Main menu
HOT NEWS
adv
ပအိုဝ်း လူငယ်များ အရည်အသွေးမြင့်မားလာစေရေး သင်တန်းပေး

ပအိုဝ်း လူငယ်များ အရည်အသွေးမြင့်မားလာစေရေး သင်တန်းပေး

သထုံ၊ ဧပြီ ၂၀ 

 

ပအိုဝ်းလူငယ်များ အရည်အသွေး မြင့်မားလာစေရေးအတွက်ရည်ရွယ်ကာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊နောင်ကုလားအလယ်ရွာတိုက်ကျောင်း၌ ခွန်တန်နွယ် ပအိုဝ်းလူငယ်ကွန်ယက်မှကြီးမှူး၍ ဧပြီ ၂၀ ရက်နေ့မှစတင်ကာ စွမ်းရည်မြင့်သင်တန်းဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။

 

 

ပအိုဝ်းလူငယ်များအနေဖြင့် ခေတ်နှင့်လျော်ညီသော အတတ်ပညာများတတ်မြောက်စေရန်၊ အတွေးအခေါ်မြင့်မားလာစေရန်၊ ပအိုဝ်းလူငယ်များစုပေါင်းအားဖြင့် မိမိဒေသအကျိုးဆောင်ရွက်နိုင်စေရန်၊ အမျိုးသားရေး၊ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန်ယက်ဥက္ကဌ ခွန်သက်မောင်မောင်ကပြောသည်။ “သင်တန်းကာလထဲမှာလည်း အားလုံးရဲ့နေထိုင်စားသောက်မှုကို တာဝန်ယူဆောင်ရွက်ပေးသွားမယ်။ သင်ပေးမယ့်ဘာသာရပ်(၆)ခုကိုလည်း ကဏ္ဍအလိုက် တတ်မြောက်အောင်သင်ပေးသွားမှာပါ။ ခုသင်တန်းမှာလည်း မတူတဲ့ဒေသက ပအိုဝ်းတိုင်းရင်း သားလူငယ်တွေပါတဲ့အတွက် တစ်ချိန်ကျရင် နိုင်ငံရေး၊ လူမှုရေး၊ အမျိုးသားရေးကိစ္စတွေကို ပူးပေါင်းဆောင် ရွက်သွားနိုင်ဖို့ပါ။”ဟု ခွန်သက်မောင်မောင်ကပြောသည်။

 

သင်တန်းမှ သင်ကြားပေးလိုက်သောပညာရပ်များအား တတ်မြောက်နားလည်သွားပါက လုပ်ငန်းခွင် ဝင်ရောက်ရာတွင် အထိုက်အလျောက်အကျိုးရှိမည်ဖြစ်သည့်အပြင် ပအိုဝ်းလူငယ်များအကြား လက်ဆင့်ကမ်းပေးခြင်းဖြင့် ပအိုဝ်းတိုင်းရင်းသားများ အသိပညာတိုးပွားရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းခွန်သက်မောင်မောင်က ဆက်လက် ပြောသည်။ သင်တန်းကာလအား ဧပြီ ၂၀ ရက်မှ မေ ၂၀ ရက်အထိ တစ်လတာဖွင့်လှစ်ပေးသွားမည်ဖြစ်သည့်အပြင် သင်တန်းတွင် ပအိုဝ်းစာပေ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပြည်သူနီတိ၊ လူထုသတင်းစာပညာ၊ ခေါင်းဆောင်မှုဆိုင်ရာ ဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

“ကျွန်တော်ကတော့ ကျောင်းတက်နေတုန်းပါ။ အခုလိုပညာရပ်တွေကို အခမဲ့သင်ကြားခွင့်ရမယ့်အပြင် တခြား ပြည်နယ်တွေက ကိုယ့်တိုင်းရင်းသားလူငယ်တွေနဲ့အတူ သင်တန်းတက်ရလို့ အကျိုးအများကြီးရှိမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်အမျိုးသားရေးတိုးတက်ဖို့အတွက်ဆိုရင်ကိုယ့်တိုင်းရင်းသားလူငယ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ အားတွေအများကြီးလိုပါတယ်။ ဒါ့အပြင် ခေတ်နှင့်ညီတဲ့ပညာရပ်တွေကိုလည်း တတ်ထားသင့်တယ်။”ဟု ဒေသခံပအိုဝ်းလူငယ်ဖြစ်သူ ခွန်မြတ်ထွေးက ပြောသည်။ အဆိုပါသင်တန်း၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးမှ ပအိုဝ်းလူငယ် (၁၅၀)ဦးခန့် တက်ရောက်သင်ကြားနေကြောင်းသိရသည်။

အောင်မြင့်ထွန်း (မြစ်မခ) 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191