Main menu
HOT NEWS
adv
ရာဇဝတ်မှု တရားမမှု ကူညီရေး စင်တာ ဦးစီးတည်ထောင်သူ တရားလွှတ်တော်ရှေ့နေ ဦးစန်းဝင်းနှင့် တွေ့ဆုံခြင်း

ရာဇဝတ်မှု တရားမမှု ကူညီရေး စင်တာ ဦးစီးတည်ထောင်သူ တရားလွှတ်တော်ရှေ့နေ ဦးစန်းဝင်းနှင့် တွေ့ဆုံခြင်း

စည်သူကျော် - တွေ့မေးသည်။
ရာဇဝတ်မှုနှင့်တရားမမှုကူညီရေးစင်တာကို ၂ဝ၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမှန်တကယ် ဆင်းရဲနွမ်းပါးပြီး ဥပဒေကြောင်းအရ အမှန်တကယ် နစ်နာနေသူများအား အကျိုးဆောင်ခ အခမဲ့ဖြင့် ကူညီပေးခဲ့သည်။ လက်ရှိတွင် အဆိုပါစင်တာအနေဖြင့် ငါးနှစ်ကျော်ခဲ့ပြီဖြစ်သည်။ ၄င်းစင်တာ စတင် တည်ထောင်ဖြစ်ခဲ့ပုံ၊ စင်တာရဲ့ အောင်မြင်မှု အခြေအနေနှင့် လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်၏ အခြေအနေများအား ရာဇဝတ်မှု တရားမမှု ကူညီရေးစင်တာ ဦးစီးတည်ထောင်သူ တရားလွှတ်တော် ရှေ့နေဦးစန်းဝင်းနှင့်ရန်ကုန်တိုင်းမ်ဂျာနယ်မှတွေ့ဆုံမေးမြန်းထားပါသည်။

ရာဇဝတ်မှု တရားမမှု ကူညီရေးစင်တာ တည်ဖြစ်ခဲ့ပုံကို ပြောပြ ပါဦးခင်ဗျ။
ကျွန်တော် ရှေ့နေလုပ်လာတာတော့ ကြာပါပြီ။ ဒီစင်တာ စပြီးထောင်တာက ၂ဝ၁၂ ခုနှစ်လောက်က စထောင်တာပါ။ ဖြစ်လာပုံ ကလည်း ပထမပိုင်းတုန်းကတော့ ဒီစင်တာထောင်မယ်ဆိုတဲ့ ရည် ရွယ်ချက်မရှိပါဘူး။ တပည့်တွေထဲမှာပဲ ဥပဒေပညာလိုအပ်နေတဲ့သူ တွေကို သင်ကြားပေးမယ်။ ရှေ့နေဖြစ်ကာစကလေးတွေကိုလည်း သိသင့်သိထိုက်တာတွေ သင်ကြားပေးမယ်ဆိုပြီး စာသင်တဲ့အပိုင်း ကိုပဲ စဖွင့်တာပါ။ ဖွင့်ရင်းဖွင့်ရင်းနဲ့ ဥပဒေကြောင်းအရ နစ်နာတဲ့သူ တွေက ပေါ်ပေါ်လာတယ်။ လာလာမေးကြတယ်။ အဲဒီမှာ စပြီးလုပ် ဖြစ်သွားတာပါ။


ဒီစင်တာကနေ လက်ရှိ ဘာတွေလှုပ်ရှားနေလဲဆိုတာကို ပြောပြပါဦး။
ကျွန်တော်တို့က ဆင်းရဲနွမ်းပါးပြီးတော့ ဥပဒေကြောင်းအရ နစ်နာတဲ့သူတွေကို ကူညီတယ်။ တကယ်လည်း ဆင်းရဲနွမ်းပါးတဲ့သူ ဖြစ်ရမယ်။ ဥပဒေကြောင်းအရလည်း တကယ်လည်း နစ်နာနေသူ ဖြစ်ရမယ်။ ဒါတွေဆိုရင် ကျွန်တော်တို့က အခမဲ့လိုက်ပေးပါတယ်။ အဲဒါက မြို့တွင်း(Down Town) ခြောက်မြို့နယ်ဖြစ်တဲ့ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင် မြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် အဲဒီခုနစ်မြို့နယ်မှာပါပဲ။


ဒီ Down Town ခြောက်မြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့မှာပဲဆို တော့ ကျန်တဲ့နေရာတွေအတွက် ဘယ်လိုစီစဉ်ထားလဲ။ ဘာကြောင့် ဒီခုနစ်မြို့နယ်မှာပဲ ကူညီဖို့ ရွေးချယ်ထားတာလဲ။
ကျွန်တော်တို့ဝန်ထမ်းအတိုင်းအတာနဲ့ ရန်ပုံငွေအနေအထား အရ တစ်နိုင်တစ်ပိုင်ပဲ ကြေညာပေးထားတာပါ။ ဒါပေမဲ့ တကယ် ဖြစ်လာတဲ့အခါကျတော့ တခြားနယ်မြေတွေလည်း အကူအညီလိုက် ပေးပါတယ်။ အကူအညီပေးတဲ့နေရာမှာ တကယ်လည်း ဆင်းရဲနွမ်း ပါးရမယ်၊ တကယ်လည်း နစ်နာရမယ်။ ဆင်းရဲတာမှန်ပေမယ့် သူက သွားပြီးအနိုင်အထက်ပြုထားပြီးတော့ အမြတ်ထုတ်ထားတဲ့သူဆိုရင် တော့ မကူညီပါဘူး။ လိုက်ပြီးဆောင်ရွက်ပေးနေရင်းနဲ့ ပေါ်လာရင် လည်း ကျွန်တော်တို့ မလုပ်ပေးတော့ပါဘူး။ သူက နစ်နာတာမှ မဟုတ်ဘဲနဲ့။


စင်တာ စဖွင့်တဲ့အချိန်ကနေစပြီး လက်ရှိအချိန်အထိ အမှု ဘယ် နှစ်ခုလောက် ဆောင်ရွက်ပေးပြီးပြီလဲ။ ဒီထဲမှာမှ ဘယ်အတိုင်း အတာအထိ အောင်မြင်လဲ။
အမှုကတော့ မရေတွက်နိုင်အောင်ကို များပါတယ်။ ရုံးခန်းကို ကိုယ်တိုင်လာတဲ့သူတွေရော၊ ဖုန်းနဲ့ဆွေးနွေးတဲ့သူတွေရော မြန်မာ တစ်နိုင်ငံလုံးက လာကြပါတယ်။ လူကိုယ်တိုင် မလာနိုင်ဘူး၊ ဖုန်းနဲ့ အကြံဉာဏ်ပေးပါဆိုရင်လည်း လုပ်ပေးပါတယ်။ အောင်မြင်လို့ရှိရင် ကျေးဇူးပြုပါ့မယ်။ ဒီလိုလူမျိုးတွေလည်း အများကြီးပါ။ ကျွန်တော် တို့က ဒါမျိုးတွေ မလိုအပ်ပါဘူး။ ဖုန်းဆက်ပြီးမေးလာတဲ့သူတွေကို လည်း ဘာလုပ်၊ ဘာလုပ် ပြောပြပါတယ်။ တစ်ခါတလေလည်း ကိုယ်တိုင်ရေးပေးပါတယ်။ ရေးပေးရုံတင်မကဘူး Viber ကနေ ပို့လိုက်တယ်။ သူက ဟိုမှာ သူ့ဟာသူ ဆက်လုပ်ရတာပေါ့။ အောင်မြင် သွားတဲ့သူတွေလည်း တော်တော်များများရှိပါတယ်။ ဘယ်လောက် ဆိုတာတော့ မမှတ်မိတော့ပါဘူး။


ဆရာတို့စင်တာကနေ ကူညီခဲ့တဲ့ မှတ်မှတ်ရရ အမှုတစ်ခုလောက် ပြောပြပေးပါ။
မှတ်မှတ်ရရတစ်ခုတော့ ရှိပါတယ်။ တိုက်ကြီး၊ အဖျောက် မြို့နယ်ကပေါ့။ အောင်မြင်တာတော့ မဟုတ်သေးပါဘူး။ အိမ်အကူ မိန်းကလေး မမြတ်မိုးနွယ်ပေါ့။ သူက သေပြီးတော့ အမှုမပေါ်ဘူး။ အမှုဖွင့်လို့လည်း မရဘူး။ အဲဒါကို လာပြီးပြောတဲ့အခါ ကျွန်တော် လိုက်သွားတယ်။ နည်းနည်းတောတော့ကျတယ်။ သေတဲ့နေရာတွေ ဘာတွေသွားကြည့်၊ ဥပဒေကြောင်းအရ ဘာတွေလိုအပ်သလဲ၊ အကြံ ဉာဏ်တွေလည်း ပေးတာပေါ့။ အမှုဖွင့်ဖို့တွေ လမ်းညွှန်ပေးတာပေါ့။ ရဲစခန်းမှူးနဲ့လည်းတွေ့ပြီး မေးမြန်းတယ်။ ဆေးရုံဆရာဝန်လည်း မေးတာပေါ့။ မိဘတွေနဲ့လည်းတွေ့ပြီး ဒီမိန်းကလေးက ဘယ်တုန်း က သွားအလုပ်လုပ်တာလဲ၊ ဘယ်လိုလုပ်တာလဲ မေးရတာပေါ့။


ဒီအမှုရဲ့ လက်ရှိအခြေအနေကိုလည်း ပြောပြပါဦး။
လက်ရှိအခြေအနေကတော့ အစက အမှုဖွင့်လို့မရဘူး။ လူသေ မှုနဲ့ပဲ ဖွင့်ထားတယ်။ အမှုဖွင့်ဖို့ ကြိုးစားတယ်။ နောက်ပိုင်း အမှုပွင့် သွားတယ်။ လူသတ်မှုနဲ့ပေါ့။ အဲဒီကျမှ အမှုစပြီးစစ်တာပါ။ စစစ် တော့ မူလစစ်ထားတဲ့လူတွေမှာ မပေါ်ဘူးဆိုတဲ့အကြောင်းတရား တွေ စဖြစ်လာတော့ အမှုက မပေါ်တော့ လူတွေကလည်း ခံစားချက် တွေ တင်ပြလာတာများတော့ ဃှီု ကနေ ကွင်းဆင်းစစ်မယ်ဆိုပြီး စစ်နေတယ်။ ဒီအမှုကို အဖျောက်နယ်မြေက မကိုင်တော့ဘူး။ ဃှီု က စစ်မယ်။ အခုစစ်ဆေးနေတာ နှစ်လကျော်လာပြီ။ စစ်ဆေးတာ တွေ အသေးအနုစိပ်လာတာ တွေ့ရတယ်။ အမှုကတော့ မကြာခင် မှာပဲ ပေါ်သွားမယ်လို့ ယုံကြည်တယ်။ လူသတ်တရားခံ ပေါ်သွား မယ်လို့ ထင်တယ်။


ဆရာတို့ အခုလိုကူညီပေးတဲ့နေရာမှာ ဘာအခက်အခဲရှိလဲ ခင်ဗျ။
အခက်အခဲကတော့ရှိတယ်။ ဘာလဲဆိုရင် ကျွန်တော်တို့ လုံခြုံ ရေးအပိုင်းပါပဲ။ သွားတဲ့လာတဲ့နေရာမှာ လုံခြုံရေးမရှိမှာ စိုးရိမ်ရပါ တယ်။ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးနေတယ်ဆိုတော့ မတော်တဆအမှု ကိစ္စနဲ့ပတ်သက်ပြီး ကျူးလွန်ထားတဲ့သူတွေဘက် က ကိုယ့်ကို ဘယ်လိုများ ဒုက္ခပေးမလဲ။


လက်ရှိစင်တာရဲ့ ဖွဲ့စည်းထားမှုကိုလည်း ပြောပြာပါဦး။
ရှေ့နေတွေ ဘယ်သူလာချင်သလဲ လာချင်တဲ့သူ အကုန်လက်ခံတယ်။ ပရဟိတ တကယ်လုပ်ချင်လား။ လုပ်ချင်တဲ့သူတွေ အကုန်လက်ခံတယ်။ နောက်ပိုင်း သူတို့စားဝတ်နေရေးအရတို့ ဘာတို့ ဒါတွေ ကြောင့် နည်းသွားတာလည်း ရှိပါတယ်။ အခုတော့ လက်ကျန်လေး နဲ့ လုပ်နေပါတယ်။


လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ဆရာ ဘယ်လိုများသုံးသပ် မလဲခင်ဗျ။
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက ထွေထွေထူးထူး ပြောင်းလဲ လာတာမရှိပါဘူး။ ပြောပဲပြောတာ လက်တွေ့မှာ သိပ်ဖြစ်လာတာ မရှိဘူး။ တရားစီရင်ရေးက အရင်အတိုင်းပဲလို့ ပြောရမှာပါ။ တရား ဥပဒေစိုးမိုးရေးလည်း မရှိသေးဘူးလို့ ပြောရမှာပါ။


လက်ရှိအစိုးရလက်ထက်ရဲ့ တရားစီရင်ရေးမဏ္ဍိုင်က အရင်အစိုးရဲ့ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ဘာများကွာခြားချက်တွေရှိမလဲခင်ဗျ။
အရင်နဲ့ ဘာမှမကွာပါဘူး။ ဘယ်သူမှလည်း သာမယ်မထင် ပါဘူး။ အထူးသဖြင့်က အဂတိလိုက်စားမှုအပိုင်းတွေက လွှမ်းမိုးနေ တုန်းပဲလို့ ထင်ပါတယ်။ ငွေများ တရားနိုင်ဆိုတာကလည်း လွှမ်းမိုး နေတုန်းပဲလို့ ထင်ပါတယ်။ မှားရင်လည်း မှားသွားမယ်။ ဒါက ကျွန် တော့်တစ်ယောက်တည်းရဲ့ အမြင်ပါ။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပါ။ ဒါက ကိုယ်လိုက်တဲ့အမှုတွေနဲ့ ချိန်ထိုးပြီး ပြောပြတာပါ။


ဆရာဦးစန်းဝင်းအနေနဲ့ ဘာများဖြည့်စွက်ပြောကြားဦးမလဲခင်ဗျ။
ကျွန်တော်တို့စင်တာမှာ ပထမပိုင်းကတော့ ရှေ့နေတွေ တော် တော်များများရှိပါတယ်။ ကျွန်တော်တို့ကို ဘယ်သူကမှ အထောက် အပံ့ပေးပြီးလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကလည်း အရမ်း ချမ်းသာနေလို့ လုပ်တာလည်း မဟုတ်ပါဘူး။ ဝါသနာအရလည်း ဒီအလုပ်ကို လုပ်တာပါ။ ဥပဒေအလုပ်ကို လုပ်ချင်လို့ ရှေ့နေကို လိုက်ကိုလိုက်ချင်လို့ လုပ်တာပါ။ မတရားမှုတွေ တွေ့နေတော့လည်း မခံချင်လို့လုပ်တာလည်း ပါတာပေါ့။ ကျွန်တော့် ကျန်းမာရေး၊ စီးပွား ရေးအခြေအနေအရ ဆက်ပြီးလုပ်သွားဦးမှာပါ။ တကယ်ဆင်းရဲပြီး တကယ်နစ်နာတဲ့သူတွေဆိုရင် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်မပျက်၊ မူဝါဒမပြတ်ဘဲနဲ့ ဆက်လုပ်သွားဦးမှာပါ။


အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
#YangonTimesJournal #YangonMediaGroup

Last modified onThursday, 12 January 2017 15:23
Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616