Main menu
HOT NEWS
adv
မြို့မငြိမ်းမိသားစုမှထုတ်ပြန်ထား သောကြေညာချက်ကို မလိုက်နာပါက ဥပဒေအတိုင်းအရေးယူသွားမည်ဟု မြေးဖြစ်သူ ကိုပါရမီရွှန်းပြော

မြို့မငြိမ်းမိသားစုမှထုတ်ပြန်ထား သောကြေညာချက်ကို မလိုက်နာပါက ဥပဒေအတိုင်းအရေးယူသွားမည်ဟု မြေးဖြစ်သူ ကိုပါရမီရွှန်းပြော

မန္တလေး၊ စက်တင်ဘာ ၂၀- ဆရာမြို့မငြိမ်း၏တေးသီချင်း၊ စာသား၊ သံစဉ်များအား စက်တင် ဘာ ၅ ရက်နှင့် ၂၀ ရက်တို့မှ စတင်၍ လက်ရှိမြို့မတူရိယာ အသင်း၏ နာယကများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး အသုံးမပြုရန် တားမြစ်ကြေညာ ထားသော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်လုပ်ဆောင်မည်ဆိုပါ က ဥပဒေအတိုင်းသာလုပ်ဆောင် သွားမည်ဖြစ်ကြောင်း စက်တင် ဘာ ၂၀ ရက်တွင် မြို့မငြိမ်း၏မြေး ဖြစ်သူကိုပါရမီရွှန်းက ပြောသည်။

""အခုကြေညာချက်က လက် ရှိနာယကအဖွဲ့တွေမရှိတော့တဲ့ နောက်ပိုင်း တခြားသူတွေ ဒီထက် ပိုကောင်းပြီး လမ်းကြောင်းမှန်ပေါ် ရောက်လာနိုင်တယ်။ ပညာရေး ကိုလည်း ဦးစားပေးလာတယ်။ မြို့မအသင်းရဲ့လုပ်မှုကိုင်မှုတွေ၊ အုပ်ချုပ်ရေးတွေက နည်းမှန်လမ်း မှန်ပေါ်ရောက်နေပြီ။ ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင် မြို့မငြိမ်းမိသားစု ကပြန်ပြီးတော့ ခွင့်ပြုပေးမယ်ဆို တဲ့သဘောပါ။ အခုချိန်မှာတော့ လက်ရှိဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့၊ နာယကအဖွဲ့ရှိနေတဲ့ကာလတစ် လျှောက်မှာ ယာယီပိတ်သိမ်းတဲ့ သဘောပဲ။ သူတို့အနေနဲ့ ကျွန် တော်တို့တားမြစ်ထားတာကိုလုပ် ဆောင်ရင် ဥပဒေအရအရေးယူ မယ်။ သူတို့အနေနဲ့ဥပဒေအတိုင်း ရင်ဆိုင်ဖို့ပဲရှိမယ်""ဟု မြို့မငြိမ်း၏ မြေးဖြစ်သူ ကိုပါရမီရွှန်းကပြော သည်။

မြို့မငြိမ်းမိသားစုအနေဖြင့် စက်တင်ဘာ ၅ ရက်က ဆရာမြို့မ ငြိမ်း၏တေးသီချင်း၊ စာသား၊ သံစဉ် များအား လက်ရှိမြို့မတူရိယာ အသင်း၏နာယကများနှင့် အလုပ် အမှုဆောင်အဖွဲ့ဝင်များအားလုံး အသုံးမပြုရန်ကြေညာထားခဲ့ပြီး နောက် ယခုတစ်ဖန် စက်တင်ဘာ ၂၀ ရက်တွင် မန္တလေးမြို့မိ၊ မြို့ဖ များနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူချစ် သော မြို့မငြိမ်းချစ်သူများ၊ ဂီတ ချစ်သူများသို့ ပန်ကြားချက်ထုတ် ပြန်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါပန်ကြားချက်တွင် အချက်ပေါင်းရှစ်ချက်ပါဝင်ပြီး မြို့မ၏အစဉ်အလာကြီးမားသော ဂီတလမ်းကြောင်းနှင့် မြို့မ၏အနာ ဂတ်ရည်ရွယ်ချက်များနှင့်ကိုက်ညီ စွာစပ်ဆိုခဲ့သည့် အလင်္ကာကျော် စွာမြို့မငြိမ်း၏သီချင်း၊ ဂီတ၊ တေး သွားများကို လက်ရှိအမှုဆောင် အဖွဲ့နှင့် နာယကအဖွဲ့ရှိနေသည့် ကာလအတွင်း မြို့မတူရိယာ အသင်းက သီဆိုတီးမှုတ်ခြင်းမပြု ရန်ကြေညာခဲ့သော်လည်း တရား ဝင်တားမြစ်သည့်ကြားမှ ကျုးလွန် ရန်ကြိုးပမ်းခဲ့ပါက မိသားစုမှ ဥပဒေအရအရေးယူဆာင်ရွက် မှုများသည် မြို့မအသင်း၏အနာ ဂတ်တိုးတက်ရေးနှင့် ရေရှည်တည် တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက် ရခြင်းသာဖြစ်သည်ဟု ထပ်မံပန်ကြား အပ်သည်ဟု ဖော်ပြထားသည်။

""မြို့မငြိမ်းသီချင်းတွေကိုတီး ပိုင်ခွင့်ရှိတယ်ဆိုတာ သတင်းစာ ကကြေညာထားပြီးဖြစ်တယ်။ လက် ရှိအမှုဆောင်အဖွဲ့ကလည်း အသင်း သားတွေအားလုံးရှေ့မှာ ဖျက် သိမ်းပြီးမှ လျှို့ဝှက်မဲစနစ်နဲ့ရွေး ချယ်ခဲ့တာဖြစ်တယ်။ စနစ်တကျ ရွေးချယ်ခဲ့တယ်။ ခုလည်း စည်း စည်းလုံးလုံးနဲ့ သီချင်းတွေတိုက် နေပြီ။ ပုံမှန်အတိုင်းဖျော်ဖြေသွား မယ်။ မြို့မငြိမ်းတေးသီချင်းကို မြို့မ အဖွဲ့က သီဆိုလို့ရတယ်။ တီးပိုင် ခွင့်ရှိတယ်။ အဲဒါမတီးဘဲ အခြား တေးသီချင်းတွေလည်း ထောင်ချီ ရှိနေတယ်။ ဧည့်သည်ကတောင်း ဆိုမယ်ဆိုရင်တီးမယ်""ဟု မြို့မတူ ရိယာအသင်းမှ ပြန်ကြားရေးတာ ဝန်ခံတစ်ဦးကပြောသည်။

မြို့မစာလုံးလိုဂိုတံဆိပ်နှင့် ပတ်သက်၍လည်း မြို့မအဖွဲ့မှ မှတ်ပုံတင်ရန်ဆောင်ရွက်နေပြီး ပုံ မှန်သီချင်းတိုက်ခြင်းနှင့် အရှိန် မပျက်လုပ်ဆောင်နေကြောင်း၊ သီ တင်းကျွတ်လဆန်း ၁၄ ရက်မှ တန်ဆောင်မုန်းလအထိ ပွဲငှားထား သည့်ပွဲချီပေါင်း ၃၀ ရှိနေကြောင်း ၎င်းင်းကဆက်လက်ပြောကြားသည်။

""ဦးရွှန်းမြိုင်ကိုတာဝန်ကနေ ရပ်စဲတုန်းက ကျွန်တော်တို့အသင်း သားတွေအားလုံးမသိခဲ့ကြဘူး။ သတင်းစာ၊ ဂျာနယ်တွေမှာပါရှိလို့ သာသိခဲ့ရတယ်။ အသင်းသားတွေ အားလုံးက ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော် ဝင်းကိုမကျေနပ်ကြဘူး။ သူကနေ တစ်ဆင့် အသင်းသားစုံညီအစည်း အဝေးနဲ့ ဦးရွှန်းမြိုင်ကိုထုတ်ပယ် တယ်ဆိုပြီး သတင်းမီဒီယာကိုပြော ကြားထားတာရှိတယ်။ ဒါကိုမကျေ နပ်ကြတာ။ အဲဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မလို့ပဲ။ ဒါပေမဲ့ အသင်းရဲ့မျက်နှာကိုကြည့် ပြီး မလုပ်ဖြစ်ခဲ့ဘူး။ အခုထိတော့ မကျေနပ်ကြတာတော့အမှန်ပဲ""ဟု အသင်းသားတစ်ဦးဖြစ်သူ လေမှုတ် ဦးစိန်မြင့်က ပြောကြားသည်။

MTK
#Democracytoday

Rate this item
(3 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191