Main menu
HOT NEWS
adv
တစ်ပတ်အတွင်း သင့်ကံကြမ္မာ(၂ဝ၁၇ ခုနှစ်၊ ဇွန်လ (၁၈) ရက်မှ (၂၄) ရက်အထိ)

တစ်ပတ်အတွင်း သင့်ကံကြမ္မာ(၂ဝ၁၇ ခုနှစ်၊ ဇွန်လ (၁၈) ရက်မှ (၂၄) ရက်အထိ)

တနင်္ဂနွေသားသမီးများ

          ဤရက်များအတွင်း၌ ထီပေါက်၊ မဲပေါက်၊ ရာထူးတိုးသလို အောင်မြင်မှု ကြီးများ ရရှိတတ်ပါသည်။ ငွေကြေးကိစ္စ၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ကြက်၊ ငါး၊ ကြံ၊ ကွမ်း၊ အလှူပွဲ၊ မင်္ဂလာပွဲ စီစဉ်ခြင်းကိစ္စများ အထူးကောင်းပါသည်။ အိမ်ကိစ္စ၊ အဖွဲ့အစည်းကိစ္စ၊ မိသားစုရေးကိစ္စ၊ အဆောက်အအုံကိစ္စများတွင် စိတ် ရှုပ်ရတတ်ပါသည်။ အာရုံကြော၊ လေ၊ ဝမ်း ကျန်းမာရေး ဂရုစိုက်ပါ။ ၂ အစ၊ ၇ အစ ထီကိုထိုးပါ။

ကံအထောက်အပံ့ကောင်းရရှိရန် - ဂုဏ်တော် ၉ ပါး၊ ၉ ခေါက်ရွတ်ဆိုပါ။ ငွေ ၂ ဂဏန်း လှူဒါန်းပါလေ။

တနင်္လာသားသမီးများ

          ဤရက်များအတွင်း၌ စိတ်ရှုပ်ထွေးစရာများ၊ မတင်မကျ မရေမရာများ ကြုံရတတ်ပါသည်။ နိုင်ငံခြားကိစ္စ၊ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ် သတ္တု၊ နှမ်း၊ နွား ကိစ္စများ အထူးကောင်းပါသည်။ အသီးအနှံ၊ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်ကိစ္စများတွင် စိတ်ရှုပ်ရတတ်ပါသည်။ အကြောအဆစ်၊ အစာမှား၊ ဆေးမှား၊ သွား ကျန်းမာရေး ဂရုစိုက်ပါ။ ၇ အစ၊ ၈ အစ ထီကိုထိုးပါ။

ကံအထောက်အပံ့ကောင်းရရှိရန် - ဗုဒ္ဓေါဂုဏ်တော် သက်စေ့ ရွတ်ဖတ်ပါ။ ဘုရား စနေထောင့်မှာ ထီးဖြူ ၁၂ လက် လှူဒါန်းပါလေ။

အင်္ဂါသားသမီးများ

          ဤရက်များအတွင်း၌ ရန်အန္တရာယ်များတတ်၊ ကျန်းမာရေး ချူချာတတ် ပါသည်။ အိမ်၊ အဆောက်အအုံကိစ္စ၊ အလုပ်နေရာ၊ အိမ်နေရာကိစ္စ၊ ကြီးကဲသူ များထံ အကူအညီတောင်းခံသော ကိစ္စများ အထူးကောင်းပါသည်။ အထည်၊ ထီး၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်သတ္တု၊ နှမ်း၊ နွား၊ နိုင်ငံခြား၊ လူမျိုး ခြားကိစ္စများတွင် စိတ်ရှုပ်ရတတ်ပါသည်။ နား၊ နှလုံး၊ ဒူး ကျန်းမာရေး ဂရုစိုက်ပါ။ ၁ အစ၊ ၄ အစ ထီကိုထိုးပါ။

ကံအထောက်အပံ့ကောင်းရရှိရန် - အရဟံသိဒ္ဓိ သက်စေ့ရွတ်ဖတ်ပါ။ မီးအလင်း ရောင်နှင့်ပတ်သက်သော ကုသိုလ်ကောင်းမှု ပြုလုပ်ပါလေ။

ဗုဒ္ဓဟူးသားသမီးများ

          ဤရက်များအတွင်း၌ ငွေနှင့် ပစ္စည်းများ အလေအလွင့် အဆုံးအရှုံး များနေတတ်ပါသည်။ ဆိုင်ကိစ္စ၊ အိမ်၊ အဆောက်အအုံကိစ္စ၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှု၊ စားသောက်ကုန်၊ စာအုပ်စာတမ်း၊ စပ်တူ၊ စာချုပ်ကိစ္စများ အထူးကောင်း ပါသည်။ ငွေကြေးကိစ္စ၊ ကားကိစ္စ၊ ကျောက်ကိစ္စ၊ ပွဲလမ်းသဘင် ကိစ္စများတွင် စိတ် ရှုပ်ရတတ်ပါသည်။ ခါး၊ ဗိုက်၊ ခြေထောက်ပိုင်း ဂရုစိုက်ပါ။ ၃ အစ၊ ၉ အစ ထီကို ထိုးပါ။

ကံအထောက်အပံ့ကောင်းရရှိရန် - အရဟံဂုဏ်တော် သက်စေ့ရွတ်ဖတ်ပါ။ ညောင်ပင် မှာ သန့်ရှင်းရေးကုသိုလ် ပြုလုပ်ပါလေ။

ကြာသပတေးသားသမီးများ

          ဤရက်များအတွင်း၌ အခွင့်အရေးဟောင်း၊ ပြဿနာဟောင်းများ ပြန် ပေါ်တတ်ပါသည်။ ရွှေ၊ ရတနာ၊ လက်ဝတ်လက်စားကိစ္စ၊ သားသမီး အောက်လက် ငယ်သားကိစ္စ၊ ဝက်၊ ဝါး၊ လှေ၊ လှည်း စသောကိစ္စများ အထူးကောင်းပါသည်။ စပ်တူကိစ္စ၊ စာချုပ်စာတမ်းကိစ္စ၊ စာရင်းဇယားကိစ္စ၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စား သောက်ကုန်ကိစ္စများတွင် စိတ်ရှုပ်ရတတ်ပါသည်။ ဆီး၊ မျက်စိ၊ အစာအိမ် ကျန်းမာ ရေးဂရုစိုက်ပါ။ ၄ အစ၊ ၁ အစ ထီကိုထိုးပါ။

ကံအထောက်အပံ့ကောင်းရရှိရန် - လောကဝိဒူဂုဏ်တော် သက်စေ့ရွတ်ဖတ်ပါ။ ကလေးငယ်များကို ခေါက်ဆွဲကြော်ဒါန လုပ်ပါလေ။

သောကြာသားသမီးများ

          ဤရက်များအတွင်း၌ ဘာသာရေးအဓိဋ္ဌာန် ပြုလုပ်ခြင်းဖြင့် အောင်မြင် မှုကြီးများ ရရှိတတ်ပါသည်။ ပညာရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ မြေကိစ္စ၊ အမွေ ကိစ္စ၊ ဖုန်းကိစ္စ၊ ပညာရပ်ဆိုင်ရာ ကိစ္စများ အထူးကောင်းပါသည်။ ရွှေ၊ ရတနာ၊ လက်ဝတ်လက်စားကိစ္စ၊ သားသမီး၊ အောက်လက်ငယ်သားကိစ္စ၊ ဝက်၊ ဝါး၊ လှေ၊ လှည်းကိစ္စများတွင် စိတ်ရှုပ်ရတတ်ပါသည်။ လေ၊ နှလုံး၊ ဒူး၊ နား ကျန်းမာရေး ဂရုစိုက်ပါ။ ၅ အစ၊ ၉ အစ ထီကိုထိုးပါ။

ကံအထောက်အပံ့ကောင်းရရှိစေရန် - ဘဂဝါဂုဏ်တော် သက်စေ့ရွတ်ဖတ်ပါ။ ဆေးဝါးနှင့် ပတ်သက်သော ကုသိုလ်ဒါန ပြုလုပ်ပါလေ။

စနေသားသမီးများ

          ဤရက်များအတွင်း၌ ဘာမဆို အပြိုင်အဆိုင်များ ကြုံပြီးမှ အောင်မြင် တတ်ပါသည်။ ခရီးသွားလာခြင်း၊ သယ်ယူပို့ဆောင်ရေး၊ အဝေးပြည်ပနှင့် ပတ် သက်သောကိစ္စများ အထူးကောင်းပါသည်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဘာသာရေးကိစ္စ၊ ပညာရေးကိစ္စများတွင် စိတ်ရှုပ်ရတတ်ပါသည်။ ဝမ်းဗိုက်၊ အဆစ်အမျက် ကျန်းမာ ရေး ဂရုစိုက်ပါ။ ၆ အစ၊ ၃ အစ ထီကိုထိုးပါ။

ကံအထောက်အပံ့ကောင်းရရှိရန် - သမ္ဗုဒ္ဓေဂါထာတော် သက်စေ့ရွတ်ဖတ်ပါ။ ရေနှင့်ပတ်သက်သော ကုသိုလ်ကောင်းမှု ပြုလုပ်ပါလေ။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191