HOT NEWS
Main menu

ဘာကြောင့် လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွှတ်တာလဲ။ အားလုံး လိုလားတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို မလျှောက်တာလဲ

သမ္မတရုံး ဝန်ကြီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့်   တွေ့ဆုံမေးမြန်းခြင်း

ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်မှစပြီး AA, TNLA, MNDAA, KIA လက်နက်ကိုင်အဖွဲ့လေးဖွဲ့ ပူးပေါင်းပြီး ရှမ်းပြည်မြောက်ပိုင်း ပူးပေါင်း မဟာမိတ်အဖွဲ့ဟု ကြေညာပြီး တောထဲတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ စတင်ခဲ့သည်။ အဆိုပါတိုက်ပွဲများကြောင့် လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့သွားပြီး ကုန် စည်စီးဆင်းမှု ရပ်တန့်သွားခဲ့သည်။ တိုက်ပွဲများကြောင့် ပြည်သူ လူထုနှင့် ရဲဝန်ထမ်းများ ကျဆုံးခဲ့သည်။ ထို့အပြင် အဆိုပါတိုက်ပွဲများ ဖြစ်ပွားနေစဉ် အချိန်ကိုက် ရန်ကုန်မြို့တွင်း၌ အသေးစားဗုံးပေါက်ကွဲမှုများ ဆက် တိုက်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်မှ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ဆက်သွယ်မေးမြန်းထားပါသည်။

Read more...

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ Foreign Affairs Office of the People's Government of Yunnan Province မှ Director-General Mr.Wang Wei နှင့် တွေ့ဆုံမေးမြန်းခြင်း

နိုဝင်ဘာ ၂၀ ရက်မှစ၍ ယနေ့ထိ ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် စစ်ဘေးရှောင်ပြည်သူများကို ခိုလှုံခွင့်ပေးထားခြင်းနှင့် ထောက်ပံ့မှု ပေးထားခြင်းများအပေါ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ Foreign Affairs Office of the People's Government of Yunnan Province မှ Deputy Director-General Mr.Wang Wei နှင့် နိုဝင်ဘာ ၂၉ ရက် မွန်းတည့် ၁၂ နာရီတွင် ကူမင်းမြို့ World Trade Center ၌တွေ့ ဆုံစဉ် မြန်မာမီဒီယာအဖွဲ့မှ မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြ ပေးလိုက်ပါသည်။



မေး - နိုဝင်ဘာ ၂၀ ရက်ကစပြီး အခုအချိန်အထိဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် တရုတ် ဘက်ကိုစစ်ဘေးရှောင်အဖြစ်ဝင်လာတဲ့ မြန်မာဒုက္ခသည်ဘယ်လောက်ရှိပါပြီလဲ။
ဖြေ - စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း အခု အချိန်ထိဆို လူဦးရေ ၁၄၀၀၀ ကျော်ပါပြီ။

Read more...

"အစိုးရပိုင်းက ကိုယ့်ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ပုတ်ခတ် ၊ အသရေဖျက်တာကို ဘာကြောင့် အရေးမယူလဲ ဆိုတာကို အံ့အားသင့်တယ်" ကိုကိုကြီး

တောင်ဥက္ကလာပမြို့နယ်၌ ဗိုလ်ချုပ်ကြေးရုပ် ထားရှိ ရေးအတွက် တောင်ဥက္ကလာပ မြို့နယ်သူ မြို့နယ်သားများ၏ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနှင့် တောင်ဥက္ကလာပမြို့ နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင် ဦးဆောင်သည့်ကော်မတီဟု အဖွဲ့ နှစ်ဖွဲ့ ကွဲလွဲနေပါသည်။ ထိုအထဲမှ တောင်ဥက္ကလာပ မြို့နယ်သူ မြို့နယ်သားများ၏ ဗိုလ်ချုပ်အောင် ဆန်းကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ နာယကဖြစ်သူ ဦးကိုကိုကြီးနှင့် ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ကော်မတီတွင် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီး နာယကအဖွဲ့တွင် ပါဝင်ဖြစ်ပုံ၊ ဒေါက် တာ စောနိုင်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိချက်များကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားပါသည်။

Read more...

NCA လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဦးဆောင်ကျင်းပဖို့ ကိစ္စကိုတော့ အစိုးရဘက်က သဘောမတူပါဘူး

ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ထဲထဲဝင်ဝင်ပါဝင်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်နေသော ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD  တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်အား ဆက်သွယ်၍ ဖလားဝါးနယူးစ်ဂျာနယ်မှ ငြိမ်းချမ်းရေးဖြစ်စဉ်များကို တွေ့ဆုံမေးမြန်းထားပါသည်။

 

အခု UPDJC က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်ခင်ဗျာ။ ဘယ်ဒေသတွေမှာ အရင်ဆုံးကျင်းပသွားဖို့ရှိပါသလဲ ဘယ်လိုပုံစံမျိုးတွေနဲ့ ကျင်းပသွားမှာပါလဲ။

NCA လက်မှတ်ထိုးထားပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တည်ရှိရာဒေသများအနက် အဆင်သင့်ဖြစ်သည့်နေရာဒေသများတွင် ကျင်းပသွားရန်ဆိုတဲ့ UPDJC အစည်းအဝေး သဘောတူညီချက် ရှိတယ်။ ဒါပေမဲ့ UPDJC အတွင်းရေးမှူးကတစ်ဆင့် ဒုဥက္ကဋ္ဌသုံးဦးရဲ့ အတည်ပြုချက်ကိုတော့ ယူရပါမယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လူမျိုးအလိုက်၊ ဒေသအလိုက်နဲ့ အကြောင်းအရာအလိုက်ဆိုပြီး ပုံစံသုံးမျိုးနဲ့ ကျင်းပသွားဖို့ရှိပါတယ်။

Read more...

အသိဉာဏ်ရှိတဲ့သူတွေ တီထွင်တဲ့ အရာအားလုံးနီးပါးကို အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အရ အကာအကွယ်ပေးတယ်

Blue Ocean, Operation  Management မှ Executive Director  ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံခြင်း

 

မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် နှင့်ပတ်သက်ပြီး သိရှိမှု အလွန်နည်းပါးနေ သည်။ အချို့သောသူများအနေဖြင့်လည်း မူပိုင်ခွင့်ကို နားလည်သော်လည်း ယင်းတို့၏ လစဉ်ဝင်ငွေပေါ် အခြေခံကာ လေးစားလိုက် နာမှုမရှိဖြစ်နေသည်ကို တွေ့ရသည်။ အဆိုပါ အနေအထားများနှင့်ပတ်သက်ပြီး ရန်ကုန် တိုင်းမ်ဂျာနယ်မှ Blue Ocean, Operation  Management   မှ Executive Director  ဦးမင်းတေဇညွန့်တင်နှင့် ယခုလို တွေ့ဆုံ မေးမြန်းထားပါသည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS