HOT NEWS
Main menu
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ရောဂါသည်ချစ်သူကို အသက်စွန့် ကယ်တင်မည့် အလုပ်လက်မဲ့ လူငယ် Collide ရုပ်ရှင်

ဒါရိုက်တာ       - အီရန်ကရီဗေ

ဇာတ်ညွှန်း       - အက်ဖ်ကော့ဖရီဇာ

သရုပ်ဆောင်    - နီကိုးလက်စ်ဟော့၊ ဖီလစ်စီတီဂျုံး၊ အန်တိုနီဟော့စ်ကင်း

ပြသချိန်           - ၉၉ မိနစ်

နိုင်ငံ               - အမေရိကန်

Read more...

BRIT ဆုပေးပွဲတွင် ကွယ်လွန်သူ ဂီတပညာရှင် ဒေးဗစ်ဘိုဝီး ဆုနှစ်ခု ရရှိ

လန်ဒန်၊  ဖေဖော်ဝါရီ ၂၄

ကွယ်လွန်သူ ဂီတပညာရှင် ဒေးဗစ်ဘိုဝီးသည် ဖေဖော်ဝါရီ ၂၂ ရက်က လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် ဗြိတိသျှ ဂီတဆုပေးပွဲတစ်ခုဖြစ်သည့် BRIT ဆုပေးပွဲ တွင် ဗြိတိသျှအမျိုးသား တစ်ကိုယ်တော် အနုပညာရှင်နှင့် တစ်နှစ်တာအတွင်း အကောင်းဆုံး တေးအယ်လ်ဘမ်ဆုတို့ကို ရရှိခဲ့သည်။  ဒေးဗစ်ဘိုဝီးသည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ၌ အသက် (၆၉) နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့် မကွယ်လွန်မီ ရက်အနည်းငယ်အလိုက "Blackstar" အယ်လ်ဘမ်ကို ဖြန့်ချိခဲ့သည်။

Read more...

တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အခန်းကဏ္ဍ Facebook Page ကို ပြည်သူ့လွှတ်တော်နှင့် ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း ဖွင့်လှစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ပြည်သူ လူထုများသိလိုသော တရားဥပဒေစိုး မိုးရေးဥပဒေများနှင့်ပတ်သက်ပြီး တရားဝင်ဖြေကြားပေးမည့် ''တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများ၏အ ခန်းကဏ္ဍ Facebook Page ကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါ 'တရားဥပဒေစိုးမိုးရေး နှင့်ပြည်သူများ၏အခန်းကဏ္ဍ Facebook  Page ကိုပြည်ထောင်စုလွှတ်တော် အထူးကော်မရှင်နှင့် မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးတို့ပူးပေါင်းကာ ဖွင့်လှစ် ခြင်းဖြစ်ပြီး အဆိုပါ  Facebook Page ဖွင့်လှစ်ခြင်း သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စုလွှတ် တော်အထူးကော်မရှင်မှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဆောင်သော အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌဦးဆောင်သော အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားခြင်းခံရ သော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS