်ပေါက်ဝယ် လို့ရတဲ့အခွင့်အရေးကို စပြီးတော့ ပေးလိုက် တယ်။ နောက်တစ်ချက်က ဘန်ကောက်က ကွန်ဒိုတွေ ရောင်းပေးတာမှာ ဘန်ကောက်က မြို့ကြီးလည်းဖြစ်တယ်။ လူလည်းများတဲ့အ တွက်ကြောင့် ကွန်ဒိုအခန်းတွေက အရမ်း မကျယ်ဘူး။ ဒါပေမဲ့ တကယ့်ကို ကောင်းမွန်ပြီး မိသားစု သုံး၊ လေးယောက်လောက် ကောင်း ကောင်းမွန်မွန်နေလို့ရတာမျိုးပေါ့။ ဒါတွေကို သိန်းတစ်ထောင်ကျော်လောက်ကနေ စပြီးဝယ် လို့ရတယ်။ ဆိုတော့ မလေးရှား၊ စင်ကာပူ၊ သြစတြေးလျ၊ ထိုင်း စတဲ့နိုင်ငံတွေနဲ့ ဆောင် ရွက်ပေးနေတယ်ပေါ့။

ဘာကြောင့် ပြည်ပကွန်ဒိုဈေးကွက်ကို ရွေး ချယ်ပြီး ဆောင်ရွက်တာလဲ။
ကျွန်တော်တို့ကုမ္ပဏီက ပြည်ပတင်ပဲ ရောင်းတာမဟုတ်ပါဘူး။ ပြည်တွင်းမှာလည်း ရောင်းပါတယ်။ လက်ရှိ ပြည်တွင်းမှာ အရမ်း ကိုကောင်းမယ်ဆိုတဲ့ Project တစ်ခုကို လုပ် နေတယ်။ အဲဒီတော့ ကျွန်တော်တို့က Customer ကို အခွင့်အရေးအမျိုးမျိုးပေးခြင်းဖြစ် တယ်။ ကျွန်တော်တို့ ဘာကိုလေ့လာလဲဆိုတော့  မြန်မာပြည်ကတော်တော်များများမှာ အခြား နိုင်ငံတွေထက် နောက်ကျနေတယ်ဆိုတော့ ဥပမာ-တရုတ်ပြည်ကိုသွားမယ်ဆို တရုတ်မှာ သြစတြေးလျပစ္စည်း၊ သြစတြေးလျရဲ့ အိမ်ခြံ မြေရောင်းမယ်ဆို သူတို့အတွက် မထူးခြား ဘူးပေါ့။ ကြိုက်ရင် ဝယ်လိုက်မယ်၊ မကြိုက် ရင် မဝယ်ဘူး။ ဘယ်လို ငွေလွှဲမလဲ၊ ဝယ်မလဲ ဒါမျိုးတွေပဲရှိတာ။ ဒါတွေအကုန်လုံးက နိုင်ငံ ခြားမှာ ရိုးနေပြီ။ မြန်မာပြည်အနေနဲ့ကတော့ ပြည်ပမှာဝယ်တာ နည်းသေးတယ်။ ဒါပေမဲ့ လည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲမှုတွေဖြစ် လာတယ်လေ။ အရင်လေးငါးခြောက်နှစ်၊ ဆယ်နှစ်ကထက်စာမယ်ဆိုရင် ကမ္ဘာနဲ့ယှဉ်ပြီး တော့ ဝင်ဆံ့မှု နည်းနည်းပိုကောင်းလာတယ်။ အချို့နိုင်ငံတွေဆို ဗီဇာလျှောက်စရာမလိုတော့ ဘူး။ အချို့နိုင်ငံတွေဆို ဗီဇာလျှောက်ရတာ ပိုပြီးလွယ်ကူလာတာ တွေ့ရတယ်။ လေဆိပ် ကြည့်ရင်လည်း လေယာဉ်တွေ ပိုများလာတယ်။ လူတွေ ခရီးပိုသွားကြတော့မယ်။ အခြားနိုင်ငံ သားတွေလိုပဲ ကမ္ဘာကို ပတ်လို့ရပြီပေါ့။ အဲဒီ အတွက်ကြောင့် အမြင်တွေ ပိုကျယ်လာမယ်။ သူတို့ဝယ်ချင်တာကို တွေ့ရလိမ့်မယ်။ အဲဒါကို ကျွန်တော်တို့ကုမ္ပဏီက တာဝန်ယူပြီးတော့ ရောင်းပေးခြင်းဖြစ်တယ်။ နောက်တစ်ချက် က နိုင်ငံခြားက Developer ကြီးတွေကလည်း မြန်မာပြည်မှာမှမဟုတ်ဘူး။ အခြားနိုင်ငံတွေ မှာလည်း ရောင်းပါတယ်။ သူတို့ရဲ့ ဦးနှောက် ထဲမှာလည်း မြန်မာပြည်က နောက်ဆုံးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကို ယုံတယ်။ ကျွန်တော် တို့နဲ့ ပေါင်းပြီးတော့ စမ်းသပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအဆက်အသွယ်နဲ့ လုပ်ခြင်း ဖြစ်ပါတယ်။


အခုဆိုရင် သြစတြေးလျလို ဈေးကွက်သစ်လို မျိုး ဒီကနေသွားပြီး ဝယ်မယ့်သူတွေရှိတယ် ဆိုတော့ ပြည်တွင်းကလူတွေရဲ့ ပြည်ပမှာ ဝယ်လိုမှု၊ စိတ်ဝင်စားမှု မြင့်တက်လာတဲ့အ တိုင်းအတာကို သုံးသပ်ပေးပါ။
ကျွန်တော်တို့ တစ်ခုခုလုပ်မယ်ဆိုရင် ကျွန်တော်တို့မှာလည်း ကိုယ့်အသိုင်းအဝိုင်း နဲ့ ကိုယ်ရှိတာပေါ့။ ကိုယ်သိတဲ့ Customer၊ သူငယ်ချင်း၊ ဆွေမျိုး၊ မိတ်ဆွေအကုန်လုံးကို ဒီအကြောင်းတွေ ပြောတယ်။ အဲဒီတော့ သြ စတြေးလျအတွက်လုပ်မယ်ဆိုရင် အယောက် သုံးလေးရာလောက် စိတ်ဝင်စားတယ်။ အဲဒီ မှာ သူတို့ရဲ့အိမ်တွေ လိုက်ရှင်းပြတာရှိတယ်။ မီဒီယာတွေကိုဖိတ်ပြီး မိတ်ဆက်ရှင်းလင်းပွဲလို မျိုး ဟိုတယ်တွေမှာ လုပ်တယ်။ သြစတြေးလျ ပွဲတုန်းကဆို စိတ်ဝင်စားတာက အယောက် သုံးရာလောက်ရှိတယ်။ တကယ်ပွဲလာတက် တာက အယောက် ၁ဝဝ လောက်ရှိတယ်။ အဲဒီထဲမှာမှ ကျွန်တော်တို့မှာ Booking ရပြီး ပိုက်ဆံရတာ ငါးယောက်လောက်ရှိတယ်။ ကျွန်တော်တို့လည်း အများကြီးမမျှော်မှန်းပါ ဘူး။ ကျွန်တော်တို့မှာ အခန်း ၅ဝ၊ ၁ဝဝ ရောင်းရမှာ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် မြန်မာပြည်မှာ အိမ်ရောင်းတာထက်စာရင် နိုင်ငံတစ်ခုကို ရှင်းပြနေရတာကိုကလည်း ကျွန် တော်တို့ အချိန်တစ်ခုယူရပါတယ်။ ရောင်းဖို့ ဆိုတာ ပြောသလောက်မလွယ်ဘူး။ ရောက်မှ မရောက်ဖူးတာဆိုတဲ့လူတွေကလည်း အများ ကြီးပဲလေ။ အဲဒီအတွက်ကြောင့်  ဘာပဲဖြစ်ဖြစ် ပွဲလာတက်တဲ့ အယောက် ၁ဝဝ ကနေ ငါး ယောက်လောက် ဝယ်ယူဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ကောင်းတယ်လို့ ထင် တယ်။ သေချာစည်းစနစ်ကျကျနဲ့ ယုံကြည်မှု ကိုပေးနိုင်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပိုဝယ်လာ မယ့်အရည်အသွေးရှိတယ်လို့ မျှော်မှန်းတယ်။


ပြည်တွင်းက ကွန်ဒိုဈေးကွက်နဲ့ နိုင်ငံတကာ ကွန်ဒိုဈေးကွက်ကို နှိုင်းယှဉ်တဲ့အခါ ဘယ်လို အားနည်းချက်၊ အားသာချက်တွေ ကွာခြား တာ တွေ့ရပါသလဲ။
နိုင်ငံခြားမှာ အိမ်ဝယ်ဖို့ဆိုတာ မြန်မာ လူမျိုးတွေနဲ့ နည်းနည်းစိမ်းနေသေးတယ်။ ပြီးရင် ဘာလို့ဝယ်ရမှာလဲ။ ဝယ်ရော ဝယ်လို့ ကောင်းရဲ့လား။ ယုံကြည်မှုရောရှိရဲ့လားဆို တာမျိုးတွေ တော်တော်များများက မသိသေး တဲ့အတွက်ကြောင့် အများကြီးဖြေရှင်းပေးရ ပါတယ်။ မြန်မာပြည်မှာကျတော့ ဥပဒေပိုင်း အရမ်းအားနည်းပါတယ်။ ဥပမာ-ကျွန်တော် မြန်မာလူမျိုးတစ်ယောက်ဖြစ်တယ်။ ကျွန်တော် ခြံနဲ့အိမ် ဝယ်မယ်ဆိုရင် အခု လက်ရှိဈေးကွက် ပေါက်ဈေးက ကျပ်သိန်း ၅ဝဝဝ ဆို ဘဏ်မှာ ပေါင်ရင် ကျပ်သိန်း ၂ဝဝဝ တောင်မှ မနည်း ရအောင် လုပ်ရပါတယ်။ မြန်မာပြည်က မြန်မာ လူမျိုးပိုင်တဲ့ ဘဏ်ကိုယ်တိုင်ကိုယ်က အဲဒီ ဈေးနှုန်းကို မပေးချင်ပါဘူး။ တကယ့်တန်ဖိုး အစစ်မဟုတ်ဘူးလို့ ပြောချင်တယ်။ ဒါ ကိုယ့် အမည်ပေါက်လေ။ ကွန်ဒိုဝယ်မယ်ဆိုရင်ရော ကွန်ဒိုကို သိန်းတစ်ထောင်တန်ပဲဝယ်ဝယ်၊ သိန်းတစ်သောင်းတန်ပဲဝယ်ဝယ် ကျွန်တော် မြေပိုင်ဆိုင်ခွင့် အခုအချိန်ထိ ဥပဒေအရ မရ သေးပါဘူး။ ကိုယ့်ရဲ့မြေကို အချိုးကျပိုင်ဆိုင် ခွင့်လုံးဝမရသေးပါဘူး။ ဒါပေမဲ့ အချို့ဆောက် လုပ်ရေးကုမ္ပဏီ၊ Developer တွေကတော့ ငါတို့ ဒီမြေကိုခွဲဝေပြီး အပိုင်ပေးထားပါတယ်။ အဲဒီအတွက်ကြောင့် ဒီလိုရနိုင်ပါတယ်ဆိုပြီး လုပ်ထားတာတွေတော့ရှိတယ်။ ကိုယ့်ဘာသာ ကိုယ် ကြံဆပြီးတော့ လုပ်ရတာပေါ့။ အချို့ ကျတော့လည်း ကွန်ဒိုဥပဒေ ထွက်လာရင်၊ အတည်ပြုသွားရင်တော့ အဲဒီဥပဒေအတိုင်း ပေးပါမယ်ဆိုတာလည်း ရှိတယ်။ ဆိုတော့ ကိုယ်လုပ်ချင်တဲ့အပေါ်မှာ လုပ်လို့ရတယ်။ Standand မရှိဘူး ဖြစ်နေတယ်။ နိုင်ငံခြားမှာ ဆိုရင် Contract တွေအကုန်လုံးက အစိုးရ ကဆွဲထားတဲ့ Contract ဖြစ်တယ်။ အဲဒါကို နည်းနည်းလေးပြောင်းပြီးတော့ လုပ်လိုက်ရုံပဲ။ ဒီမှာကျတော့ အကုန်လုံးက ဖရိုဖရဲဖြစ် နေတာ။ ရောင်းသူဝယ်သူ သဘောတူရင် ပြီးတာပဲ။ နိုင်ငံခြားမှာ အိမ်တစ်ခုကို ရောင်း နိုင်ပြီဆိုရင် စီးပွားရေးတစ်ခုအတွက် အရမ်း ကိုယ့်ကိုမြှင့်တင်ပေးတဲ့အရာတစ်ခုဖြစ်တယ်။ ဆင်းရဲတဲ့နိုင်ငံမှာ ချမ်းသာတဲ့လူတွေက ချမ်းသာတဲ့နိုင်ငံမှာ ဝယ်လာကြတယ်။ ကောင်းမွန်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့် အတန်းကို လိုချင်ကြတာကိုး။ အဲဒီလို သူတို့ လုပ်တာ ၁ဝ နှစ်ကနေ နှစ် ၂ဝ လောက်အထိ ရှိနေပြီ။ ဥပဒေတွေက အရမ်းခိုင်မာတယ်။ ဆိုလိုတာက စင်ကာပူကနေ မလေးရှားကို ရောင်းမယ်ဆို သူတို့ဥပဒေတွေက ခိုင်မာပြီးသား။ နိုင်ငံခြားသား ဝယ်မယ်ဆိုရင် ဘာအခွင့် အရေးရလဲ။ သူတို့လူမျိုးဝယ်မယ်ဆို ဘာအခွင့် အရေးရလဲ အကုန်လုံးက အဖြူ၊ အမည်း ကွဲ ပြီးသား။ ဝယ်ရတဲ့သူတွေလည်း စိတ်ချမ်းသာ တယ်။ ကျွန်တော်တို့ မြန်မာလူမျိုးထဲက ဒါတွေ ကို တကယ်လည်း သိသွားရော မြန်မာပြည်ထက် အများကြီးသာပါလားဆိုတာကို တွေ့ရတယ်။ ဒါပေမဲ့ မယှဉ်သင့်ပါဘူး။ မြန်မာနိုင်ငံ က အခုမှ စပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တယ်။ အများကြီးလုပ်ရဦးမယ်။ နောက်တစ်ချက်က Valuration ရာဖြတ်ပေါ့။ ဟိုမှာဆိုရင် တစ်ခုကို ဝယ်မယ်ဆိုရင် ကိုယ်ကမဝယ်ခင်တောင် မှ တန်ဖိုးဖြတ်လို့ရတယ်။ ဒီမှာကျတော့ ဘာ တွေကိုကြည့်ပြီး ဘယ်လိုဖြတ်လဲပေါ့။ အဲဒီ Guide Line တွေ မရှိဘူးဖြစ်နေတယ်။ ကိုယ့် ဘာသာကိုယ် ဈေးတင်ပြီးတော့ ရောင်းလိုက် တာပဲလေ။ နောက် မြန်မာပြည်မှာကျတော့ အခွန်ကိစ္စတွေ မငြိမ်မသက်ဖြစ်နေတယ်။ ဆောင်ချင်တဲ့သူက ဆောင်ပေမယ့် ရာခိုင်နှုန်း ၃ဝ ဆိုတော့ အရမ်းများတယ်။ အိမ်ဝယ်တယ် ဆိုတာက စီးပွားဖြစ်ဝယ်တဲ့သူတွေရှိသလို တကယ်ကို မိန်းမယူမှာမို့လို့ ဝယ်တဲ့သူတွေ လည်းရှိတယ်။ သူတို့က အိမ်ဝယ်လို့ အခွန် ရာခိုင်နှုန်း ၃ဝ ဆောင်ရမယ်ဆို အဲဒီလူကို ရှင်း ရှင်းပြောရရင် အစိုးရက အိမ်မဝယ်ပါနဲ့ဆိုတဲ့ ပုံစံမျိုး၊ တစ်သက်လုံးပဲ ငှားနေပါဆိုတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ နိုင်ငံတစ်နိုင်ငံလုံးကို အခွန် တစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ ဝင်ငွေပေါ်မှာ၊ နေရာပေါ်မှာ မူတည်ရမယ်ဆိုပြီးတော့ အခွန် လေးတွေကို ခွဲထားသင့်တယ်။ အဲဒါမှ နည်း နည်းလေး တရားမျှတမယ်လို့ ထင်တယ်။ နောက် တစ်ချက်က မြန်မာပြည်မှာ အခု လမ်းပန်းဆက် သွယ်ရေးအခက်အခဲတွေ ရန်ကုန်မှာ အထူး သဖြင့် ကားတွေကျပ်တယ်၊ လမ်းတွေကျဉ်း တယ်၊ မကောင်းဘူး။  မီးတွေ ဘာတွေရှိတယ်။ ဘတ်စ်ကားတွေ အဆင်မပြေသေးဘူး။ ရထား တွေ နေရာတိုင်း မရောက်နိုင်တာတွေ၊ ရှိရဲ့ သားနဲ့ ဈေးနှုန်းတွေက တိုးတက်တဲ့နိုင်ငံတစ်ခု ရဲ့ ဈေးနှုန်းဖြစ်နေတယ်။ မြန်မာပြည်မှာက သူများနိုင်ငံလောက် မကောင်းသေးဘဲနဲ့ ဈေး တွေက သူများတိုးတက်တဲ့နိုင်ငံတွေလောက် ဖြစ်နေတယ်။


ပြည်ပဈေးကွက်တွေနဲ့ယှဉ်ပြီး ပြည်တွင်းက ကွန်ဒိုဈေးကွက်တွေ ပြန်လည်ဦးမော့အောင် ဘယ်လိုတွေလုပ်ဆောင်သင့်ပါသလဲ။
အရေးကြီးတာ အခြေခံကနေ စမှဖြစ် မယ်။ တိုင်းပြည်က စပြီးတိုးတက်ဖို့ပဲရှိသေး တယ်။ အဲဒီအချိန်မှာ ဈေးတွေက အရမ်းမြင့် နေတာကို တွေ့ရတယ်။ ပတ်ဝန်းကျင်ကို ကျွန် တော်တို့က ခေါ်တဲ့ဈေးလောက်ကို ပတ်ဝန်း ကျင်က မထောက်ပံ့နိုင်သေးဘူး။ ဒါကို အစိုးရ ကလည်း ရင်းနှီးမြှုပ်နှံမယ်လို့ ကျွန်တော်ထင် တယ်။ ဒီအခြေခံအဆောက်အအုံပေါ့။ လမ်း တွေ၊ ကျောင်းတွေ၊ ကားတွေ၊ မီးရထားတွေ ဒါတွေအကုန်လုံးကို ညီအောင်လုပ်ရလိမ့် မယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ပေးရတဲ့တန်ဖိုး နဲ့ တကယ်ရရှိတဲ့တန်ဖိုးက ညီတူဖြစ်ရင်ဖြစ် နေလိမ့်မယ်။ နောက်တစ်ချက်က ခြံတွေတော် တော်များများက ဈေးကြီးတဲ့အတွက်ကြောင့် အခုအချိန်မှာ အိမ်ဆောက်မယ်ဆိုရင် တော် တော်များများက အိမ်ကောင်းကောင်းပဲဆောက် ကြတယ်။ ကွန်ဒိုဆိုရင်လည်း ဈေးကြီးတဲ့ကွန်ဒို ပဲ လုပ်ကြတယ်။ ဈေးကြီးတဲ့မြေပေါ်မှာ ခပ် ပေါပေါဟာ ဆောက်မယ်ဆို စီးပွားရေးသမား အနေနဲ့ အဆင်မပြေဘူးလေ။ Infrastru-cture လည်း ကောင်းလာရမယ်။ မြေဈေးက တဖြည်းဖြည်းနဲ့ နိမ့်ကျလာမယ်ဆို အဆင်ပြေ တယ်။ ဒါမှမဟုတ် အစိုးရအနေနဲ့ လက်ရှိ ပိုင်တဲ့မြေတွေကို တကယ်ဆောက်လုပ်နိုင်တဲ့ သူတွေရှိတယ်ဆိုရင် သူတို့က ပေးသင့်တယ်။ စီးပွားရေးသမားအနေနဲ့ အမြတ်ကို အရမ်း ကြီးရတာမဟုတ်ဘဲနဲ့ တိုင်းပြည်ကိုလည်း ကောင်းတယ်။ တကယ်ဝယ်ချင်တဲ့သူတွေအ တွက်လည်း ဝယ်လို့ရသွားတယ်။ အကုန်လုံး နိုင်သွားတာပေါ့။ အခု မြန်မာပြည်မှာ အိမ် ဝယ်ချင်သူတွေ၊ အိမ်မပိုင်တဲ့သူတွေ အများ ကြီးပဲ။ အထူးသဖြင့် ရန်ကုန်မှာ အိမ်မပိုင် တဲ့သူတွေ အများကြီးပဲ။ ဒါပေမဲ့ သူတို့မှာ အခွင့်အရေးမရှိဘူး။ ဒီအတွက် အဲဒီလိုမျိုး လုပ်ပေးမယ်ဆို တဖြည်းဖြည်း ဦးမော့လာ မှာပါ။ မြန်မာပြည်မှာက အခု ဈေးတွေအေး နေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အကုန်လုံး က အိမ်ပိုင်သွားကြပြီလား။ နောက်တစ်ချက် က Banking and Finance ဥပဒေတွေက လည်း အရမ်းကို အားနည်းတယ်။ ကျွန်တော် တို့ဆီမှာ ဘဏ်တွေက ငွေချေးတယ်ဆိုရင် အတိုးနှုန်း အရမ်းများတယ်။ ချေးမယ်ဆိုရင် လည်း တစ်ခုခုကို ပေါင်နှံပြီးမှ ကိုယ်ကချေးရ တာဖြစ်တယ်။ ဒါလေးတွေကို ဘယ်လိုပြောင်း ရမလဲ။ နည်းနည်းလေးတော့ စွန့်စားရလိမ့် မယ်။ သူ့မှာ လခလေး ကောင်းကောင်းမွန်မွန် ရှိတယ်ဆိုရင် ငွေချေးလို့ရတယ်ပေါ့။ အတိုး နှုန်းတွေ ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက် တော့ လျှော့ပေးရမယ်။ ၁၃ ရာခိုင်နှုန်းဆိုတာ က အရမ်းကြီးကို များလွန်းတယ်ပေါ့။ နောက် တစ်ချက်က ဘဏ်ချေးငွေကို နှစ်ရှည်ချေးနိုင် မယ်ဆို အဆင်ပြေမယ်။ ဒါကလည်း အစိုးရ နဲ့ ပုဂ္ဂလိက ပေါင်းပြီး အများကြီးလုပ်ရမှာဖြစ် တယ်။ ဒီအတိုင်းဆက်ပြီးတော့ နောက်ထပ် နှစ် ၂ဝ၊ နှစ် ၃ဝ သွားလို့မရဘူး။ အခုအချိန်ဆို အိမ်ခြံမြေကျလို့ အကုန်လုံး ကျကုန်ကျပြီ။  မြန်မာပြည်ရဲ့ အဓိကစီးပွားရေးကလည်း အိမ် ခြံမြေပဲ။ အားလုံးဝိုင်းလုပ်မယ်ဆိုရင် တစ်နေ့ မဟုတ် တစ်နေ့ဖြစ်လာမယ်လို့ ထင်တယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။              

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616