HOT NEWS
Main menu
adv

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးနှင့် တွေ့ဆုံခြင်း

သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ချောက်မြို့ အနီးကိုဗဟိုပြုပြီး လှုပ်ရှားခဲ့သည့် ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိသော အင်အားပြင်းထန် သည့်မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။ ယင်းမြေငလျင်ပြီးနောက် နောက်ဆက်တွဲမြေငလျင်များလှုပ်လာနိုင်သည်ဟုလည်း ပညာရှင်အချို့က သတိပေးပြောကြား ထားသည်များလည်း ရှိရာ ကြိုတင်ပြင်ဆင်သတိပြုနိုင်ရန်ရည်ရွယ်ပြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာ ယဉ်မျိုး မင်းထွေး အား ယခုကဲ့သို့ဆက် သွယ်မေးမြန်းချက်ကို ဖော်ပြပေးလိုက်ပါသည်။

Read more...

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၏ပြောရေးဆိုခွင့်ရှိသူဦးစိုင်းလိတ်နှင့် တွေ့ဆုံခြင်း

သြဂုတ် ၃၁ ရက်တွင် နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုဖြင့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတော့မည်ဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံနှင့်ပတ်သက်ပြီး တိုင်းရင်းသားများ၏ သဘောထားများ၊ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နှင့် ပတ်သက် ပြီး မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မည့် အနေအထားများ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၏ ပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်နှင့် ရန်ကုန်တိုင်းမ်ဂျာနယ်မှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

Read more...

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း

ထောင်မုခ်ဝရောက်တော့အပြင်က  အရပ်ဝတ်နဲ့လူတွေက  ဒီနေ့ လူမှုရေးအရ  ခင်ဗျားအမေရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်ပြုတာပါတဲ့ . . .

L-လုဆိုင်း - တွေ့ဆုံမေးမြန်းသည်။

လာမယ့် သြဂုတ် ၈ ရက်ဟာ ရှစ်လေးလုံးလှုပ်ရှားမှုကြီးရဲ့ (၂၈)နှစ်မြောက်နေ့ ဖြစ်ပါတယ်။ နိုင်ငံအနှံ့မြို့ကြီးများမှာလည်း အဆိုပါအထိမ်းအမှတ်နေ့ဟောပြောပွဲများ၊ လှုပ်ရှားမှုများပြုလုပ်ဖို့ စိုင်းပြင်းနေကြပါတယ်။ ဒါကြောင့် ရှစ်လေးလုံး လှုပ်ရှားမှုကြီးမှာ ထဲထဲဝင်ဝင် ခေါင်းဆောင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားအများစုနဲ့ ဖွဲ့စည်းထားတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ယခုတွေ့ဆုံမေးမြန်းမှုမှာ ဝမ်းနည်းဖွယ်ပုံရိပ်တွေနဲ့အတူ ဝမ်းမြောက်ဖွယ် ရောင်ခြည်တွေကိုပါမြင်တွေ့ရပါလိမ့်မယ်။

Read more...

ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်နှင့် တွေ့ဆုံခြင်း

ဦးပူကျင့်ရှင်းထန်သည် ချင်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ် ကာချင်းပြည်နယ် တီးတိန်မဲဆန္ဒနယ်မှ ၁၉၉ဝ ရွေးကောက် ပွဲနှင့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူလည်းဖြစ်သည်။ အစိုးရသစ်သည် နိုင်ငံတာဝန်အရပ်ရပ်အား လွှဲပြောင်းယူခဲ့သည်မှာ ယခုဆိုလျှင် သုံး လ ကျော်လာခဲ့ပြီဖြစ်သည်။ ထိုသုံးလကျော်အတွင်း နိုင်ငံရေး တိုးတက်ပြောင်းလဲမှု၊ တပ်မတော်အ ပေါ် အမြင်သဘောထား၊ မကြာခင်ကျင်းပတော့မည့်၂၁ ရာစု ပင်လုံညီလာခံအပေါ် သဘောထား အမြင်များကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ ဦးပူကျင့်ရှင်းထန်အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

Read more...

ပြဋ္ဌာန်းထားတဲ့ဥပဒေတစ်ရပ်ဟာ တည်ငြိမ်စွာနဲ့ ရေရှည်မှာ လိုက်နာကျင့်သုံးလို့ရအောင်ခဏခဏ အပြောင်းအလဲ မလုပ်ပါနဲ့

**************************************************************

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ(၁) ဦးသန်းဦးနှင့် တွေ့ဆုံခြင်း

**************************************************************

လက်ရှိ အိမ်ခြံမြေဈေးကွက်အနေအထားကို ပြောပြပေးပါ။

အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ကတော့ အေးနေပါတယ်။ အငှားကတော့ ဝါဝင်ဝါထွက်ကာလဆိုတော့ တခြားကာလထက်စာရင် နည်းနည်းလေးရှိလာပါတယ်။ တိုက်ခန်း အသစ်ရှာတဲ့သူတို့၊ စာချုပ်ပြည့်လို့ ထပ်ချုပ်တဲ့သူတို့ အဲဒါလေးတွေတော့ ရှိပါတယ်။ အငှားက ရှိပင်ရှိငြားလည်း အရင်နှစ်တွေလောက် သိပ်ပြီး အုတ်အော် သောင်းတင်း တော့မရှိပါဘူး။ ခပ်အေးအေးလေးပါပဲ။ အေးတဲ့အပြင် ဈေးတောင်မှ နည်းနည်းလျော့သွားတာမျိုးပေါ့။ ငှားမယ့် သူရှာရင်းနဲ့ လျှော့ပြီးငှားကြတာရှိတယ်။ ဂိုဒေါင် အငှားတွေဆိုလည်း အရင်နှစ် တွေတုန်းက တော်တော်လေး အားကောင်းတယ်။ ဒီနှစ်မှာ အဲလောက်ကြီး အပြိုင်အဆိုင်သိပ်မရှိဘူး။ အရောင်းအဝယ်ပိုင်းမှာ မဖြစ်မနေ ဝယ်ဖို့၊ အလုပ်လုပ်ဖို့ဝယ်ကြတဲ့ အရောင်းအဝယ်တွေကတော့ရှိတယ်။ ဒေသနေရာအလိုက်၊ တန်ဖိုးအလိုက် သူတတ်နိုင်တဲ့ အင်အားနဲ့ သူ့အလွှာ လူတန်းစားအလိုက်ရှိတယ်။ တန်ဖိုးကတော့ သိန်းသုံးလေး ငါးရာကနေ သိန်းငါးထောင် အထိရှိတယ်။ ရံဖန်ရံခါ သိန်းသောင်း ဂဏန်းလေးတွေ အရောင်းအဝယ်ဖြစ်တယ်လို့လည်း ကြားရပါတယ်။ ကွန်ဒိုမီနီယံနဲ့ အထပ်မြင့်တိုက်ခန်းတွေကတော့ အေးနေပါတယ်။

Read more...
adv

adv

FacebookG+TwitterRSS